By pyimyanmar, Shweproperty.com
Updated at 11 June 2014
တရုတ်နိုင်ငံရှိ အိမ်ခြံမြေလုပ်ငန်းများသည် ပြည်တွင်းရှိအိမ်ခြံမြေလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လာပြီးနောက် ၎င်းတို့နိုင်ငံတွင်လည်း ပြည်တွင်းမှလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုရန် ဆွဲဆောင်မှုများပြုလုပ်လာလျက်ရှိသည်။
ထိုသို့ပြုလုပ်မှုအနေဖြင့်တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ အဆင့်မြင့်လူနေတိုက်ခန်းများတွင် ရင်းနှီးမြှပ်နှံမှုပြုရန် ရန်ကုန်မြို့တွင် တိုက်ခန်းအရောင်းအဝယ်ပြပွဲပြုလုပ်လာခဲ့သည်။
အဆိုပါကိစ္စနှင့်ပက်သက်ပြီး ပြည်တွင်းရှိ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက "အခုဆိုရင် ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း တရုတ်ပြည်က အိမ်ခြံမြေလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်လာတာတွေ့ရတယ်။ ပြည်ပကတိုက်ခန်းတွေ ပြည်တွင်းမှာ လာရောက်ရောင်းချတာဆိုရင် စင်ကာပူက အများဆုံးပဲ။ တရုတ်နိုင်ငံက ကွန်ဒိုတိုက်ခန်းတွေလာရောင်းတာကတော့ပထမဆုံးအကြိမ်ဖြစ်ဖို့များတယ်။သူတို့အနေနဲ့က မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာတဲ့စီးပွားရေးအခွင့်အလမ်းတွေကြောင့် ပိုအာရုံစိုက်လာတယ်လို့ ထင်တယ်။ သူတို့လာရောင်းတဲ့ တိုက်ခန်းတွေကို ဝယ်ယူမယ့် သူတွေအနေနဲ့ကတော့ သူတို့အစိုးရရဲ့ ပေါ်လစီ၊ တိုက်ခန်းအတွက်ပေးနိုင်တဲ့ အာမခံချက်တွေကို သေချာလေ့လာပြီးမှ ဝယ်ယူသင့်တယ်" ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ပွင်းလင်းလာသည့် စီးပွားရေးအခွင့်အလမ်းများအရ နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာသကဲ့သို့ ပြည်တွင်းရှိအိမ်ခြံမြေ လုပ်ငန်းပိုင်းတွင်လည်း ဝင်ရောက်လုပ်ကိုင် သည့်နိုင်ငံပိုမိုများပြားလာကြောင်း၊ ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်ပရှိ အိမ်ခြံမြေလုပ်ငန်းများတွင် သွားရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ပြည်ပ နိုင်ငံများအနေဖြင့် ပြည်တွင်းသို့လာရောက်ကာ အိမ်ခြံမြေ ကွန်ဒိုတိုက်ခန်း အရောင်းပြခန်းများကို မကြာခဏပြုလုပ်လာလျက်ရှိသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties