By 7daydaily, Shweproperty.com
Updated at 26 February 2016
မန္တလေးတိုင်းဒေသကြီး အတွင်း လက်ရှိတာဝန်ထမ်း ဆောင်ဆဲ လုပ်သက် ၂၅ နှစ်အ ထက် ဝန်ထမ်းများအတွက် တန် ဖိုးမျှတအိမ်ရာ တိုက်ခန်းဝယ်ယူ ခွင့်လျှောက်လွှာများကို ဖေဖော် ဝါရီ ၂၆ ရက်(ယနေ့)တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ အကွက်အ မှတ် (မမ-၁၆)နှင့် (မမ-၂၇) တို့ တွင် အိုးအိမ်ဦးစီးဌာနကဆောက် လုပ်သည့်တိုက်ခန်းများ ဝယ်ယူ ခွင့်လျှောက်လွှာများကို ဖေဖော် ဝါရီ ၂၆ ရက်မှ မတ်လ ၄ ရက်အ ထိ ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက သတင်းထုတ် ပြန်သည်။
လျှောက်ထားမည့်သူများ သည် မန္တလေးတိုင်းဒေသကြီးအ တွင်း လက်ရှိတာဝန်ထမ်းဆောင် ဆဲဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီ ၂၉ ရက်တွင် ဝန်ထမ်းလုပ်သက် ၂၅ နှစ်နှင့် အထက်ရှိရမည်ဖြစ် ကြောင်း ကြေညာချက်၌ ဖော်ပြ ထားသည်။
တိုက်ခန်းပေါင်း ၁,၂၀၀ ရှိ ပြီး လေးခန်းတွဲဆောက်လုပ်ထား သည့် တိုက်ခန်းပေါင်း ၄၀၀ ကို စတင်ရောင်းချပေးမည်ဖြစ်ကာ ကျန်သည့်ရှစ်ခန်းတွဲတိုက်ခန်း ၈၀၀ မှာ ဆောက်လုပ်နေဆဲဖြစ် သည်ဟု မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ပြောသည်။
တိုက်ခန်းဈေးနှုန်းများမှာ မြေညီထပ် ကျပ်၁၆၅ သိန်း၊ ဒုတိယထပ် ကျပ်၁၅၅ သိန်း၊ တတိယထပ် ၁၄၅ သိန်း၊ စတုတ္ထထပ် ကျပ်၁၃၅သိန်းနှုန်းများဖြင့် ရောင်းချပေးရန် စီစဉ်ထားပြီး အခန်းများမှာ၆၅၀ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်း၊ သန့်စင်၊ ခန်း မီးဖိုချောင်နှင့် ထမင်းစားခန်းများ ပါဝင်သည်ဟု မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တိုက်ခန်း ဝယ်ယူခွင့် လျှောက်လွှာများကို ကျပ် ၅၀၀ ဖြင့် မန္တလေးမြို့တော်သာယာရေး ကော်မတီရုံးဝင်းအတွင်းရှိ ဓမ္မာရုံ ၌ ရောင်းချပေးမည်ဖြစ်သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties