By Myanmar Times, Shweproperty.com
Updated at 20 February 2015
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြို့ပြပညာရှင်များ ရေးဆွဲလျက်ရှိ သည့်ရန်ကုန်မြို့၏ မြို့မြေအသုံးချမှုဇုန်(Zoning Plan) သည် ယခုအခါ တွင် ရပ်တန့်နေသည့်အနေအထားဖြစ်ပြီး ဥပဒေတစ်ရပ်အဖြစ် တိတိကျကျပေါ်ထွက်လာရန် လိုအပ်နေသည့်အတွက် ပညာရှင်များနှင့် တာဝန်ရှိ သူများမှာ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း မြို့မြေအသုံးချမှုဇုန်ရေးဆွဲသည့် တာဝန်ရှိသူ များ ကပြောသည်။ "မြို့မြေအသုံးချမှုဇုန် (Zoning Plan) က ဒီကြားထဲမှာ နည်းနည်းရပ်သွားပါတယ်။ ရပ်သွားတယ်ဆိုတာက အားပြိုင်နေကြလို့ပါ။ မြို့မြေ အသုံးချမှုဇုန်ကတော့ ဆက်ပြီး အကောင်အထည်ဖော်ဖို့လိုနေပါပြီ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီ မြို့ပြစီမံကိန်း အကြံပေးဦးတိုးအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။ မြို့မြေအသုံးချမှုဇုန် (Zoning Plan) သည် ရန်ကုန်မြို့၏ မြို့မြေ အသုံးချခြင်းနှင့် အဆောက်အအုံအမြင့်သတ်မှတ်သည့် ဇုန် များကို ရေးဆွဲထားပြီး မြို့ပြတစ်ခုကို ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲထားသည့် ဥပဒေ ကြမ်းတစ်ခု ဖြစ်သည်။ ယင်းဥပဒေကြမ်းကို ရေးဆွဲနိုင်ရန် ၂၀၁၃ ခုနှစ်၊ မေလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်းကြီးဌာန၊ရန်ကုန်မြို့ပြ အမွေ အနှစ်ထိန်းသိမ်းရေး အဖွဲ့၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် JICA Study Team မှ ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော နည်းလမ်းများအတိုင်း ကျင့်သုံးနိုင်ရန်စတင် လေ့လာဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိရေးဆွဲထားသည့် မြို့မြေအသုံးချမှုဇုန် ဥပဒေကြမ်းသည် ရန်ကုန်မြို့၏ ၆၀ ရာခိုင်နှုန်းခန့်အထိ ရေးဆွဲပြီးစီးခဲ့ပြီး ယင်းပြီးစီးသည့် ဥပဒေကြမ်းကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၏ အတည်ပြုမှုရရှိရန် မှာ ကြန့်ကြာနေကြောင်း မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။ "ကျွန်တော်တို့ ဒါကိုရေးဆွဲထားတာ ရန်ကုန်မြို့ရဲ့ တောင်ဘက်ခြမ်းကနေစပြီး ဇုန်တွေကိုသတ်မှတ်ရေးဆွဲခဲ့ပါတယ်။ အခု ဆိုရင် ၆၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ မြို့မြေအသုံးချမှုဇုန်ကိုပြီးဆုံးတဲ့အထိ ရေးဆွဲ ရပါမယ်။ ပြီးရင်လည်း ပြီးသလောက်ကို အတည်ပြုထားဖို့ လိုပါတယ်။မြို့မြေအသုံး ချမှုဇုန်ကို မြန်မြန် အသိအမှတ်ပြုသင့်ပါပြီ။ ဒါပေမဲ့ အခုက အသိအမှတ်မပြုတဲ့အပြင်ရပ်တောင် ရပ်နေပါတယ်"ဟု၎င်းကပြောသည်။ ရန်ကုန်မြို့၏ လက်ရှိကျင့်သုံးနေသော စည်ပင်သာယာရေးဥပဒေများသည် လျင်မြန် စွာ ပြောင်းလဲဖြစ်ပေါ်နေမှုများကို ခြုံငုံနိုင်ခြင်းမရှိတော့သဖြင့်ခေတ်စနစ်နှင့် ကိုက်ညီ သော ထိန်းသိမ်းမှုနည်းလမ်းများကို ထပ်မံထည့်သွင်း သုံးစွဲနိုင်ရန်အတွက်ရေးဆွဲခြင်းဖြစ်သည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties