By The Kumudra, Shweproperty.com
Updated at 16 March 2016
လက်ရှိအထပ်မြင့် ဆောက်လုပ်ရေးတွေ ပြီးစီးနေပြီဖြစ်ပေမဲ့ ပြင်ပဆောက်လုပ်ရေးတွေ ထပ်ဝင်လာတဲ့အခါ ရန်ကုန်မြို့တွင်း ကုမ္ပဏီရုံးခန်း အငှား ဈေးကွက်တွေပိုကောင်းလာနိုင်ပါတယ်။ဒါပေမဲ့ အငှါးဈေးနှုန်းတွေကတော့ ကျလာနိုင်တယ်လို့သိရပါတယ်။
ဆောက်လုပ်နေတဲ့အဆင့်မြင့်တိုပ်ခန်းတွေ ၊ ကွန်ဒိုတွေမျာနေတဲ့အပြင် အိမ်ခြံမြေဈေးကွက်အတွင်းကို နိုင်ငံတကာက ဝင်ရောက်ရင်းနှီးမြှုပ်နှံ မှုတွေ ပိုဝင်လာတဲ့အခါ အဆောက်အအုံတွေ ပိုများလာမှာဖြစ်သလို လက်ရှိဈေးကွက်အတွင်းမှာလည်း ကုမ္ပဏီရုံးခန်းငှါးတဲ့ ဈေးကွက်ကမြို့ တွင်းထဲမှာပဲ စုပြုံနေတာများပါတယ်။
မြို့တွင်းဆက်စပ်မြို့နယ်တွေမှာလည်းနေရာတိုင်း မဟုတ်ဘဲ သီးခြားဈေးကွက်လေးတွေပဲရှိတာလို့ အကျိုးဆောင် တချို့က ပြောပါတယ် ။ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင်ဦးကျော်ဝင်းက "ဆောက်လက်စ အဆောက်အအုံတွေကလဲ ပြီးတဲ့အချိန်ထပ်ဝင်လာဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတကာက ဆောက်လုပ်ရေးလုပ်ငန်းတွေလဲ ရှိနေတယ် ၊ဒီထက်ပိုပြီးများလာရင် အငှါးဈေးကွက်က ပိုကောင်းလာမှာပဲ၊ ဒါပေမဲ့ ဈေးနှုန်း ကတော့ ပြောင်းလဲ သွားနိုင်လို့ " ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဈေးကွက်ထဲကို မရောက်သေးပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုနေပါတယ်။ တချို့နိုင်ငံတွေရဲ့ ဆောက်လုပ်ရေးတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ၊ နည်းပညာတွေစတဲ့ ဈေးကွက်တွေကလည်း ဝင်ရောက်လာဖို့ ပြင်ဆင်နေကြတာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဝန်ကျင်ကစပြီး ကုမ္ပဏီရုံးခန်းတွေရဲ့ ငှါးခက ဈေးမကျဘဲဈေးမြင့်လာတာကြောင့် ငှါးသူတွေကဆက်မငှါးနိုင်ကြတာ များလာလို့ ညှိနှိုင်းဈေးတွေနဲ့ ငှါးကြတာတွေလည်းရှိလာပါတယ်။အသစ်ဆောက်လုပ်ထားတဲ့ ရှော့ပင်းမောလ်နဲ့ စင်တာတချို့မှာ ရုံးခန်းငှါးရမ်းခ ဈေးနှုန်းတွေ အနည်းငယ် ကျနေတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်နိုင်က "အငှါးဈေးကွက်ထဲမှာ လူနေအငှါးဈေးကွက်ကတော့ ဦးဆောင်ပြီရှိနေမှာဖြစ်တယ် ၊ ဝယ်နိုင်တဲ့ လူတန်စာတွေ နည်းနေသေးတဲ့ အချိန်ထိ အငှါးဈေးကွက်က ဦးမော့နေမှာပဲ ၊ ရုံးခန်းတို့၊ ဆိုင်ခန်းတို့ကသာ စီးပွားရေတစ်ခုဖြစ်တာကြောင့် ဒီဈေးကွက်ကတော့ ပြောင်းလဲလာနိုင်လောက်တယ်" လို့ပြောပါတယ်။
Ref : The Kumudra
Photo Credit : reddit
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties