By 7daydaily, Shweproperty.com
Updated at 25 April 2017
အပေါင်ပစ္စည်းမလိုဘဲ ဘဏ်များက ငွေချေးနိုင်မည့် စနစ် အတွက် ချေးငွေသတင်း အချက် အလက်ဌာန ထူထောင်နိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က မတ် ၃၁ ရက်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
ချေးငွေသတင်းအချက်အ လက်ဌာန တည်ထောင်လိုသူ သည် ကနဦးမတည်ရင်းနှီးငွေ အ နည်းဆုံးကျပ် သုံးဘီလီယံ ထည့် ဝင်ရမည်ဟု အမိန့်ကြော်ငြာစာ တွင်ဖော်ပြထားပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များသာမ က ပြည်ပလုပ်ငန်းရှင်များပါ ခွင့်ပြု နိုင်ရန် စီစဉ်ထားသည်ကို ဖော်ပြ ခဲ့သည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ငွေကြေးအ ရင်းအနှီးကို ဘဏ်များက ရယူနိုင် ရန် ငွေချေးလိုသူ၏ သမိုင်း ကြောင်းကို သက်ဆိုင်ရာဘဏ် များက သိရှိထားရန် လိုအပ်ပြီးငွေ ချေးလိုသူ၏ ချေးငွေပြန်လည်ပေး ဆပ်မှု နောက်ခံအခြေအနေကို သက်ဆိုင်ရာ ဘဏ်များက သ တင်း အချက်အလက် ရရှိမှသာ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင် မည်ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ ကျွမ်းကျင်ပညာရှင် အ ချို့က ပြောသည်။
‘‘ဒီနိုင်ငံမှာက ကိုယ့်ဘဏ်ရဲ့ ဖောက်သည်တွေအကြောင်း ကို သိဖို့တောင် အတော်ကြိုးစားနေရ တယ်။ ကြားခံသတင်း၊ အချက်အ လက်ဌာနမရှိဘဲနဲ့ ဆိုရင် ဘဏ် တွေက အပေါင်ပစ္စည်း မပါဘဲ ငွေ ချေးဖို့က အရမ်းခက်ခဲပါတယ်’’ ဟု ကမ္ဘောဇဘဏ် အကြီးတန်းအ ကြံပေး ပုဂ္ဂိုလ် ဦးသန်းလွင်က ပြောသည်။ ချေးငွေသတင်းအချက်အ လက် ကောက်ယူစုဆောင်းရာ တွင် ချေးငွေရယူလိုသူ၏ ကြွေးမြီ တင်ရှိနေမှု၊ ငွေရေးကြေးရေးခိုင် မာတောင့်တင်းမှုနှင့် ချေးငွေဆုံး ရှုံးနိုင်မှု အခြေအနေကို စိစစ်အကဲ ဖြတ်ရန်တို့ကို ရည်ရွယ်ကြောင်း ဖော်ပြသည်။
ချေးငွေသတင်းအချက်အ လက်ဌာန ထူထောင်ခြင်းကို အစိုးရက ဦးဆောင်လုပ်ကိုင်သင့် သည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင် သူများက အကြံပြုသည်။
Ref : 7daydaily
Photo Credit : Mizzima
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties