By 7daydaily, Shweproperty.com
Updated at 20 September 2016
ရန်ကုန်မြို့တွင် စီးပွားရေးအချက်အချာကျသည့် CBD နယ်မြေငါးခုအဖြစ် ရန်ကင်းအပါအဝင် ဒဂုံတောင်မြောက်လမ်းဆုံ၊ ဒဂုံဆိပ်ကမ်း၊ ပဲခူးမြစ် ကမ်းဘေး၊ သီလဝါနယ်မြေတို့၌ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူးဦး တိုးအောင်က ပြောသည်။
‘‘စီးပွားရေးဗဟိုခွဲ Sub Cen-tre တွေကို မြို့လယ်ကနေပြီး တော့ ၁၀ကီလိုမီတာအကွာ ၁၅ ကီလိုမီတာအကွာတွေမှာ လုပ် သွားဖို့ အစီအမံတွေ ထားရှိပါ တယ်’’ ဟု ဦးတိုးအောင်က ဆို သည်။
လက်ရှိတွင် မရမ်းကုန်း၊မင်း ဓမ္မနယ်မြေတွင် တည်ဆောက်နေ ပြီး ယခုနှစ်၌ ဒုတိယမြောက်နယ်မြေအဖြစ် ရန်ကင်း မြို့နယ်ကို အကောင် အထည်ဖော်ရန် လျာထားသည်။
Sub-Centre ဆိုသည်မှာ ပြဇာတ်ရုံများ၊ စီးပွားရေးအ ဆောက်အအုံများ၊ ရုံးခန်းများ၊ ရှော့ပင်းမောလ်များ၊ ရောင်းဝယ် ရေးလုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်သည်။
ရန်ကုန်မြို့လယ်၌ စီးပွားရေး အဆောက်အအုံများ၊ လူနေအိမ်ရာများ၊ ရုံးလုပ်ငန်းများဖြင့် ကျပ်တည်းလာမှုကို ဖြေရှင်းရန် ၂၀၁၄ က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဧကတွင် စီးပွားရေး အဆောက်အအုံများ အကောင်အထည်ဖော်ရန် The First Myanmar ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ကိုင်ခွင့်ချထားပေးခဲ့သည်။
Ref : 7daydaily
Photo Credit : travelfish
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties