By The Modern, Shweproperty.com
Updated at 7 August 2015
လှိုင်သာယာ (၁၅) ရပ်ကွက်မှာ အိမ်ငှားစရိတ် သက်သာလို့ ငှားနေသူတစ်ချို့ ကျူးကျော်မြေ ဖြစ်နေတာကြောင့် သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခံရလို့ နေထိုင်ရေးမှာ အခက်ကြုံတွေ့နေရပါတယ်။
လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက် ကျူးကျော်မှာ ငှားရမ်းနေထိုင်သူ မနှင်းလေးက "ဒီလိုဖြစ်မယ်ဆိုတာ ကြိုမသိဘူး၊ အခုမှသိတာ၊ ဒီဘက်က အိမ်ဈေးတန်လို့ ပြောင်းလာတာ နှစ်လလောက်ပဲ ရှိသေးတယ်၊ လခပဲ ပေးထားတာ မကြာသေးဘူး၊ အခု အဖျက်ခံရပြီ" လို့ပြောပါတယ်။
လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်ထဲမှာ ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ်တွေကို သက်ဆိုင်ရာက သည်နေ့နံနက် ၇:၃၀ နာရီမှာ ဖယ်ရှားရှင်းလင်းပါတယ်။ မရှင်းလင်းခင်မှာ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လိုက်လံပြောဆိုပါတယ်။ လှိုင်သာယာမြို့နယ်၊ (၁၅) ရပ်ကွက်အတွင်း အစိုးရမှ တရားဝင်မြေချပေးထားတာ မရှိပဲ ဝင်ရောက်နေထိုင်သူများ ခင်ဗျာ၊ မကြာမီအချိန်အတွင်း အဆောက်အအုံတွေကို ဖျက်သိမ်းတော့မှာ ဖြစ်တာကြောင့် ထွက်ခွာဖယ်ရှားပေးပါရန်ဆိုပြီး သတိပေးနှိုးဆော်တာ ဖြစ်ပါသည်။
သည်နေရာမှာ နေထိုင်သူ အများစုက အိမ်ငှားတွေသာ ဖြစ်ပါတယ်။ သည်နေရာရဲ့ အိမ်ငှားဈေးက တစ်လကို ကျပ် (၃) သောင်း ဖြစ်ပါတယ်။ တစ်လချင်းပေးရတာပါ။ အများစုက အိမ်ငှားစရိတ်မတတ်နိုင်တာကြောင့် သည်နေရာမှာ ပြောင်းရွှေ့ငှားရမ်းနေထိုင်လာကြတာ ဖြစ်ပါတယ်။
ဓနုဖြူမြို့နယ်ကနေ လာရောက်ငှားရမ်းနေထိုင်တဲ့ မစံပယ်က "မိုးထဲလေထဲမှာ ဘယ်ပြောင်းရမှန်းမသိဘူး၊ အိမ်လခက ပြီးခဲ့တဲ့ တစ်ပတ်ကမှ အိမ်ရှင်ကိုပေးထားတာ၊ အခုဖယ်ရတော့ ငှားနေဖို့စရိတ်မရှိတော့ လမ်းဘေးအိပ်ရမှာပေါ့"လို့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်ထဲရှိ (၁၅) ရပ်ကွက်ထဲက ကျူးကျော်နေထိုင်တဲ့ အိမ်အလုံးပေါင်း (၄၀) ကျော်ကို သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းတာ ဖြစ်ပါတယ်။
Ref : The Morden
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties