By Myanmar Builders Guide, Shweproperty.com
Updated at 25 July 2019
တရုတ်အခြေစိုက် China Lesso ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဈေးဝယ်စင်တာအပါအဝင် စီးပွားရေးအဆောက်အအုံများ ထူထောင်ရေး အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် ရင်းနှီးမြှုပ်နှံမှုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇူလိုင်လတွင် ခွင့်ပြုမိန့်ပေးခဲ့သည်။
အဆိုပါ စီမံကိန်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပဲခူးမြစ်နှင့် ရတနာလမ်းထောင့်ရှိ မြေဧက ၇၀ ကျော်တွင် ဆောင်ရွက်မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။
ထိုစီမံကိန်းတွင် ဈေးဝယ်စင်တာ၊ ကုန်စည်ဈေးကွက်၊ ကုန်သိုလှောင်ရုံ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးအဆောက်အအုံတို့ပါဝင်ကာ China Lesso ကုမ္ပဏီ၏ လက်အောက်ခံ Lesso Mall Investment နှင့် မြန်မာနိုင်ငံမှ Ever Investment ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။
စီမံကိန်းအတွက် တည်ဆောက်ရေးကာလ သုံးနှစ်ပေးထားပြီး လုပ်ငန်းရှင်များလည်ပတ်ပါက အလုပ်အကိုင်အခွင့်အလမ်း ၂,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ကုမ္ပဏီက တင်ပြသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတွင် ဖော်ပြထားပါသည်။
China Lesso ကုမ္ပဏီအုပ်စုသည် ဟောင်ကောင် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင် စက်မှုထုတ်ကုန်လုပ်ငန်းများလုပ်ကိုင်နေသည်။
ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties