By Wai Phyoe, Shweproperty.com
Updated at 2 December 2015
အိမ်ခြံမြေဈေးကွက်ရဲ့ ဈေးနှုန်းကြီးမြင့်သွားပြီး အရောင်းအဝယ် တက်မှုဟာ အဆီအနှစ်ပြန်လည် ထုတ်ယူလို့မရတဲံ မြို့ပြင်ဈေးကွက်တွေကြောင့် ပိုမိုငြိမ်သက်သွားခဲ့တာ ဖြစ်ပါတယ်။ လူနေထိုင်တာမျိုးမရှိသေးတဲ့ မြို့ပြင်က လယ်ကွင်းနဲ့ အကွက်ကြမ်း၊ အကွက်ရိုက်မြေတွေမှာ ဝယ်လိုအားအများစုဟာ ငွေကြေးတတ်နိုင်ရင် တစ်ပြိုင်နက်တည်း ဝယ်ယူနိုင်တာကြောင့် ဈေးတွေကလည်း အဆမတန် ထိုးတက်လာတာ ဖြစ်ပါတယ်။ တကယ့်ဈေးနဲ့ မကိုက်ညီတဲ့ နေရာတွေမှာ ဈေးတွေပြန်လည် ကျဆင်းနေတာကြောင့် တဖြည်းဖြည်း ဈေးတွေရော အရောင်းအဝယ်တွေပါ နှေးကွေးလာတယ်လို့ သိရပါတယ်။
ဈေးနှုန်းကျဆင်းမှုတွေကလည်း (၂၀၁၅) နှစ်စပိုင်းကတည်းက တအိအိကျဆင်းခဲ့တာကြောင့် လက်ရှိအချိန်မှာ ဈေးကွက်အများစုဟာ ပုံမှန်ထက် (၂၀) ရာခိုင်နှုန်းလောက် လျှော့ဈေးတွေနဲ့ အရောင်းအဝယ် ပြုလုပ်လာကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်းတွေဟာ တခြားအိမ်နီးချင်း နိုင်ငံကဈေးတွေထက် များပြားနေပြီး တခြားစီးပွားရေး လုပ်ငန်းတွေထက် ရင်းနှီးမြှုပ်နှံရတာ လွယ်ကူတာကြောင့် လက်ရှိဈေးကွက် ပျောက်သွားချိန်မှာ ဝယ်လိုအားနည်းပြီး ပြန်လည်ရောင်းချချင်သူတွေ များပြားနေတဲ့ ရောင်းလိုအား ဈေးကွက်ကြီးမားနေတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်ကို စောင့်ကြည့်နေကြတာများပြီး၊ အတိအကျပြောရတာခက်နေတော့ ဈေးကွက်ကို ခန့်မှန်းဝယ်မယ်ဆိုရင် ပျက်သွားတာမျိုးမဟုတ်ဘဲ အရင်ကလောက် အရောင်းအဝယ် မဖြစ်တော့တာလို့ သိရပါတယ်။
Written By : Wai Phyoe
Photo Credit : mmbiztoday
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties