By Wai Phyoe, Shweproperty.com
Updated at 22 October 2015
ဝန်ကြီးဌာနတွေက ရောင်းချတော့မယ့် အိမ်ရာတွေရဲ့ ဈေးနှုန်းတွေဟာ ပုံမှန်တိုက်ခန်း ဈေးနှုန်းတွေထက် များပြားလျက်ရှိနေတယ်လို့ သိရပါတယ်။ အခြေခံလူတန်းစားတွေရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ အငှားအိမ်ရာဈေးနှုန်းတွေကျရင်လည်း ကာလတန်ဖိုးနဲ့ တွက်ချက်ပြီး ငှားရမ်းမှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပြင်ပက ငှားရမ်းခတွေနဲ့ တူနေတာမျိုးဆိုရင်တော့ လွယ်လွယ်ကူကူငှားရမ်းလို့ ရမယ့်နေရာတွေမှာပဲ ငှားမယ့်သူကများပါတယ်။ အများစုကတော့ အစိုးရစီမံကိန်းတွေကို မျှော်လင့်ချက်လေးနဲ့ စောင့်နေကြတယ်။ အခုတော့ တန်ဖိုးနည်းအိမ်ရာ ဈေးတွေကလည်း သိန်း (၁၀၀) အောက်ကို မရှိပါဘူး။ အခု တန်ဖိုးနည်း အငှားအိမ်ရာ ဈေးတွေကလည်း ဘယ်လောက်ဖြစ်မယ်ဆိုတာ ခန့်မှန်း မျှော်လင့် စောင့်စားနေသူတွေ အများကြီးပါပဲ။
အစိုးရအိမ်ရာတွေကတော့ မဲစနစ်နဲ့ ရောင်းချတာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဝင်ငွေရရှိသူရဲ့ ထောက်ခံချက် စတာတွေ လိုအပ်တာကြောင့် ဈေးတန်းတူတဲ့ အိမ်ခန်းကိုသာ ဝယ်ယူဖို့ စိတ်အားထက်သန်လာကြတယ်လို့ သိရပါတယ်။
အရင်ကရောင်းချခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာဈေးတွေက အပြင်မှာရောင်းချတဲ့ တိုက်ခန်းဈေးနှုန်းတွေနဲ့ ကွာခြားမှု မရှတာကြောင့် ထပ်ပြီးရောင်းချမယ့် အိမ်ရာတွေနဲ့ ငှားရမ်းမဲ့ တိုက်ခန်းဈေးနှုန်းတွေဟာ အပြင်ဈေးနဲ့ တူနေမှာကို အများစုက စိုးရိမ်နေကြပါတယ်။ အစိုးရက ထပ်မံဖော်ဆောင်သွားမယ့် အငှားအိမ်ယာတွေရဲ့ ဈေးနှုန်းတွေကို ဖော်ပြခြင်းမရှိသေးတာကြောင့် စောင့်ဆိုင်းနေကြသူ အများစုကတော့ ဈေးနှုန်းလျော့နည်းဖို့ မျှော်လင့်နေကြပါတယ်။
အငှားအိမ်ရာတွေရဲ့ ဈေးနှုန်းတွေ အခုထိမသတ်မှတ်ရသေးဘူး၊ အတတ်နိုင်ဆုံးတော့ ဈေးနည်းနည်းနဲ့ အခြေံခံလူတန်းစားတွေ ငှားနိုင်အောင် စီစဉ်သွားမယ် လို့တော့ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။
လက်ရှိအငှားအိမ်ရာတွေရဲ့ လစဉ်ငှားရမ်းခတွေကတော့ သောင်းဂဏန်းဝန်းကျင် ရှိပြီး ငှားရမ်းနေထိုင်သူ များတယ်လို့ သိရပါတယ်။
Written By : Wai Phyoe
Photo Credit : mmbiztoday
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties