By 7daydaily, Shweproperty.com
Updated at 26 July 2016
ဒုတိယအကြိမ်စစ်ဆေး မှုပြုလုပ်ခဲ့သည့် ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံ ၂၇ လုံးနှင့် ပတ်သက်၍ ရက်ပိုင်းအ တွင်း အဖြေသိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တွင် ဆောက် လုပ်နေသည့် အဆောက်အအုံ များကို မြို့ပြအင်္ဂါရပ်နှင့်ညီညွတ် မှုရှိ၊ မရှိ စစ်ဆေးနေရာ ပထမ အကြိမ်တွင် အဆောက်အအုံ ၆၄ လုံးအား စစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်သည့်အဆောက်အအုံ ၁၂ လုံးကို ညွှန်ကြားခဲ့ပြီး နောက်ထပ် အဆောက်အအုံများ ဆက်လက် စစ်ဆေးနေခြင်း ဖြစ်သည်။ ‘‘ကျွန်တော်တို့ကော်မတီက နောက်တစ်ကြိမ်တင်လိုက်တဲ့အ ဆောက်အအုံ ၂၇ လုံးနဲ့ပတ်သက် လို့ ပြီးခဲ့တဲ့တစ်ပတ်က တိုင်းဒေသ ကြီးအစည်းအဝေးမှာ ဆုံးဖြတ်ပြီး သွားပါပြီ။ ဘယ်လိုဆုံးဖြတ်လဲဆို တာ စည်ပင်က ညွှန်ကြားချက် ထွက်လာမှ သိရမယ်။ ကျွန်တော် တို့တောင် မသိရဘူး။ စည်ပင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ် ဦးချင်းစီကို ရက်ပိုင်းအတွင်း ညွှန် ကြားလိမ့်မယ်’’ ဟု ရန်ကုန်မြို့ တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှု စိစစ်ရေးကော်မတီ ကော်မတီဝင် ဦးရဲမင်းဦးက ပြောသည်။ ထပ်မံစစ်ဆေးပြီးသော အ ထပ်မြင့်အဆောက်အအုံစီမံကိန်း အများစုသည် လုပ်ငန်းမစတင်ရ သေးသဖြင့် ပြင်ဆင်မှုပြုလုပ်ရာ တွင် ပထမအကြိမ်ကဲ့သို့ ကုန်ကျ မှုမများနိုင်တော့ကြောင်း ဦးရဲမင်း ဦးက ပြောသည်။ ‘‘ဒီတစ်ပတ်ထဲမှာ အလုံး ၅၀ကို ဆုံးဖြတ်သွားမယ်လို့ ကြားနေ တယ်။ အခုထိတော့ ဒုတိယအ သုတ်ဘယ်သူတွေထပ်ပြီး အရေး ယူခံ၊ ညွှန်ကြားခံရတယ်လို့တော့ မကြားဘူး’’ဟု MKT ဆောက်လုပ် ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မ တီသည် ယခင်အစိုးရလက်ထက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ခွင့်ပြု ခဲ့သော ၁၃ ထပ်နှင့် အထက်အ ထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးကို ပြန်လည်စစ်ဆေးရန် မေလ ၂၀ ရက်၌ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်၍ လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံ ၁၈၅ လုံးထဲမှ ဆောက်လုပ်မှုစီမံ ကိန်းပြီးစီးလုနီးပါးရှိနေသည့် ၆၄ လုံးကို ဦးစားပေးအဖြစ် စတင် စစ်ဆေးခဲ့ရာ ပြင်ဆင်ရန် လိုအပ်သည့် ၁၂ လုံးကို တစ်လုံးချင်းအ လိုက် ပြင်ဆင်ရန် ညွှန်ကြားပြီး ကျန်အဆောက်အအုံများကို ဆက်လက် ဆောက်လုပ်ခွင့်ပြုခဲ့သည်။ ပထမအကြိမ် စစ်ဆေးမှု၌ ပြင်ဆင်ရန် ညွှန်ကြားခံရသည့် အဆောက်အအုံ အချို့သည် အထပ်အရေအတွက် ထက်ဝက်ခန့် လျှော့ချခံရသည့်အဆောက်အအုံ များလည်း ပါဝင်နေခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောကြားသည်။ ယခင်အစိုးရလက်ထက်က ခွင့်ပြုထားသည့် အချက်များနှင့် ကိုက်ညီစွာ ဆောက်လုပ်ထားကြ သော်လည်း အစိုးရသစ်လက် ထက်တွင် မူဝါဒအသစ်ဖြင့် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ခိုင်းခြင်း ကြောင့် ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့ သည်ဆိုကာ ဝေဖန်ခဲ့ကြသည်။ ပထမအကြိမ် စစ်ဆေးမှု တွင် ပါဝင်ခဲ့ပြီး ပြန်လည်ပြင်ဆင် ရန် ညွှန်ကြားခံရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က အရေးယူခံရခြင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် လက်မခံနိုင် ကြောင်းဇူလိုင် ၂၁ ရက်က နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။
Ref : 7daydaily
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties