By 7daydaily, Shweproperty.com
Updated at 2 October 2015
ဂျပန်ကျောထောက်နောက်ခံပြုထားသော အ မေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် သီလဝါ အထူးစီးပွားရေးဇုန် ပထမပိုင်းကို ရန်ကုန်မြို့အနီးတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ပြု ပြင်ပြောင်းလဲမှု စတင်လာပြီး နောက် မြန်မာနှင့် ဂျပန်ကြား စီး ပွားရေးဆက်ဆံမှု တည်ဆောက် ခြင်း၏ အထင်ရှားဆုံးသင်္ကေတ တစ်ခုအဖြစ် ရှုမြင်ကြသည်။ ထို့ ထက်ပိုသည်က မြန်မာအစိုးရနှင့် ကာလရှည်ကြာ အရင်းနှီးဆုံး ဆက်ဆံရေးရှိခဲ့သော တရုတ်၏ လတ်တလော စီးပွားရေးကျဆင်း နေချိန်တွင် ဂျပန်နှင့် ဆက်ဆံမှု အဆင့်တက်လာခြင်းပင် ဖြစ် သည်။
လာမည့်လ အနည်းငယ်အ တွင်း မြန်မာပြည်သူလူထုဘ၀ အပေါ် အကြီးမားဆုံး ဖိစီးမည့် အရာမှာ စီးပွားရေးဒဏ်ဖြစ်ပြီး တရုတ်စီးပွားရေးကျဆင်းမှု၏ ရိုက်ခတ်ခြင်းကိုလည်း မြန်မာတို့ ခံရနိုင်သည်ဟု နိုင်ငံတကာစီးပွား ရေး၊ နိုင်ငံရေးဆန်းစစ်သူအချို့ က ခန့်မှန်းသည်။ ထို့ကြောင့် ရွေး ကောက်ပွဲပြီးနောက်တက်လာ မည့် အစိုးရအနေဖြင့် တရုတ်တစ် နိုင်ငံတည်းမဟုတ်ဘဲ ဂျပန်အပါ အဝင် နိုင်ငံတကာနှင့် ဆက်ဆံ ရေးကို ပါးပါးနပ်နပ်ကိုင်တွယ်၍ မဖြစ်မနေ ထိန်းသိမ်းသွားရန် အရေးကြီးကြောင်း အကြံပြုကြ သည်။ ကမ္ဘာ့မီဒီယာများသည် တရုတ်၏စတော့ရှယ်ယာဈေး ကွက် ကျဆင်းမှုကို မီးမောင်းထိုး ပြပြီး ယင်းသည် ဥရောပ၏ စီး ပွားရေးကို အကြီးအကျယ်ရိုက် ခတ်သွားနိုင်သော ဂရိကြွေးမြီ ပြဿနာထက် ပိုကြီးသည်ဟုပင် ဆိုကြသည်။
တရုတ်စီးပွားရေး ယိုင်လဲမှု သည် ကမ္ဘာ့စီးပွားရေးနှင့် တိုက် ရိုက်ဆက်စပ်နေ၍ တရုတ်၏ ယခုအကျပ်အတည်းကို မထိန်း ညှိနိုင်လျှင် တစ်ကမ္ဘာလုံးနှင့် ဆိုင် သော ပြဿနာဖြစ်လာနိုင် ကြောင်း ထောက်ပြကြသည်။ ယင်း၌ အိမ်နီးချင်း မြန်မာနိုင်ငံ လည်း ချန်လှပ်၍ ရမည်မဟုတ် ကြောင်း တွေ့နေရသည်။
သမ္မတဦးသိန်းစိန်၏ စီးပွား ရေးအကြံပေး ပါမောက္ခဒေါက် တာအောင်ထွန်းသက်က တရုတ် နိုင်ငံအနေဖြင့် မြန်မာသာမက တစ်ကမ္ဘာလုံးအပေါ် သြဇာ ညောင်းမှုနှင့် တရုတ်၏အင်အား ကို ငြင်းမရသော်လည်း တရုတ်စီး ပွားရေးအခြေအနေ ဆိုး၍ မြန်မာ အပေါ် ဆက်စပ်လာမည့်အနေ အထားကို ကာကွယ်နိုင်သည့် အနေအထားရှိကြောင်း ပြော ကြားသည်။
‘‘အခု ဂျပန်နဲ့ အကြီးအ ကျယ် ပြန်ဆက်သွယ်နေတဲ့ အ နေအထားရှိတယ်’’ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
မြန်မာအပေါ် အနောက် ကမ္ဘာမှ စီးပွားရေးပိတ်ဆို့မှုတို့ ဖြေ လျှော့လာမှု၊ ပြန်လည်ဆက်ဆံ လာမှု၊ အာဆီယံစီးပွားရေး အ သိုက်အဝန်း (AEC)၏ အရေးကြီး မှု အစရှိသည်တို့အပါအဝင် မြန်မာအတွက် အခွင့်အလမ်းများ ပြားလာခြင်းက ယခင်စစ်အစိုးရ လက်ထက်ကကဲ့သို့ တရုတ်တစ် နိုင်ငံတည်းအပေါ် မှီခိုဆက်ဆံရ သည့် အနေအထားမျိုး မဟုတ် တော့ဟု ထောက်ပြလာကြသည်။
စစ်အစိုးရအုပ်ချုပ်စဉ်ကာ လ ၂၀၀၉-၁၀ က မြန်မာနိုင်ငံ တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ကန်ဒေါ်လာ ၃၂၉ ဒသမ ၆ သန်းသာရှိခဲ့ရာမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်မူ ကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံသို့ ခုန်တက် လာခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ၄၇ ဘီလီ ယံတန်ဖိုးရင်းနှီးမြှုပ်နှံထားရာ တွင် တရုတ်နိုင်ငံမှ ၁၄ ဘီလီယံ ကျော်ဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှုအားလုံး၏ ၃၁ ရာခိုင်နှုန်းကျော် ရင်းနှီးမြှုပ်နှံထားသည်။ ထူးခြား မှုမှာ ယခင်ရင်းနှီးမြှုပ်နှံမှုအနည်း ငယ်သာ ရှိခဲ့သော ဂျပန်သည် နှစ် ပိုင်းအတွင်း ဒေါ်လာသန်း ၄၅၀ ကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှု အများ ဆုံးစာရင်း၌ အဆင့် ၁၂ သို့ တက် လာသည်။
သီလဝါစီမံကိန်းဖွင့်ပွဲတွင် ဒုသမ္မတဦးဉာဏ်ထွန်းက ပြော ကြားရာ၌ ယခုစီးပွားရေးဇုန်သည် ဂျပန်နှင့် မြန်မာ၏ ဆက်ဆံရေးကို အားကောင်းစေလိမ့်မည်ဟု ဆိုခဲ့ သည်။ ကန်ဒေါ်လာ တစ်ဘီလီယံ ခွဲတန် သီလဝါစီမံကိန်းဖွင့်လှစ် ချိန်တွင် တရုတ်ကျောထောက် နောက်ခံပြု ကျောက်ဖြူစီမံကိန်း မှာ အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိသေးပေ။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၏ လတ်တလောစာရင်းအရ တရုတ်သည် မြန်မာ၏ အဓိက အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ် သည်။ မြန်မာအာဏာပိုင်များက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း ကြီး (WTO)သို့ ပေးအပ်ခဲ့သော အချက်အလက်အရ ၂၀၀၅ မှ ၂၀၁၂ အတွင်း ဟောင်ကောင် အပါအဝင် တရုတ်သည် မြန်မာ တွင် အတည်ပြုရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းနီးပါးမျှရှိခဲ့သည်။ ထိုအချိန်မှစ၍ နောက်ပိုင်းတွင် မြန်မာ၌ တရုတ်၏ ရင်းနှီးမြှုပ် နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံအထိ တိုးပွားလာသည်။
လက်ရှိ ကမ္ဘာ့ဒုတိယစီးပွား ရေးအင်အားအကြီးဆုံး တရုတ်၏ စီးပွားရေးနှေးကွေးယိမ်းယိုင်မှု၊ ယင်း၏အကျိုးဆက်ကို စွမ်းအင် နှင့် သတ္တုကဏ္ဍများတွင် သက် သေထင်ရှားတွေ့လာရမှု အစရှိ သည်တို့ကြောင့် သယံဇာတအ ပေါ် မှီခိုထားသော မြန်မာ့စီးပွား ရေးကို သတိထားစရာဖြစ်လာ သည်။ ရေနံနှင့် ဓာတ်ငွေ့ဈေး နှုန်းများကျဆင်းနေမှုက မြန်မာ ကဲ့သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု မှ ဝင်ငွေရှာနေသောနိုင်ငံအ တွက် ဝင်ငွေသိသိသာသာလျော့ ကျသွားစေသည်။ ထို့အပြင် နှစ် စဉ်ပြုလုပ်နေကျ ကျောက်မျက် ပြပွဲတွင် ပြီးခဲ့သည့် ၂၀၁၄ က စုစုပေါင်း ယူရို ၂ ဒသမ ၅ ဘီလီ ယံခန့် ရောင်းချနိုင်ခဲ့ရာမှ မကြာ သေးမီက ပြပွဲတွင်မူ တရုတ် ကျောက်ကုန်သည်တို့ ပါဝင်မှုသိ သိသာသာကျဆင်းခဲ့သည်။
‘‘လာမယ့်နှစ်မှာ မြန်မာပြည် သူလူထုရဲ့ ဘဝတွေအပေါ် အ ကြီးဆုံးသက်ရောက်မှုက ရွေး ကောက်ပွဲ (ဒါမှမဟုတ်) ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် စတာတွေဆီက နေ လာတာမဟုတ်ဘဲ တရုတ်ရဲ့ စီးပွားရေးအကျဘက် အလှည့် အပြောင်းရဲ့ အကျိုးသက်ရောက် မှုကနေ လာနိုင်တယ်’’ဟု သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွား ရေးနှင့် လူမှုရေးအကြံပေးကောင် စီ (NESAC)အဖွဲ့ဝင် ဒေါက်တာ သန့်မြင့်ဦးက မကြာသေးမီက ၎င်း၏ တွစ်တာတွင် ရေးသားခဲ့ သည်။
တရုတ်စီးပွားရေးကြီးထွားမှု နှေးကွေးနေသည့်ကာလတွင် မြန်မာအနေဖြင့် မျှော်လင့်နိုင်ခြေ ရှိသည်ကတော့ ပြောင်းလဲနေ သော ပထဝီဝင်နိုင်ငံရေးပတ်ဝန်း ကျင်ကို မြန်မာအစိုးရ၏ လက် တွေ့ကျကျ ထိန်းကျောင်းသွားနိုင် စွမ်းရှိ၊ မရှိအပေါ်တွင် မူတည် လိမ့်မည်ဖြစ်သည်။ စွမ်းအင်နှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ လေ့လာ ဆန်းစစ်သူတစ်ဦးဖြစ်သည့် ပေါလ်ရှော်တဲလ်ကလည်း ‘‘တရုတ်ဟာ မြန်မာ့စီးပွားရေးအ ပေါ်မှာ ဆက်ပြီး ထုထည်ကြီးကြီး လွှမ်းမိုးမှုမရှိတော့ပေမယ့် ဘယ် လိုပဲဖြစ်ဖြစ် နေပြည်တော်ရဲ့ အ ရေးပါဆုံးမိတ်ဖက်အဖြစ် ဆက်ရှိ နေဆဲပဲဖြစ်ပါတယ်’’ဟု ကမ္ဘာ့ နိုင်ငံရေးဆန်းစစ်အဖွဲ့ကြီး (WPR) တွင် ထောက်ပြပြောကြားသည်။
အိမ်နီးချင်းစီးပွားရေးယိမ်း ယိုင်နေသည့်အချိန်မှာပင် မြန်မာ ကိုယ်တိုင်ကလည်း ဘတ်ဂျက်လို ငွေများပြားနေဆဲဖြစ်ကာ ငွေ ကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင် နေရသည်။ ဆင်းရဲနွမ်းပါးမှုမျဉ်း နားတွင်ရှိနေသော မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်းမြောက်မြား စွာသည် စီးပွားရေးအလှုပ်အခတ် ဒဏ်ကြောင့် ထိလွယ်ရှလွယ် အနေအထားတွင်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထား သည်။ အထူးသဖြင့် မြို့ပြရှိ နွမ်းပါးသူများအတွက် လတ်တလောကုန်ဈေးနှုန်းကြီးမြင့် ငွေကြေးဖောင်းပွမှုက ပြင်းပြင်းထန်ထန် သက်ရောက်စေသည်။
နိုဝင်ဘာ ရွေးကောက်ပွဲပြီး နောက် သမ္မတမရွေးချယ်မီ၊ အစိုးရသစ်မဖွဲ့မီကာလအတွင်း နိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ် မည်ကို စိုးရိမ်စရာ ရှိနေသလိုပင် မြန်မာပြည်သူလူထုအတွက် စီး ပွားရေးပြဿနာက အရေးကြီး ဆုံးအဖြစ် နေရာယူလာတော့မည်ဟု ပညာရှင်အချို့က သုံးသပ် သည်။ မကြာသေးမီက ကောက်ယူ ခဲ့သော အာရှဘာရိုမီတာ၏ စစ် တမ်း၌လည်း နိုဝင်ဘာရွေး ကောက်ပွဲမတိုင်မီ ရင်ဆိုင်နေရ သော အရေးကြီးဆုံး ပြဿနာမှာ စီးပွားရေးပင် ဖြစ်သည်ဟု မြန်မာ နိုင်ငံသား အများစုက သတ်မှတ် ထားကြကြောင်း ဖော်ပြထား သည်။
ဇူလိုင်တွင် မြန်မာ နိုင်ငံတစ်ဝန်းက အလွှာပေါင်းစုံ ပြည်သူ တစ်ရာကျော်ကို ကျပန်း မေးမြန်းစစ်တမ်းကောက်ခဲ့ရာ လက်ရှိအချိန် ပြည်သူများ အဓိက ကြုံတွေ့နေရသည့် ပြဿနာမှာ စီးပွားရေးပြဿနာဖြစ်သည်ဟု ပြည်သူ ငါးပုံလေးပုံက ဖြေခဲ့ကြ ပြီး စားဝတ်နေရေးနှင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကို ထောက်ပြခဲ့ကြ သည်။ မြန်မာ၏ စီးပွားရေးအ ရင်းအမြစ်များနှင့် နိုင်ငံရေး အ ရင်းအနှီးအပေါ်တွင် တရုတ်နိုင်ငံ က စီးပွားရေးနှေးကွေးမှုနှင့် စိုးရိမ် စရာ အခြေအနေများက တစ်ပူ ပေါ်နှစ်ပူဆင့်သကဲ့သို့ ထပ် လောင်းဖြစ်ပေါ်နိုင်ခြေရှိသည်ဟု နိုင်ငံတကာ စီးပွားရေးပညာရှင်အ ချို့က ထောက်ပြသည်။
တရုတ်နှင့် ဂျပန်၊ အိန္ဒိယ၊ အနောက်တိုင်းဘောဂဗေဒများ အားလုံးပါဝင်သည့် စီးပွားရေး မိတ်ဖက်မျိုးစုံ မျိုးကွဲအခင်းအ ကျင်းကို ချိန်ခွင်လျှာထိန်းညှိရေး မှာ မြန်မာအတွက် အရေးပါသော အခွင့်အလမ်းဖြစ်သလို စိန်ခေါ်မှု အရှိဆုံးအရာလည်း ဖြစ်လာပါ တော့မည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties