By kumudranews, Shweproperty.com
Updated at 22 May 2019
မြို့ကြီး၃မြို့မှာတည်ဆောက်နေတဲ့ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအခန်းပေါင်း ၈၀၀ ကျော်တည်ဆောက်ခြင်းဟာ သည်နှစ်အောက်တိုဘာလမှာပြီးစီးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရပါသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က "အောက်တိုဘာလပြီးမယ်၊၂၀၁၉ အောက်တိုဘာပေါ့၊အခန်းပြီးမှာကတော့ ၈၀၀ ကျော်ပေါ့" လို့ပြောပါတယ်။
သည်နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတွေတည်ဆောက်နိုင်ဖို့အတွက် အစိုးရကနေလက်ရှိဘဏ္ဍနှစ်မှာ ၁၅ ဘီလျံခွင့်ပြုထားတယ်လို့ သိရပါတယ်။သည်အခန်းပေါင်း ၈၆၀ တည်ဆောက်ပြီးစီးရင်တော့ နိုင်ငံ့ဝန်ထမ်းအဖြစ် လက်ရှိတာဝန်ထမ်းဆေဆာင်နေသူတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွအတွက်လည်း ထည့်သွင်းဆောင်ရွက်ပေးသွားမယ်လို့ ဦးမင်းထိန်ကပြောပါတယ်။
နိုင်ငံံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်သစ်မိန့်ခွန်းပြောကြားရာမှာ နိုင်ငံ့ဝန်ထမ်းတွေအငြိမ်းစားယူသွားတဲ့အခါ သိက္ခာရှိရှိနဲ့နေထိုင်နိုင်ဖို့ အိမ်ရာတွေတည်ဆောက်ပေးသွားမယ်လို့ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
အစိုးရအနေနဲ့ လက်ရှိမှာလည်း ဝန်ထမ်းတွေနေထိုင်မှုအဆင်ပြေစေဖို့ပြည်ထောင်စုဘက်ဂျက်နဲ့အပြင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တွေဘက်ဂျက်တွေနဲ့ ဝန်ထမ်းအိမ်ရာ ၁၅၇ လုံး၊အခန်းပေါင်း ၂၄၈၄ ခန်းကိုလည်း တည်ဆောက်လျက်ရှိပါသည်။
အခြေခံပြည်သူတွေနေထိုင်ရေးအဆင်ပြေစေဖို့အတွက်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းတန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာစီမံကိန်းများမှ အိမ်ခန်းစုစုပေါင်း ၃၃၂၂ ခန်းကိုပြည်သူတွေနေထိုင်နိုင်ဖို့အတွက်လည်း တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါတယ်။
အခြားတိုင်းဒေသကြီးတွေမှာလည်း အိမ်ရာစီမံကိန်းတွေဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့မှာ အိမ်ခန်းပေါင်း ၆၇၆ ခန်းပါဝင်တဲ့ ဥမ္မာဒန္တီအိမ်ရာစီမ့ကိန်းနဲ့အိမ်ခန်းပေါင်း ၉၆ ခန်းပါဝင်တဲ့ ပြည်တော်သာအိမ်ရာ၊ကရင်ပြည်နယ် ဘားအံ့မြို့မှာအိမ်ခန်းပေါင်း ၄၈ ခန်းပါဝင်တဲ့ ကြားအင်းတောင်အိမ်ရာတို့ကို တညိဆောက်ရောင်းချပေးလျက်သိရပါတယ်။
Ref & Photo Creadit : kumudranews
Posted By : Witt Yee(ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties