By 7daydaily, Shweproperty.com
Updated at 25 January 2019
နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများ ပြန်လည်ဖော် ထုတ်ကာ မြို့ရွာစီမံချက်အဖြစ် စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရေး အဆိုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန က ထောက်ခံကာ ပြည်သူ့လွှတ် တော်က ယမန်နေ့အစည်းအဝေး တွင် အတည်ပြုခဲ့သည်။
တိုင်းပြည်၏ လူဦးရေတိုး ပွားလာသည်နှင့်အမျှ နေထိုင်စ ရာ အခက်အခဲဖြစ်လာပြီး ကျူး ကျော်နေထိုင်မှုများ တစ်နေ့တ ခြား များပြားလာသည့် ပြဿနာ သည် အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သဖြင့် ယင်းကဲ့သို့ နေရာချပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုတင်သွင်းခဲ့သည်။
စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့ ပြကျေးရွာများအဖြစ် ဖော်ဆောင် ပေးခြင်းဖြင့် ယင်းမြေများကိုအ သုံးပြုကာ ကိုယ်ကျိုးရှာနေသည့် စီးပွားရေးသမားများ၏ အန္တရာယ် မှ ကာကွယ်နိုင်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။
အချို့ စီးပွားရေးလုပ်ငန်း ရှင်များသည် မြေလွတ်၊ မြေလပ် များပေါ်တွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည်ဆိုကာ လက်တွေ့ ၌ မည်သည့်လုပ်ငန်းမျှ မလုပ်ဘဲ ဦးထားကာ စီးပွားရေးအရ အမြတ်ထုတ်နေသည်များရှိကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ထောက်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း နှစ်သန်းကျော် ရှိပြီး ယင်းအနက် အချို့ကို စီမံ ကိန်းများဆောင်ရွက်ရန် ချပေး ထားသည်။ စီမံကိန်းဆောင်ရွက် ရန် ချပေးထားသည့်အထဲမှ သတ် မှတ်ကာလ လေးနှစ်အတွင်း ဆောင်ရွက်ခြင်း မရှိသည့် မြေယာများကို ပြန်လည်သိမ်းယူခဲ့ရာ လက်ရှိတွင် မြေဧက ကိုးသောင်းကျော် သိမ်းယူပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။
ယင်းအဆိုကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် လွှတ်တော်ကိုယ်စား လှယ် ၁၈ ဦးက ထောက်ခံဆွေး နွေးခဲ့သည်။
Ref : 7day Daily
Photo Credit : Clarington
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties