By The Trade Times, Shweproperty.com
Updated at 22 April 2015
ရန်ကုန်နယ်နိမိတ်အတွင်း မြင့် တက်လာသော အိမ်ခြံမြေဈေးနှုန်း များနှင့်အတူ အိမ်ခန်းငှားရမ်းခများ ပါ မြင့်မားလာသည့်အတွက် အိမ်ငှား ရမ်းခပေးရန် ခက်ခဲသော လက်လုပ် လက်စားများသည် ကျူးကျော် နေထိုင်သူများအဖြစ် ရောက်ရှိလာ ခြင်းကြောင့် ထိုပြဿနာကို သေချာ တိကျစွာ အဖြေရှာ ဆောင်ရွက်နိုင်မှ ရန်ကုန်မြို့၏ လူနေမှု ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးရာ ရောက်မည်ဖြစ်ကြောင်း မြို့ပြစီမံ ကိန်းပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ ရန်ကုန်နယ်နိမိတ်အတွင်း ဖြစ်ပွားနေသော အိမ်ရာမဲ့ ပြဿနာ များ၊ ကျူးကျော်နေထိုင်သူတို့ တိုးပွား လာပုံများ၊ ထိုသို့ တိုးပွားဖြစ်ပေါ်လာ ရသည့် အကြောင်းရင်းများကို အသေ အချာ လေ့လာသုံးသပ်ကာ နည်း စနစ်ကျကျနှင့် အမြန်ဆုံးဖြေရှင်းပေး ရန်လည်း လိုအပ်ကြောင်း အဆိုပါ မြို့ပြစီမံကိန်း ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။ ”ကျူးကျော်တွေ၊ အိမ်ရာမဲ့တွေ ဘာကြောင့်ဖြစ်ရတယ်၊ ဘာကြောင့် သူတို့ ကျူးကျော်နေရတယ် ဆိုတာ ကို အဖြေရှာပြီး နည်းစနစ်တကျ ဖြေရှင်းဖို့လိုတယ်။ ဘယ်လိုပုံစံတွေ နဲ့ ကျူးနေတယ် ဆိုတာကိုပါ လေ့လာ ဖို့ လိုတယ်။ အခြေခံလူတန်းစားတွေ အလွယ်ဖြေရှင်းနည်းကတော့ မြေ လွတ်ကလေးတွေမှာ တဲထိုးပြီး နေကြမှာပဲ”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က ပြောသည်။ ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့ အခြေချနေထိုင်သူများ တဖြည်း ဖြည်း များပြားလာနေသည့်အတွက် မြို့ပြစီမံကိန်း ပညာရှင်များ၏ ခန့်မှန်း တွက်ဆချက်အရ တစ်နှစ်လျှင် အိမ် ခန်းပေါင်း ၃ဝ,ဝဝဝ ခန့် လိုအပ်နေ သော်လည်း အခြေခံလူတန်းစားများ အတွက် ဖြည့်ဆည်း တည်ဆောက် ပေးနိုင်သည့် အခြေအနေမှာ အိမ်ခန်း ပေါင်း ၇,ဝဝဝ ကျော်သာ ရှိသည့် အပြင် ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ကန်ထရိုက်တာများကလည်း တန်ဖိုး နည်း တိုက်ခန်းများထက် တစ်ခန်း လျှင် ကျပ်သိန်း ထောင်ကျော်တန် သည့် ကွန်ဒိုမီနီယမ် တိုက်ခန်းများ ကိုသာ တည်ဆောက်မှု များပြား လျက်ရှိနေသည်။ ”ဖြေရှင်းအဖြေရှာနည်းကတော့ အိမ်ရာယူနစ်တွေ အများကြီးဖော် ထုတ်ပေးရမယ်။ တစ်ဖက်မှာလည်း သူတို့က ကျောတစ်ခင်းစာနေရာ အတွက် ခက်ခဲတဲ့သူတွေ ဖြစ်တာ ကြောင့် သူ့အဆင့်နဲ့သူ ဖြေရှင်းပေး ပါ။ စက်မှုဇုန်နဲ့ နီးပြီး မြေကွက်ဈေး သက်သာတဲ့ နေရာတွေမှာ လေ ကောင်းလေသန့်ရတဲ့ ဘားတိုက်တွေ ပဲဖြစ်ဖြစ် ပြန်ဆောက်ပြီး ငှားခကို သက်သက်သာသာ ယူပြီး နေခွင့်ပေး လိုက်ရင်၊ နယ်တွေမှာလည်း အလုပ် အကိုင် အခွင့်အလမ်းတွေကို ဖန်တီး ပေးလိုက်ရင် အိမ်ရာမဲ့တွေ၊ ကျူးကျော် ပြဿနာတွေ အများကြီး ပြေလည် သွားစရာရှိပါတယ်”ဟု မြို့ပြစီမံကိန်း ပညာရှင် မြန်မာနိုင်ငံ ဗိသုကာ အသင်းမှ ဦးအောင်မြင့်က ပြော သည်။ နယ်ဒေသများတွင် အလုပ် အကိုင် အခွင့်အလမ်း ရှားပါးလာမှု ကြောင့် အလုပ်အကိုင် အခွင့်အလမ်း များပြားသည့် မြို့ကြီးများသို့ ပြောင်း ရွှေ့အခြေချလုပ်ကိုင်မှု များပြားလာ ခြင်း၊ အိမ်ခြံမြေဈေးကွက်တွင်လည်း ဈေးကွက်လိုအပ်ချက်များ ပြည့်မီ အောင် ဆောက်လုပ်နိုင်မှု မရှိခြင်း စသည့် အခြေအနေများကြောင့် အိမ် ခန်းဈေးနှုန်းများမြင့်တက်ပြီး ဝင်ငွေ နည်းမိသားစုများ အိမ်ရာပိုင်ဆိုင် နိုင်ရန် ခက်ခဲသည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိလာရာ နိုင်ငံ တော်အစိုးရအနေဖြင့် ယင်းပြဿနာ များကို ရေတိုဖြေရှင်းသည့် ပုံစံများ ထက် ပြဿနာ အရင်းအမြစ်များကို ဖော်ထုတ် ရှင်းလင်းပေးရန် လိုအပ် လာသည်။ ”ကျွန်တော်တို့ဆီမှာ လယ်လုပ် တဲ့ အချိန်ပဲ အလုပ်က ရှိတယ်။ လူငယ်တော်တော်များများက တတ် နိုင်ရင် နိုင်ငံခြား ထွက်ပြီး လုပ်ရင် လုပ်၊ မလုပ်နိုင်ရင် မြို့တက်ပြီး အလုပ် လုပ်ကြတာများတယ်။ ကျွန်တော် တို့ဆီမှာသာ အလုပ်အကိုင်ပေါပြီး ဝင်ငွေကောင်းရင် ဘယ်သူမှ အခုလို မိသားစုနဲ့ ခွဲပြီး ဒုက္ခခံနေမှာ မဟုတ် ဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့တော်သို့ လာရောက် အလုပ်လုပ်ကိုင်နေပြီး လက်ရှိအချိန် တွင် ဒဂုံအရှေ့ပိုင်း စက်မှုဇုန်အနီး မြေကွက်လပ်ပေါ်၌ တဲထိုးနေထိုင်သူ ကိုမြင့်ဌေးက ပြောသည်။ ၂ဝဝ၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲခွင့်ဆိုင်ရာ နည်းဥပဒေ အခန်း (၂) မြေစီမံခန့်ခွဲခြင်း အပိုဒ် ၄ (ဆ) ၌ ပိုင်ရှင်ရှိသော နေရာတစ်ခုတွင် တရားမဝင် ကျူးကျော်ခြင်း မပြုနိုင် ရန် တားမြစ်ခြင်း၊ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ ကျူးကျော် သူများကို ဖယ်ရှား တရားစွဲဆိုခြင်း ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းထား သကဲ့သို့ ယင်းဥပဒေပါ အခန်း (၃) မြို့ပြစီမံကိန်း ရေးဆွဲခြင်း အပိုဒ် ၁၂ တွင် ကော်မတီအနေဖြင့် ကျူးကျော် များကို ဖယ်ရှားပြီး စနစ်တကျ ပြန်လည် နေရာချထားပေးရန်လည်း ထည့်သွင်း ပြဋ္ဌာန်းထားသည်။ ”အိမ်မဲ့ယာမဲ့တွေ၊ ကျူးကျော် တွေကို ပြဿနာရှာတယ်လို့ အပြင် လူတွေက မြင်နေကြတယ်။ သူတို့ကို ဖယ်လိုက်ရင်လည်း သူတို့လာပြီး အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒုက္ခရောက်သွားနိုင် တယ်။ သူတို့ရဲ့ ကောင်းကွက်လေး တွေကိုလည်း ထည့်စဉ်းစားဖို့ လို တယ်”ဟု စီးပွားရေးပညာရှင်နှင့် စာရေးဆရာတစ်ဦးဖြစ်သူ ဦးခင် မောင်ညို (ခင်မောင်ညို ဘောဂဗေဒ) က ပြောသည်။
Ref : The Trade Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties