By Sint Sint, Shweproperty.com
Updated at 3 November 2020
ရန်ကုန်မြို့တွင် တိုက်ခန်း နဲ့ နေထိုင်သူများအတွက် မွန်းကြပ်မှုဒဏ် ကင်းဝေးပြီး အိမ်တွင်းရှိလေထု ၊ လည်ပတ်မှုကောင်းပြီး ၊ သဘာဝနည်းလမ်းနဲ့သန့်စင်စေဖို့ နဲ့ အိမ်တွင်း အလှဆင်အပင်လေးတွေ အဖြစ်လည်း သုံးလို့ရတဲ့ နည်းလမ်းလေးကို အခုလိုရေးသားဖော်ပြပေးလိုက်ပါတယ်။
အပင်လေးတွေက လေထုထဲ မှ ဓာတုအဆိပ် အတောက်တွေ နှင့် ဘင်ဇင်းတွေ ကိုစုပ်ယူပြီး လူတွေ အတွက် အောက်ဆီဂျင်ထုတ်ပေးလို့ လူကို အကျိူးပြုတယ် ဆိုတာ လူတိုင်း အကြမ်းဖျဉ်းလောက်တော့သိပြီးသားဖြစ်ပါတယ်။ စာရေးသူကတော့ တိုက်ခန်းလေးတွေ အတွင်း လေထုသန့်စင်မှု ကို အထောက်အကူ ပြုစေတဲ့ အိမ်တွင်း အလှဆင်သစ်ပင်လေးတွေအကြောင်းကို မျှဝေပေးလိုပါတယ်။ အဲဒီအချိန်မှာ လေထုကိုသန့်စင်စေတဲ့ အပင်လေး တွေ များစွာ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အပင်လေးတွေရဲ့ အရွက်ပြားလေးတွေဟာ လေထုထဲ ရှိ လူတွေ ကို ထိခိုက်စေတတ်တဲ့ ဒြပ်ပေါင်းတွေ ကို ဖယ်ရှားပစ်ပြီး ပိုမိုသန့်ရှင်းလတ်ဆတ်တဲ့ လေထု ကို ပြုလုပ်ပေးတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
သင်တို့ရဲ့ တိုက်ခန်းအတွင်း လေထုတွေ သန့်ရှင်းလတ်ဆတ်မှုကို ဖြစ်စေဖို့ အကောင်းဆုံး အပင်လေး တွေကို စာရင်းပြုစုထားခဲ့ပါတယ်။ အဲဒီ့ထဲကမှ ရန်ကုန်မြို့နေလူထုအတွက်ပန်းပင်အရောင်းဆိုင်များတွင် အလွယ်တကူ ရှာဖွေဝယ်ယူရရှိနိုင်တဲ့ အပင်လေးတွေက စုစည်းဖော်ပြလိုက်ပါတယ်။
ဒါကြောင့် မိသားစု အတွက် ရော ၊ သင့် အတွက်ရော လေထု အတွင်း အဆိပ်အတောက် ကင်းစင်ပြီး လေထုသန့်စင်မှု ကို ရရှိစေဖို့ အောက်ဖော်ပြပါ အပင်လေးတွေထဲက ကိုယ့်အိမ်အကျယ်အဝန်း ၊ နေထိုင်ရသည့် ပတ်ဝန်းကျင် (အိမ်မှာ ဓါတုပစ္စည်းအသုံးများသလား ၊ သို့တည်းမဟုတ် စိုထိုင်းမှုများတဲ့အုတ်နံ့ရံတွေရှိနေလား) အိမ်မွေးတရိဆ္တန်ရှိလား ဆိုတဲ့အချက်တွေ ပေါ်မှာ မူတည်လို့ သင့်တော်မဲ့ အပင်တစ်မျိူးမျိူးကို သင့်အိမ်အတွင်း မှာ စိုက်ပျိုးထားနိုင်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။
ဇော်ကြားပင်။
ကြားပင် ကို အိမ်ထဲ မှာ အလွယ်တကူပေါက်ရောက်ရှင်သန်နိုင်တဲ့ အပင်တစ်မျိုးအနေနဲ့ ယေဘုယျအားဖြင့်တွေ့မြင်ကြရမှာပါ။ ဒီအပင်လေး ဟာ အိမ်အတွင်းမှာ ရှိနေတဲ့ လေထုအဆိပ်အတောက်တွေ ကို ၂ ရက်အတွင်း မှာ ၉၀% အထိလောက်ကို ဖယ်ရှားပေးနိုင်ပါတယ်တဲ့။ အရွက်တွေ က လျင်မြန်စွာ ရှည်ထွက်လာပြီး ယားယံမူးဝေစေတဲ့ ဓာတ်မတည့်သော အရာတွေ ၊မှိုတွေကဲ့သို့သော အရာတွေ ကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဒီ ဇော်ကြားပင်လေး ဟာ အမှုံအမွှားနှင့်ပတ်သက်ပြီး ဓာတ်မတည့် ယားယံစေတတ်သူများအတွက် တကယ့်ကို ထိရောက်စေတဲ့ ဆေးဖက်ဝင် အပင်လေး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအပင်လေး ဟာ ကာဘွန်ဓါတ် မီးလောင်ကျွမ်းသည့်အခါ ထွက်ပေါ်လာသော အဆိပ်ဓါတ်ငွေ့ နှင့် အရောင်မဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့တို့ရဲ့ အကြွင်းအကျန် အငွေ့အစအနတို့ကိုလည်း စုပ်ယူဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
ရှားစောင်းလက်ပတ်ပင်။
လူတိုင်းနီးပါး မှာ သူတို့အိမ်တွင် ရှားစောင်းလက်ပတ်ပင်တွေ ရှိတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပင်လေး က အနာဒဏ်ရာတွေ ကို သက်သာစေတဲ့ အစွမ်းရှိနေလို့ဖြစ်ပါတယ်။ အရွက်လေးရဲ့အတွင်းသား အကျိအချွှဲလေးတွေ ဟာ မီးလောင်ဒဏ်ရာ နှင့် ထိခိုက်ရှနာတို့အတွက် အထူးသက်သာကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဒီရှားစောင်းလက်ပတ်ပင်လေး ဟာ တိုက်ခန်းတွေ အတွင်း လေထု အဆိပ်အတောက်တွေ ကိုလည်း သန့်စင်ပါတယ်။ ၎င်း ဟာ ဓာတုသန့်စင်ဆေးရည်တွေမှာ အတွေ့ရများတဲ့ ဘင်ဇင်း အနံ့အသက်တို့ ကင်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
မယ်တော်ဂမုန်း။
ယ်တော်ဂမုန်း ဟာ လှပတဲ့ အပင်လေး တစ်ပင်ဖြစ်သလို ကျမတို့ ရဲ့ အိမ်၊တိုက်ခန်း အတွင်း မှလေထုအဆိပ်အတောက်တွေ ကိုလည်း ၆၀% သန့်စင်စေပါတယ်။ အပင်လေး ရဲ့ အရွက်တွေ ဟာ အိမ်အတွင်း ၊တိုက်ခန်းတွေ အတွင်း မှာ စွဲကပ်နေတဲ့ မှိုအမှုန်အမွှားတွေ ကို စုပ်ယူပြီး သူတို့ရဲ့ အစာ အဖြစ်လည်ပတ်လိုက်ပါတယ်။ ဒါ့အပြင် ရေချိုးခန်းတွေ မှာ မယ်တော်ဂမုန်း ကိုထားပေးခြင်းအားဖြင့် ရေချိုးခန်းအတွင်း တပ်ဆင်ထားတဲ့ အရာဝထ္တုတွေ ၊လိုက်ကာတွေ ကို မှိုတက်ခြင်း မှ ကင်းဝေးစေသလို အက်စီတုန်းဓာတ်ငွေ့ နှင့် အရက်မှထွက်တဲ့အန္တာရယ်ဖြစ်စေတဲ့ အငွေ့ပျံမှုကိုလည်း စုပ်ယူ ထိန်းသိမ်းထားနိုင်စွမ်း ရှိပါတယ်။
တိုင်ကပ်နွယ်ပင်။
ဒီတိုင်ကပ်နွယ်ပင်လေးဟာ လေထဲမှာဆောင်ယူပေါက်ပွား တတ်တဲ့ အညစ်အကြေးပမာဏ ကို လျော့ချနိုင်တာကြောင့် အိမ်ထဲမှာ တိရိစ္ဆာန်မွေးထားသူများအနေဖြင့် အထူးကို သင့်လျော် စေပါတယ်။ ဒါ့အပြင် အိမ်ထောင်ပရိဘောဂများ ၊ ကော်ဇော အခင်းအကျင်းများ နှင့် အိမ်အတွင်းသန့်စင်ရည် တို့တွင် ယေဘုယျအားဖြင့် အတွေ့ရများတဲ့ အရောင်မဲ့ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကိုလည်း စုပ်ယူနိုင်စွမ်း ရှိပါတယ်။လေ့လာတွေ့ရှိချက် အရ ဖော်ပြထားတာကတော့ ဒီ တိုင်ကပ်နွယ်ပင်လေး ကို သင့်ရဲ့ အလုပ်စားပွဲပေါ်မှာ ထားခြင်းအားဖြင့် အာရုံစူးစိုက်မှု ကို ပိုမိုကောင်းမွန်စေပြီး အခန်းတွင်း ပစ္စည်းပစ္စယများတွင် တွယ်ကပ်နေတဲ့ အမှုန်အမွှား၊ ဓာတုအငွေ့အသက်တွေ ကိုလည်း စုပ်ယူနိုင်တာကြောင့် အခန်းတွင်းလေထု ကို သန့်ရှင်းစေပါတယ်။
ကျောက်ခက်ပန်း။
ဒီကျောက်ခက်ပန်းလေး ဟာ အရမ်းကို နာမည်ကြီးတဲ့ အိမ်တွင်း အလှဆင်အပင်တစ်မျိုးဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူး အပြင် နေအိမ်တိုက်ခန်းအတွက် စိမ်းစိုပြီး ၊ ကျက်သရေဆောင်စေတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဒီအပင်လေးတွေ ဟာ လေထဲ မှာ စိုထိုင်းမှုကို ပြန်လည်ထိန်းညှိုပေးနိုင်တာကြောင့် အသားအရေ ခြောက်သွေ့ပြီး အအေးပြသနာ ရှိသူများအတွက် အရမ်း ကို အဆင်ပြေစေပါတယ်။ အရောင်မဲ့ ဖော်မယ်ဒီဟိုက် အငွေ့အသက် တို့ကိုလည်း ပပျောက်အောင် လုပ်ဆောင်နိုင်စွမ်းရှိသလို ခြင်းလေးဖြင့်ထည့်ပြီး အလှစိုက်ပျိုး ကာ အိမ်ရဲ့ ပတ်ပတ်လည်တွင် တွဲလောင်းချိပ်ဆွဲထား ပါက အရမ်း ကို လှပစေပါတယ်။ ဒီအပင်လေး နှင့်ပတ်သက်ပြီး ဂရုစိုက်ရမှာကတော့ ဒီကျောက်ခက်ပန်းလေး ကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့စေပြီး အရွက်လေးတွေ ကို ပုံမှန် ရေဖျန်းပေးဖို့လိုပါတယ်။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ
ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး
အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ
အိမ်ခန်းထဲမှာဖယောင်းတိုင်ထွန်းတာ ကျန်းမာရေးအတွက်ကောင်းလား
အိပ်ခန်းထဲမှာပန်ကာကိုမသုံးသင့်တဲ့အကြောင်းအရင်း
Credit : Yangonlife
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties