By 7daydaily, Shweproperty.com
Updated at 17 November 2015
ရွေးကောက်ပွဲကာလ တွင် ဗဟိုဘဏ်က တရားဝင်သတ် မှတ်သော ငွေလဲနှုန်းဆက်လက် မြင့်တက်နေခြင်းသည် နိုင်ငံခြား အရန်ငွေလျော့နည်းလာခြင်း ကြောင့် ဖြစ်ကြောင်း ဘဏ်လုပ် ငန်းနှင့် ဆက်စပ်နေသော စီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ် သည်။
နိုင်ငံခြားအရန်ငွေနည်းလာ သောကြောင့် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေများကို ပုဂ္ဂလိက ဘဏ်များသို့ လေလံဈေးကွက် ဖြင့် ရောင်းချနေမှုနှင့် စက်သုံးဆီ ၊ စားအုန်းဆီ ပုဂ္ဂလိကလုပ်ငန်းရှင် များအား ရောင်းချနေမှုကို ထိန်းချုပ်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က အကြံပြုထားသည်။
ဇွန် ၁၈ ရက်မှစတင်၍ ပြည် တွင်းစက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းသော လုပ်ငန်းရှင်များ ကို ဗဟိုဘဏ်က လေးလခန့်အ တွင်း အမေရိကန်ဒေါ်လာ ရောင်း ချမှု ကန်ဒေါ်လာသန်း ၅၀၀ ရှိ ကြောင်း သိရသည်။
နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့၏ ဇူလိုင် ၁ ရက် သတင်း ထုတ်ပြန်ချက်တွင် နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုသည် မျှော်လင့်ထားသည်ထက် လျော့နည်းနေသ ဖြင့် ဗဟိုဘဏ်၌ နိုင်ငံခြားအရန်ငွေပမာဏမှ သွင်းကုန်တန်ဖိုး၏ သုံးလအတွက် (ဒေါ်လာလေးဘီ လီယံခန့်)သာရှိသည်ကို ဖော်ပြ ထားသည်။
‘‘နည်းနည်းပဲ ရောင်းပေးတာက ဈေးဆွဲတင်ချင်လို့ မဟုတ်ဘူး။ဒေါ်လာအရောင်းနည်းလို့ ထိန်း ရောင်းတဲ့ သဘောပဲ’’ဟု ပြည် တွင်းမှ ဘဏ်လုပ်ငန်းကျွမ်းကျင် သူတစ်ဦးက ၎င်း၏အမြင်ကို ပြော သည်။
ဗဟိုဘဏ်က တရားဝင်သတ်မှတ်သောနှုန်းထားသည် နိုဝင်ဘာ ၁ ရက်မှစတင်မြင့်တက်လာပြီး ကျဆင်းမှုမရှိသည်ကို တွေ့ရသည်။ နိုဝင်ဘာ ၁ ရက်တွင် ဗဟိုဘဏ်က သတ်မှတ်သော တရားဝင်ငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၂၇၇ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁၆ တွင် တစ်ဒေါ်လာလျှင် ၁,၂၈၈ ကျပ်သို့ မြင့်တက်သွားသည်။
ဗဟိုဘဏ်က တရားဝင်သတ်မှတ်နှုန်းဆက်တိုက်မြင့်တက်နေသော်လည်း ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းသည် နိုဝင်ဘာ ၁၆ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၈၄ ကျပ်ခန့်သာ ဈေးရှိကြောင်း ရွှေဘုံသာလမ်းရှိ ပြင်ပငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထို့အပြင် ဗဟိုဘဏ်က တရားဝင်သတ်မှတ်နှုန်းမြင့်မားနေသဖြင့် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ အဝယ်များလာနိုင်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာ အဝယ်နည်းသည့် အတွက် ငွေလဲနှုန်းကို ဆွဲတင်၍ မရနိုင်ကြောင်း ပြင်ပငွေလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။ မြန်မာနိုင်ငံတွင် မိုးတွင်းကာလရပ်နားထားသော သတ္တုတူးဖော်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်း၊ စပါးကဲ့သို့ သီးနှံများထွက်ပေါ်ချိန် ဖြစ်ခြင်းတို့ကြောင့် မြန်မာကျပ်ငွေများ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ် ငန်းရှင်များသည် မိုးရာသီကာလ တွင် လုပ်ငန်းအများစုရပ်ထားရ သဖြင့် ဒေါ်လာ၊ ရွှေစသည်တို့ကို ဝယ်ယူပြီး ဈေးကစားမှုများ ပုံမှန် ပြုလုပ်လေ့ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties