By Myanmar Builders Guide, Shweproperty.com
Updated at 13 June 2019
ချင်းပြည်နယ်အတွင်းရှိ မြို့ကြီးများဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့၊ ပလက်ဝမြို့တို့ကို ယခုဇွန်လဒုတိယပတ်မှစ၍ မြို့ပြစီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။
ယခုဆောင်ရွက်သည့် မြို့ပြစီမံကိန်းကို နိုင်ငံတော်အစိုးရမှချပေးသည့် ဘတ်ဂျက်တစ်ခုတည်းဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
""စီမံကိန်းချမှတ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်၊ မြို့ပြစီမံကိန်းဆိုပြီး စတင်အကောင်အထည်ဖော်နိုင် တာကတော့ အခုမှဖြစ်ပါတယ်၊ ဟားခါး၊ ဖလမ်း၊ ပလက်ဝမြို့ သုံး မြို့ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ပါမယ်၊ အခုဆိုရင်မြို့ သုံးမြို့မှာ လူဦးရေတွေတိုးတက်လာတယ်၊ နေအိမ်တွေတိုးလာတယ်၊ ရုံးဌာနအဆောက်အအုံတွေ တိုးလာတယ်၊ အခုဆိုရင်တိုးချဲ့ဖို့ မြေနေရာတွေ အခက်အခဲရှိတယ်၊ မြို့ပြစီမံကိန်းဆောင်ရွက်မှကို ဖြစ် တော့မှာ၊ ဆောက်လုပ်ရေးရုံးချုပ် က ပညာရှင်တွေနဲ့ပြည်နယ်အစိုးရတိုင်ပင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်""ဟု ယင်းကပြောသည်။
ချင်းပြည်နယ် မြို့သုံးမြို့တွင် ပါဝင်သည့် မြို့ပြစီမံကိန်းလုပ်ငန်း များတွင် မလေးရှားတွင်ရောက်ရှိ နေသည့် ဒုက္ခသည်ဦးရေ (၅၀ဝ) အတွက် အိမ်ကွက်များပါ စီမံ ဆောင်ရွက်လျာထားပြီး မြို့တော် ဟားခါးတွင် မူလတန်းစာသင် ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ အားကစားကွင်း၊ ပန်းခြံ၊ ပါဝင်မည်ဖြစ်ကာ ဖလမ်းမြို့တွင် ကားကြီးရပ်နားကွင်း၊ ဟိုတယ်ဇုန်၊ ဆေးရုံဆေးခန်း၊ ပန်းခြံ၊ အပန်းဖြေ နေရာနှင့်ပလက်ဝမြို့တွင် ဟိုတယ် ဇုန်၊ စက်မှုလက်မှုအထက်တန်း ကျောင်း၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ အပန်းဖြေနေရာ၊ ဘောလုံးကွင်း၊ (SME) ဇုန်တို့ ပါဝင်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties