By The Modern, Shweproperty.com
Updated at 6 June 2016
ကျပ်သိန်း ၁၀၀ ထက်မများတဲ့ နှုန်းနဲ့ ရောင်းချပေးမယ့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈၀၀၀ ကိုနှစ်နှစ် အတွင်း အကောင်ထည်ဖော် မယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက သိရပါတယ်။ ၀န်ကြီးလမ်းညွှန်ချက်အတိုင်း အသစ်တည်ဆောက်မယ့်တန်ဖိုးအိမ်ရာတွေကို သိန်း ၁၀၀ အောက်ဈေးနဲ့ ရောင်းမှာပါ၊နှစ်နှစ်အတွင်း အကောင်အထည်ဖော်ပါမယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအေးအောင်ကပြောပါတယ်။
ဘယ်မှာလဲ
တန်ဖိုးနည်းအိမ်ရာတွေအတွက် မြေဧက ၂၀၀လောက်အသုံးပြုမယ်လို့ သိရပါတယ်။ဒဂုံဆိပ်ကမ်း၊ဒဂုံအရှေ့ ၊လှိုင်သာယာရွှေလင်ဗန်းနဲ့ သန်လျင်ကျောက်တန်း မြို့နယ်တွေမှာဆောက်လုပ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ဖို့ အဓိကအခက်အခဲကမြေနေရာဖြစ်ပါတယ်။အချို့မြို့နယ်တွေမှာ မြေနေရာအများစုကို လူတစ်စုကထိန်းချုပ်ထားတဲ့ အတွက် ၀န်ကြီးဌာနအနေနဲ့ မြေဈေးနှုန်းကြီးမြင့်နေတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
တကယ်တန်ဖိုးနည်းအိမ်ရာ ဆိုတာ ကျပ်သိန်း ၅၀ လောက်ကို အနှစ် ၂၀ လောက်ခွဲရောင်းနိုင်မှ ဖြစ်မှာပါ။အခုဟာကအမှန်တကယ် တန်ဖိုးနည်းတယ်လို့ မဆိုနိုင်ပါဘူး။ဒါပေမဲ့ တည်ဆောက်ရတဲ့ ၀န်ကြီးဌာနအနေနဲ့လည်း ရှိထားတဲ့ငွေနဲ့ အစစအရာရာလုပ်နေတော့ အရင်အတိုင်းကို သိန်းတစ်ရာကျော်နေရတာပါ လို့ဒုတိယညွှန်ကြားရေးမှူးဦးအေးမင်းအောင်က ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာဆိုပေမဲ့ အခြေခံအဆောက်အအုံတွေ အကုန်ပါရပါတယ်။ပန်းခြံ၊ဓမ္မာရုံစတဲ့ နေရာတွေအပြင် ရေသွယ်တန်းမှု ၊လျှပ်စစ်မီးအတွက် ဓါက်အားခွဲရုံ ၊ ထရန်စဖော်မာစတဲ့ အခြေခံအဆောက်အအုံ ကုန်ကျစရိတ်တွေကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန တစ်ခုတည်းကသာ တာဝန်ယူတည်ဆောက်နေရာတာဖြစ်လို့ သိန်းတစ်ရာအောက်တန်ဖိုးနည်းအိမ်ရာ ဖြစ်ပေါ်လာဖို့ အဓိက စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
ဘယ်လိုအိမ်မျိုးလဲ တန်ဖိုးနည်းအိမ်ရာဆိုတာကျွန်တော်တို့က အမြတ်တင်ရောင်းနေတာမဟုတ်ပဲ ပြည်သူတွေ အမှန်တကယ် အကျိုးရှိအောင် လုပ်နေတာပါ၊လျှပ်စစ်သွယ်တန်းတာတို့ ဓါက်အားခွဲရုံတို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနက ပံ့ပိုးပေး၊ရေနဲ့မြေယာ ကိစ္စတွေ ကိုလဲ ၀န်ကြီးဌာနတွေကပူးပေါင်းဆောင်ရွတ်ပေးရင် ဈေးကတစ်ခန်းကို သိန်း ၂၀ကျော်လောက်ကျ သွားမှာပါ။ အခုဟာက ဆောက်လုပ်ရေး တစ်ခုတည်းတာဝန်ယူနေရတော့ သိန်း ၁၀၀ မကျော်ဘဲ အရေအသွေးမီအခန်းတွေဖြစ်လာဖို့ ခက်နေပါတယ် လို့ဦးမင်းအေးအောင်ကပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ နှစ်နှစ်အတွင်း အကောင်အထည်ဖော်မဲ့ ကျပ်သိန်းတစ်ရာအောက်တန်ဖိုးနည်းအိမ်ရာ အတွက် ၁၀x၂၀ အခန်း၊၁၈x၁၈ အခန်းနဲ့ ၂၀x၂၀ ပတ်လည်အခန်းတွေကိုတည်ဆောက်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ အနည်းဆုံးကျပ် ၆၆သိန်းကနေ သိန်း ၉၀ အထိရှိမယ်လို့ ခန့်မှန်းထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ထပ်မံဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချမယ့်နေရာမှာလည်း အမှန်တကယ်နေစရာ အခက်အခဲဖြစ်နေတဲ့  ပြည်သူတွေကို ဦးစားပေးရောင်းချမှာဖြစ်တယ်။မဲစနစနဲ့ ရောင်းချတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုက ဖွဲ့စည်းထားတဲ့ အဖွဲ့တွေနဲ့ အများပြည်သူရှေ့မှာရောင်းချဖ၂၀ အခန်း၊၁၈x၁၈ အခန်းနဲ့ ၂၀x၂၀ ပတ်လည်အခန်းတွေကို တည်ဆောက်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ အနည်းဆုံးကျပ် ၆၆သိန်းကနေ သိန်း ၉၀ အထိရှိမယ်လို့ ခန့်မှန်းထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ထပ်မံဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချမယ့်နေရာမှာလည်း အမှန်တကယ်နေ စရာအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဦးစားပေးရောင်းချမှာဖြစ်တယ်။မဲစနစနဲ့ ရောင်းချတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုက ဖွဲ့စည်းထားတဲ့ အဖွဲ့တွေနဲ့ အများပြည်သူရှေ့မှာရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဘယ်လိုဝယ်ရမလဲ
ရောင်းချမယ့်အခန်း တန်ဖိုးကို ပေးချေတဲ့ နေရာမှာ ၁၅ နှစ်အထိ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်ဖို့ CHDB (ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်) နဲ့ ညှိ့နှိုင်းနေတယ်လို့သိရပါတယ်။ ပြည်သူလူထု အတိုးသက်သာစွာနဲ့ နှစ်ရှည်အရစ်ကျစနစ်နဲ့ ၀ယ်နိုင်ဖို့ ၀န်ကြီးလမ်းညွှန်ချက်ရှိပါတယ်။CHDB ကို ၀န်ကြီးဌာနနဲ့ ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်တာပါ အဲဒီမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုက များနေတော့ တချို့နှစ်ရှည်ငွေကြေးနဲ့ လုပ်ဖို့ကျတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက မလုပ်ချင်ကြဘူး ဒါကလဲ အခက်အခဲဖြစ်နေ ပါတယ်။ အစိုးရပိုင်း အနေနဲ့ CHDB မှာ များများမြှပ်နှံမှ နှစ်ရှည်ချေးငွေကိစ္စ တွေကိုကိုင်တွယ်နိုင်မှာပါ လို့ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
အတိုးနှုန်းသက်သာစွာနဲ့ ၁၅နှစ်၊အနှစ် ၂၀ ချေးငွေတွေနနဲ့ တန်ဖိုးနည်းအိမ်ရာတွေ ၀ယ်ယူနိုင်ဖို့ ဘဏ်အနေနဲ့ CHDB ကနေလက်ခံဖို့ လိုအပ်နေပါတယ်။ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်နေတဲ့အတွက် အစိုးရကနှစ်ရှည် ချေးငွေနဲ့ ဆောင်ရွက်တဲ့ နေရာမှာ အမြတ်ရရှိမှု နည်းပါးတဲ့ အတွက် ရှစ်နှစ်အထိသာ လတ်တလောမှာ ချေးပေးနိုင်တယ်လို့ သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေပိုပြီးအောင်မြင်လာစေဖို့ ဆောက်လုပ်တဲ့ ဌာနအနေနဲ့ မြေယာပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်သလို တည်ဆောက်ရေးအတွက် လိုအပ်မဲ့ ပစ္စည်းတွေ နိုင်ငံခြားကတင်သွင်းလာရင် အခွန်ပေးဆောင်မှုကိုလည်း သုညရာခိုင်နှုန်းသာ သတ်မှတ်သင့်ပြီး အရည်အသွေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကိုအသုံးပြုနိုင်အောင် ၀န်ကြီးဌာနတွေ အားလုံးပူးပေါင်း ဆောင်ရွတ်ဖို့ လိုနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လှည့်ပတ်ရန်ပုံငွေ
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်တွေကို ၀န်ကြီးဌာနလှည့်ပက် ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ကို အသုံးပြုဆောက်လုပ်နေတာလို့ သိရပါတယ်။လက်ရှိအချိန်မှာတော့ ရက် ၁၀၀အတွင်း အခန်းစုစုပေါင်း ၂၂၀၈ ခန်းရောင်းချပေးမှာဖြစ်ပါတယ်။ဈေးနှုန်းကတော့ အများဆုံး ၁၂၅ သိန်းကနေ အနည်းဆုံးသိန်း ၉၀ ဖြစ်ပါတယ်။ ဒါတွေက အရင်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ကြောင့် အခုလိုဈေးဖြစ်နေတာဖြစ်ပြီးနောက်စီမံကိန်းတွေမှာတော့ သိန်း၁၀၀ထက်လုံးဝ မများစေတော့ ပါဘူး လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒဂုံဆိပ်ကမ်းက တန်ဖိုးနည်းအိမ်ရာနဲ့ ယုဇနအပိုင်း (၁)အိမ်ရာ လှိုင်သာယာက ရွှေလင်ဗန်းတန်ဖိုး နည်းအိမ်ရာတွေကို ရက် ၁၀၀အတွင်း မဲစနစ်နဲ့ ရောင်းချပေးမှာဖြစ်တယ်။အမှန်တကယ်နေစရာအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ရှစ်နှစ်အရစ်ကျစနစ်နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။
အခန်းတန်ဖိုး ဥပမာ သိန်း၁၀၀ဆိုရင် ၃၀ ရာခိုင်နှုန်း သိန်း၃၀ ပေးသွင်းပြီး ကျန်ငွေကိုရှစ်နှစ်အရစ်ကျ ဆပ်နိုင်ပါတယ်၊ အတိုးနှုန်းက တစ်နှစ်ကို ၁၃ ကျပ်ဖြစ်ဖြစ် ပေးသွင်းတဲ့ ငွေအပေါ်မှုတည်ပြီး အတိုးသက်သာသွားမှာပါ လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တာဝန့်ရှိသူတစ်ဦး ကပြောပါတယ်။ တည်ဆောက်ပြီး တန်ဖိုးနည်းအိမ်ရာတွေနဲ့ ဆက်လက် တည်ဆောက်ရောင်း ချမဲ့ တန်ဖိုးနည်း အိမ်ရာတွေအတွက် အိမ်ရာစခန်း စီမံခန့်ခွဲရေးအဖွဲ့ တွေကိုလည်း တိတိကျကျ ဖွဲ့စည်းဖို့လိုအပ်ပြီး ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွတ်နိုင်ရမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။
Ref : The Modern
Photo Credit : simon
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties