By The Voice Weekly, Shweproperty.com
Updated at 11 July 2013
စီးပွားရေးအခွင့်အလမ်းနှင့် ဖွံ့ဖြိုးရန် အလားအလာ များပြားမှုကြောင့် စီးပွားရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန် အမေရိကန်ပြည်ထောင်စုမှ အိမ်၊ ခြံ၊ မြေ ကုမ္ပဏီ Colliers International က ပြည်တွင်းတွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်ရန် ဝင်ရောက်လာကြောင်း အဆိုပါကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ Tony Picon က ပြောကြားသည်။
အဆိုပါကုမ္ပဏီသည် မြန်မာ့အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို လေ့လာ၍ စာတမ်းများလည်း ထုတ်ပြန်ခဲ့ကာ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ထင်ဟပ်နိုင်သည့် Yangon Property Market Report ကို ထုတ်ပြန်ခဲ့သည်။
“Colliers က မြန်မာ့အိမ်၊ ခြံ၊ မြေဈေးကွက်ထဲကို ဝင်လာတဲ့ ပထမဆုံးကမ္ဘာ့အဆင့် အကျိုးဆောင်ကုမ္ပဏီပါ” ဟု အဆိုပါ ကုမ္ပဏီ အာရှဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Piers Brunner က ပြောကြားသည်။
အာရှဒေသတွင်း အလားအလာအရှိဆုံး ဖြစ်နေသော ဈေးကွက်ကို လွန်ခဲ့သည့် ၂ နှစ် ကတည်းက လေ့လာနေကြောင်း Piers Brunner က ပြောဆိုသည်။
လက်ရှိရန်ကုန်မြို့တွင် ရုံးခန်း ငှားရမ်းခသည် စီးပွားရေးဖွံ့ဖြိုးပြီး စင်ကာပူ၊ ဟောင်ကောင်တို့နှင့် အပြိုင်ဖြစ်နေပြီး ဟိုတယ်အခန်းခနှင့် အရည်အသွေးမြင့် အိမ်ရာများမှာလည်း အရှေ့တောင်အာရှတွင် ဈေးအလွန်များနေကြောင်း ရန်ကုန်အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
“ဖွံ့ဖြိုးဆဲနိုင်ငံတွေ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ ရုတ်တရက်ရင်ဆိုင်တွေ့ရင် အိမ်၊ ခြံ၊ မြေဈေးနှုန်းမြင့် တက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကိုအရမ်းကြီး မစိုးရိမ်သင့်ဘူး” ဟု ပြင်သစ်ဆောက်လုပ်ရေးကုမ္ပဏီ Bouyges မှ တာဝန်ခံ Peter Francis က မှတ်ချက်ပြုသည်။
Colliers က ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် ဝန်ထမ်းအရည်အသွေး မြှင့်တင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဟု ယင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီထံမှ သိရသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties