By Myanmar Builders Guide, Shweproperty.com
Updated at 18 July 2018
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေ(ကွန်ဒိုနည်းဥပဒေ)အား ပြည်သူ့လွှတ်တော်မှ အတည်ပြုလိုက်သည့်အချက်များထဲမှနှစ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန် အတွက် MCEA မှတောင်းဆိုထားရာ လာမည့် ပြည်သူ့လွှတ်တော် တွင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA)ဥက္ကဋ္ဌ မှပြောကြားခဲ့သည်။
အများက ကွန်ဒိုမီနီယံ ဥပဒေ ဟုခေါ်ဆိုသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်တွင်အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် နည်းဥပဒေကို ၂ဝ၁၈ ခုနှစ်အစောပိုင်းမှသာ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသည့်ကိစ္စကို အမျိုးသားလွှတ်တော်တွင်ဆွေးနွေးခဲ့ပြီးပြီ။အမျိုးသားလွှတ်တော် တွင်ဆွေးနွေးချက်အားလုံးကိုလည်း ပြည်သူ့လွှတ်တော်ကို ပြန်ချပေးပြီးပြီ။
ဇူလိုင် ၂၃ ရက်တွင် ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။ပြည်သူ့လွှတ်တော်အနေနှင့် ဒါကို လက်ခံလိုက်ပြီဆိုလျှင် ကွန်ဒို မီနီယမ်နည်းဥပဒေသည် ပြီးဆုံးသွားမည်။
ဆွေးနွေးချက်အဆင်မပြေဘူးဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြီးမှ အဆုံးအဖြတ်ရယူရမည်ဖြစ်သည်။ပြည်သူ့လွှတ်တော်မှ အဆောက်အအုံ မဆောက်လုပ်မီ အဆောက်အအုံတည်ထောင်သူမှ ထိုအဆောက်အအုံ၏ တန်ဖိုး ၁၅% ကို ဘဏ်အတွင်း ထည့်သွင်းထားရန် ဖော်ပြထားရာ MCEA မှ ၁ဝ%သို့ လျှော့ချပေးရန်နှင့် အဆောက်အအုံပြီးစီးပါက ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းကို တည်ဆောက်သူ မှနှစ်နှစ် တာဝန်ယူရမည့် အချက်ကို တစ်နှစ်သို့လျှော့ချပေးရန် တောင်းဆိုထားကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties