By မြတ်နိုးဦး, Shweproperty.com
Updated at 5 June 2014
ညဉ့်နက်အချိန်အထိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ နှင့်နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် ပစ္စည်းများရောင်းချသည့် ဆိုင်များနှင့် စည်ကား လျက်ရှိသော တရုတ်တန်းဟု လူသိများသည့် ရန်ကုန်မြို့ လသာမြို့နယ်အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ ပြီးခဲ့သည့်လအနည်းငယ် အတွင်း သိသာစွာ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ဆူးလေဘုရားအနောက်တောင်ဘက်တွင်တည်ရှိပြီး ၁၈ လမ်းမှ ၂၄ အထိ မဟာဗန္ဓုလလမ်းတစ်လျှောက်တည်ရှိသည့် တရုတ်တန်းဈေးမှာ ရန်ကုန်မြို့နေလူထု အကြိုက်တွေ့သည့်နေရာတစ်ခုအဖြစ် တည်ရှိခဲ့ရာမှ နောက်ပိုင်းတွင် နိုင်ငံခြားသားဧည့်သည်များနှင့် ပြည်ပမှ လာရောက်အလုပ်လုပ်ကိုင်သော လုပ်ငန်းရှင်များ ကျင်လည်ရာနေရာတစ်ခုဖြစ်လာပြီး စီးပွားရေးလုပ်ငန်းများအတွက်ပါ အချက်အချာကျခြင်းကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခု အဖြစ် ပိုမိုပေါ်လွင်လာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တရုတ်လူမျိုးစုများနေထိုင်ရာနေရာအဖြစ် တည်ရှိခဲ့ သည့်အဆိုပါနေရာမှာ ၁၈၂၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီး Gangdong Guanyin တရုတ် ဘုရားကျောင်းတည်ရှိရာ နေရာလည်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တရုတ်တန်းဟု အစွဲပြုခေါ်ဝေါ်ခဲ့ကြောင်းလသာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
"ဘုရားကျောင်းက မီးလောင်သွားပြီးတော့ ၁၈၇၂ ခုနှစ် ဗြိတိသျှကိုလိုနီလက်ထက်မှာ ပြန်လည်ပြုပြင်ခဲ့တာ။ တရုတ်တန်းက အရင် အစောပိုင်းနှစ်တွေကပုံစံနဲ့တော့ အရမ်းကိုကွာခြားသွားပြီ။ညဘက်ဆိုရင် ညလုံးပေါက်ဖွင့် တဲ့အဖျော်ယမကာဆိုင်တွေ က နိုင်ငံခြားသား တွေနဲ့ ပြည်တွင်းကလူတွေ အကြိုက်တွေ့နေတဲ့ နေရာတစ်နေရာဖြစ်လာတယ်" ဟု ၎င်းကပြော သည်။
"တရုတ်တန်းက နိုင်ငံခြားသားတွေ စိတ်ဝင် စားတဲ့နေရာတစ်ခုဖြစ်လာတယ်။ အခုနောက် ပိုင်းမှာပိုပြီးစိတ်ဝင်စားလာကြတယ်" ဟု မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဗဟို အမှုဆောင်ဦးမောင်အေးကပြောသည်။ "ဒီနေရာမှာက တရုတ်လူမျိုးအများစုနေထိုင် တယ်။ ဒါပေမဲ့ အခုတော့ နိုင်ငံခြားသား အများစု ငှားရမ်းနေထိုင်ကြတာကို တွေ့ရ တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့က အိမ်ဝယ်ပြီးနေလို့မရသေးလို့ပဲ" ဟု ၎င်းကပြောသည်။
"အခုဆိုရင် အိမ်ဆယ်လုံးလောက်မှာ နိုင်ငံ ခြားသားတွေနေတာက သုံးအိမ်လောက်ရှိတယ်။ ပတ်ဝန်းကျင်ကလည်း ပြောင်းလဲလာပြီးတော့ နိုင်ငံခြားသားတွေ လည်း ဒီနေရာကိုပိုကြိုက်လာတယ်" ဟု ဦးမောင်အေးကပြောသည်။
တရုတ်တန်းရှိ တိုက်ခန်းအငှားဈေးကွက် မှာ ဈေးနှုန်းများ တဖြည်းဖြည်းတက်လာပြီး လမ်းမတန်းရှိတိုက်ခန်းတစ်ခန်းလျှင် ကျပ် သိန်း ၃၀ နီးပါးအထိရှိလာပြီး ထိုသို့ အမြင့်ဘက်သို့ သာ ဦးတည်နေသည့်အတွက် အရောင်းဈေး ကွက်မှာ အေးနေကြောင်း ၎င်းကပြောသည်။
"ဒီနေရာမှာ စီးပွားရေးက အရမ်းကောင်းလာ တယ်။ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေ နဲ့ဟိုတယ်တွေလည်း အရမ်းကို အလုပ်ဖြစ် တယ်" ဟု ဏ့သနညငထ အိမ်ခြံမြေအကျိုးဆောင်မှကိုထွန်းထွန်းကပြောသည်။
တရုတ်တန်းနေရာသည် စားသောက်ဆိုင် များ၊ ရွှေဆိုင်များ၊ တရုတ်အစားအသောက်များ စုံလင်စွာရှိခြင်းက ၎င်းနေရာကို လူကြိုက်များ ကာ အများအားဖြင့် လူစည်ကားရာနေရာတစ်ခု အဖြစ်တည်ရှိလျက်ရှိသည်။ "နိုင်ငံခြားသားတွေ ရောက်လာတာကိုတော့ ကြိုဆိုပါတယ်။ ဒီနေရာကမြို့လယ်ကောင်နဲ့နီး တော့ လူကြိုက်များတာပေါ့။ နိုင်ငံခြားသားတွေဝင်လာတာနဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိဘူး။ ဘန်ကောက်မှာလည်း ဒီလိုပါပဲ" ဟု လသာမြို့နယ်နေကိုလင်းဘိုဘိုကပြောသည်။
"နိုင်ငံတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားသား တွေကတော့ ပိုပြီးဝင်လာမှာပဲလို့" ၎င်းကပြောသည်။
တရုတ်တန်းသည် စီးပွားရေးကောင်းသည့်နေရာတစ်ခုဖြစ်သည့်အတွက် ဒေသခံများ၏ စီးပွားရေးဖြစ်သည့် စားသောက်ဆိုင်၊ ဈေးဆိုင် များ စသည့်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည် ကို စိုးရိမ်မိကြောင်း ၎င်းကပြောသည်။
"နိုင်ငံခြားသားတွေက အဲဒီနေရာက စီးပွားရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင် လာမှာကိုတော့မလိုလားဘူး။ အဲဒါဆိုရင် ဒေသခံတွေ နစ်နာမှာ"ဟု ကိုလင်းဘိုဘိုက ပြောသည်။
တရုတ်တန်းကို ယခုကဲ့သို့ လူစည်ကားပြီး နာမည်ကြီးသည့်နေရာတစ်ခုအဖြစ် တည်ရှိစေချင်ပြီးမြို့ပြအမွေအနှစ်ဆိုင်ရာ ထိန်းသိမ်း သည့်နေရာတစ်ခုအဖြစ်လည်း တည်ရှိစေချင် သည်ဟု ၎င်းကပြောသည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties