By The Irrawaddy, Shweproperty.com
Updated at 9 August 2016
ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူရာမှာ ချေးငွေအကျေဆပ်ရမယ့် ကာလကို အရင်ရှစ်နှစ်ကနေ (၁၅) နှစ်အဖြစ် တိုးမြှင့်ပေးနိုင်ဖို့ လုပ်ဆောင်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
လောလောဆယ်မှာ မှုဝါဒတွေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပြီး ဘဏ်ချေးငွေကို (၁၅) နှစ်အထိ တိုးနိုင်ဖို့ စီစဉ်နေတယ်။ ဘဏ်အတိုးနှုန်းတွေ ကိုလည်း လျှော့ချပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အရင်ရောင်းချနေတဲ့ ပုံစံက ပထမအရစ် ၃၀ ရာခိုင်နှုန်းကို အရင်ပေးသွင်းရတယ်။ ကျန်တဲ့ (၇၀) ရာခိုင်နှုန်းကို ဘဏ်ချေးငွေယူရင် ရှစ်နှစ်အတွင်း အကျေပေးသွင်းရတယ်။ အခုလို (၁၅) နှစ်အဖြစ်သတ်မှတ်ဖို့ စီစဉ်တာက ဝင်ငွေနည်း ဝန်ထမ်းတွေအတွက် လစဉ်ပေးသွင်းရတဲ့ ငွေကြေးပ မာဏ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက လုပ်ဆောင်နေတဲ့ ပုံစံအတိုင်း ဘဏ်ချေးငွေကို နှစ်ရှည်အဖြစ် နှစ် (၂၀) ၊ နှစ် (၃၀) ထုတ်ချေးနိုင်ဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ် ။ လက်ရှိမှာတော့ တန်ဖိုးနည်းအိမ်ရာတွေ ထပ်ပြီး ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties