By သိမ့်သိမ့်စိုး, Shweproperty.com
Updated at 4 September 2012
မူဆယ်မြို့အနီး ဧက ၅ဝ,ဝဝဝကျော် အကျယ်အဝန်းရှိသော မြို့တော်သစ်စီမံကိန်းသစ်တစ်ခု တည်ဆောက်ရန် လျာထားကြောင်း မြို့တော်သစ် စီမံကိန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ရန် စီစဉ်နေသော စီဘီဘဏ် ဥက္က္ကဌ ဦးခင်မောင်အေးကပြောသည်။ အဆိုပါ မြို့တော်သစ်ကိုဒေသခံဖြစ်သော မူဆယ်မြို့ခံများ နှင့် ပူးပေါင်းဆောင်ရွက်ရန် ညှို နှိုင်းပြီး ဒေသခံများကို အစုရှယ် ယာများ ခေါ်ယူသွားမည်ဖြစ် ကြောင်း ဦးခင်မောင်အေးက ဆက်လက်ပြောကြားသည်။ ''ဒီစီမံကိန်း လုပ်ဖြစ်ရင် မူဆယ်ဒေသဖွံ့ဖြိုးတိုးတက်ပြီး တရုတ်နိုင်ငံဘက်ကိုသွားပြီး အ လုပ်နေရတဲ့သူတွေလည်း ကိုယ့် ဒေသကို ပြန်လာပြီး အလုပ်လုပ် နိုင်အောင် လုပ်ဆာင်သွားမှာပါ'' ဟု ၄င်းက ဆိုသည်။ သို့သော် ထိုမူဆယ်စီမံကိန်း နှင့် ပတ်သက်၍ လတ်တလော တစ်စုံတရာလုပ်ဆောင်ထားခြင်း မရှိသေးဘဲ စီမံထားသည့်အနေ အထားတွင်သာ ရှိနေသေး ကြောင်းသိရသည်။
မြို့တော်သစ် စီမံကိန်းနှင့်ပတ်သက်၍ အစုရှယ်ယာ တစ်စု လျှင်ကျပ်တစ်ေ သာင်း ဖြင့်ခေါ်ယူ မည်ဖြစ်သည်။ လက်ရှိတွင်လည်း မန္တလေးမြို့အနီး တွင် ဧက ၂၃,ဝဝဝ ကျော် ကျယ်ဝန်းသော မြို့တော် သစ်တည်ဆောက်မည့် စီမံကိန်း နှင့်ပတ်သက်၍ အစုရှယ်ယာအဆိုပြုလွာများ ခေါ်ယူနေသည်။ ယင်းအဆိုပြုလွှာများတွင် အစုရှယ်ယာယာအများဆုံးတင်သွင်းထား သူမှာ ကျပ်၁ဝ ဘီလီယံ ထိ ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။ မန္တလေးမြို့တော်သစ် စီမံ ကိန်းမှာလည်း တရားဝင်လုပ်ပိုင် ခွင့်ရရှိခြင်းမရှိသေးဘဲ သက်ဆိုင် ရာက လေလံတင်ရောင်းချသည့် အချိန်မှသာ ယင်း စီမံကိန်းအတွက် နေရာရရှိရန် လေလံဝင်ဆွဲရမည် ဖြစ်သည်။ အဆိုပါ မန္တလေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာနှစ် ဘီလီယံအထိ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ လက်ရှိတွင် ထိုစီမံကိန်းအတွက် မန္တလေး ဘက် အစုရှယ်ယာ အဆို ပြုလွာ တင်ထားသူ ပေါင်း ၉,ဝဝဝ ကျော် ရှိနေပြီဖြစ်ကြောင်း ဦးခင်မောင် အေးက ပြောသည်။ အစုရှယ်ယာ ဝင်သူများ သော်လည်း အများစုမှာ လက်ငင်းငွေပေးချေရန် မလိုသေးဘဲအဆိုပြုလွှာတင်ရခြင်းသာဖြစ်၍ တင် ထားသည့်တိုင် အများစုမှာ စီမံကိန်း အကောင်အထည်မဖော် သော အနေအထား ရောက်သွား နိုင်သည်ဟု ခန့်မှန်းနေကြောင်း မန္တလေးရှိ အိမ်ခြံမြေ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ''မန္တလေးက လုပ်ငန်းရှင် တွေ စိုးရိမ်တာက အခုလုပ်ပိုင်ခွင့် မကျသေးတော့ ရင်းနှီးမြှုပ်နှံဖို့ စိုးရိမ် ကြတ့ဲသဘောပေါ'့ ' ဟုအထက် ပါပုဂ္ဂိုလ်က ပြောသည်။
စိုးရိမ်မှုများ ဖြစ်နေသည်ဟု ဆိုသော်လည်း အဆိုပါအိမ်ရာ သစ်စီမံကိန်း ပြုလုပ်မည်ဟူသော သတင်းကြောင့် တံတားဦးအနီးရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ကျပ် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းထိ မြင့်တက်လာကြောင်းသိရသည်။ Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties