By Messenger, Shweproperty.com
Updated at 24 November 2015
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်း အိမ်ရာများမှ အခန်းပေါင်း (၁၈၆၄)ခန်းအား ပြည်သူ့အငှားအိမ်ရာ အခန်းသို့ ပြောင်းလဲငှားရမ်းရန် စီစဉ်နေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“အခု ရောင်းနေတဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းတွေမဝယ်နိုင်တဲ့သူတွေ များနေသေးတဲ့အတွက် အငှားအိမ်ရာ စနစ်ကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်”ဟုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။
လက်ရှိ ရောင်းချနေသည့် တန်ဖိုးနည်း အိမ်ရာများ၊ ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်ခြင်း မရှိသည့်အပြင်၊ ကြိုတင်ငွေ (၃၀)ရာခိုင်နှုန်းကို မပေးဆောင်နိုင်သူ အများအပြားလည်း ရှိကြောင်း သိရသည်။
ထို့ကြောင့် ရွှေလင်ပန်းအိမ်ရာ အပိုင်း(၁)မှ အကျယ်အနည်းဆုံး (၅၂၂) စတုရန်းပေရှိသော အခန်းပေါင်း (၁၀၀၀)နှင့် ယုဇန (၉၄)ရပ်ကွက် တန်ဖိုးနည်း အိမ်ရာမှ (၈၆၄)ခန်းကို အငှားအိမ်ရာစနစ်သို့ ပြောင်းလဲ၍ နိုင်ငံတော် အစိုးရထံ တင်ပြထားကြောင်း သိရသည်။
“အိမ်ခန်းပေါက်ပေမဲ့ ပထမဆုံးအရစ်ကို ပေးသွင်းဖို့ ငွေကအခက်အခဲ ဖြစ်နေတယ်။ ဘဏ်ချေးငွေ ကျတော့လည်း နှစ်ကနည်းနေသေးတဲ့ အတွက် သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် သွားပြီးအကြောင်း မကြားနိုင်သေးတာ”ဟု ရွှေလင်ပန်းအိမ်ရာ မဲပေါက်ထားသူ ကုမ္ပဏီဝန်ထမ်း ဒေါ်ချိုချိုလတ်က ပြောသည်။
တန်ဖိုးနည်းအိမ်ရာ အခန်းများအား အငှားအိမ်ရာ အခန်းပြောင်းလဲငှားရမ်းရန် ကျပ်သိန်း (၁၂၀)အခန်း ဖြစ်ပါက တစ်လလျှင် (၅၀၀၀၀)ကျပ်နှင့် နှစ် (၂၀) အရင်း ကြေသည်ထိ ပေးခြင်းစသည့် နှုန်းထားများဖြင့် ငှားရမ်းရန် စီစဉ်နေကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်များ ဖြည့်တင်းနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းညွှန်ချက်ဖြင့် တန်ဖိုးနည်းအိမ်ရာ (၁၀) ခုအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
Ref : Messenger
Photo Credit : Skyscrapercity
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties