By Sint Sint, Shweproperty.com
Updated at 31 May 2021
အိပ်ခန်းလေး သက်သောင့်သက်သာဖြစ်စေဖို့ အိပ်ခန်းနံရံက ဆေးအရောင်ကလည်း အရေးကြီးပါတယ်။ အိပ်ခန်းထဲ ဝင်လိုက်တာနဲ့ ပူသလိုဖြစ်နေတာမျိုး၊ စိတ်ထဲ ထိုင်းမှိုင်းသွားတာမျိုး၊ စိတ်ရှုပ်စေသလိုဖြစ်သွားတာမျိုးက နံရံမှာ သုတ်ထားတဲ့ဆေးအရောင်ရဲ့လွှမ်းမိုးမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရောင်တွေမှာလည်း လွှမ်းမိုးမှုရှိတတ်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ၁။ အနီရောင် အနီရောင်က လူ့ရဲ့စိတ်ကို အလွယ်တကူဆူပွက်စေပြီး စိတ်လှုပ်ရှားလွယ်စေပါတယ်။ စိတ်အားထက်သန်မှုကို ဖြစ်စေပါတယ်။ ဒေါသစိတ်ဖြစ်လွယ်စေပါတယ်။ ဒီလို လူ့ရဲ့စိတ်ကို တက်ကြွလှုပ်ရှားစေလွန်းတာကြောင့် ဒီအရောင်ရဲ့လွှမ်းမိုးမှု ညဘက်နှစ်ခြိုက်စွာ အိပ်စက်မှုကို အဟန့်အတားဖြစ်စေတတ်ပါတယ်။ ညမအိပ်မှီမှာ ဒီလို သက်ရောက်မှုလေးတွေ ရှိတတ်တာကြောင့် အိပ်ခန်းကို အနီရောင်ဆေးမသုတ်သင့်တာတော့အမှန်ပါ။အနီရောင်က စိတ်အားတက်ကြွမှုကို ဖြစ်ဖို့လိုအပ်တဲ့ အားကစားခန်းမလို နေရာမျိုးနဲ့သာ သင့်တော်တာ ဖြစ်ပါတယ်။ ၂။ အနက်ရောင် အနက်ရောင်က အခန်းကိုမှောင်သလို ဖြစ်သွားစေရုံမက ပုံမှန်ရှိနေတဲ့အကျယ်အဝန်းထက် ပိုကျဉ်းသွားသလို ခံစားရစေခြင်း ဖြစ်ပါတယ်။ အမှောင်က နှစ်ခြိုက်စွာ အိပ်စက်စေဖို့ အ ထောက်အကူပြုတာ မှန်ပေမယ့် မနက်ပိုင်းမှာ အိပ်ယာကနိုးထစေဖို့ အခက်အခဲ ဖြစ်သွားစေပြန်တယ်။ စိတ်ပိုင်းဆိုင်ရာအရ သင့်ရဲ့စွမ်းအင်တွေကို ယုတ်လျော့စေတတ်ပါတယ်။ ဒါကြောင့် အနက်ရောင်ဟာလည်း အိပ်ခန်းနံရံတွေမှာ မသုံးသင့်တဲ့အရောင်ထဲ ပါနေပါတယ်။ ၃။ အဝါရောင် အဝါရောင်ကလည်း စိတ်တက်ကြွမှုကို လှုံ့ဆော်ပေးတဲ့အရောင်တစ်မျိုးပါ။ နေရဲ့အစွမ်းက တောက်ပမှုနဲ့လင်းလက်မှုဖြစ်သလို အဝါရောင်ဟာလည်း နေရဲ့အလင်းရောင်လိုမျိုး စူးရှလင်းထိန်မှုမျိုးကို ပေးစွမ်းပါတယ်။ အနီရောင်လိုမျိုး ဦးနှောက်ကို နှိုးထစေပါတယ်။ ဒါကြောင့် သူ့ကို နေ့မှာသုံးလို့ ကောင်းပေမယ့် ညလိုမျိုးမှာ လူတစ်ယောက်ရဲ့နှစ်ခြိုက်စွာ အိပ်စက်မှုကို အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် အဝါရောင်ကလည်း အိပ်ခန်းမှာ ရှောင်သင့်တဲ့အရောင်လို့ သိရပါတယ်။ ၄။ သံပုရာစိမ်းရောင် အစိမ်းရောင်အမျိုးမျိုးရှိကြတဲ့အထဲမှာ သံပုရာစိမ်းရောင်လို အရောင်မျိုးကလွဲလို့ အခြားအစိမ်းတွေက အိပ်ခန်းအတွက် သင့်တော်ပါတယ်။ သံပုရာစိမ်းရောင်က မီးဖိုချောင်နဲ့ ဧည့်ခန်းလိုနေရာမျိုးမှာ သုံးသင့်ပြီး အိပ်ခန်းမှာ ရှောင်သင့်တဲ့အရောင်မျိုးပါ။ လင်းလက်တဲ့အရောင်မျိုးဖြစ်တာကြောင့် ညဘက်နှစ်ခြိုက်စွာအိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် အစိမ်းရောင်ကို အရမ်းကြိုက်လို့ အိပ်ခန်းထဲမှာ သုံးချင်လွန်းတယ်ဆိုရင် ပူစီနံလိုအစိမ်းရောင်မျိုးသာ ရွေးချယ်သင့်ကြောင်း အကြံပြုထားကြပါတယ်။ ၅။ အညိုရောင် မှောင်မိုက်တဲ့အရောင်က စိတ်ကိုလေးလံစေတဲ့ခံစားမှုကို ပေးစွမ်းပါတယ်။ ဒီထက်ဆိုးတာက မနက်အိပ်ယာမထချင်ဘဲ အိပ်နေချင်တဲ့စိတ်ကို ဖြစ်စေပါတယ်။ ၆။ လိမ္မော်ရောင် လိမ္မော်ရောင်ကလည်း အိပ်ခန်းထဲမှာ မသုံးသင့်တဲ့အရောင်ပါ။ တောက်ပလွန်းတဲ့အ ရောင်ဖြစ်တာမို့ ကလေးကစားကွင်းတို့လိုနေရာမျိုးမှာ သင့်တော်တဲ့အရောင်ပဲဖြစ်ပါတယ်။ တောက်ပလွန်းတဲ့အရောင်တွေက ညအမှောင်မှာ နှစ်ခြိုက်စွာ အိပ်စက်မှုကို ခက်ခဲစေလွန်းတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ခန်းအလှပြင်ဆင်ရေးကျွမ်းကျင်သူတွေက အိပ်ခန်းအလှကိုပြင်ဆင်ကြတဲ့အခါ ဆေးအ ရောင်ကို ရွေးချယ်မှုကလည်း အရေးကြီးကြောင်း ကို အကြံပြုထားကြခြင်း ဖြစ်ပါတယ်။ ဒီလိုအရောင်တွေကို အိပ်ခန်းမှာ မသုံးသင့်တဲ့အရောင်တွေအဖြစ် ပြောထားကြခြင်း ဖြစ်ပါတယ်။ ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်တစ်အိမ်မှာ အရေးကြီးတဲ့ ကျက်သရေအဖြာဖြာ အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ အိမ်မြေကို အပေါင်ထားမည်ဆိုလျှင် လယ်ယာမြေကို အရောင်းအဝယ်လုပ်ရာမှာ တရားဝင်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုပါတယ် ပါမစ်မြေ အကြောင်းသိကောင်းစရာ Credit : Yangonlife Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties