By The Trade Times, Shweproperty.com
Updated at 22 September 2015
ပြည်တွင်းတွင် သတ်မှတ်ထား သည့် အနည်းဆုံး အခကြေးငွေ သတ် မှတ်ချက်ထက် ဝင်ငွေရရှိနှုန်း မြင့်မား သလို အလုပ်အကိုင်ရရှိနှုန်း မြင့်မား သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ၌ လူငယ်များဝင်ရောက် နှုန်း မြင့်မားလာကြောင်း သိရသည်။
”တိုင်းပြည်က အဆောက်အအုံ လိုအပ်ချက် မြင့်မားတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေမှာ အလုပ် အကိုင်အခွင့်အလမ်းတွေက ပိုများ တာ အမှန်ပဲ။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ဆို ရန်ကုန်ရော၊ နယ်ဒေသ တွေပါ ပေါင်းရင် လူ ၂,ဝဝဝ လောက် အလုပ်အကိုင် ပေးထားတယ်”ဟု ၁၉၉၄ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ သည့် Original Group ဆောက် လုပ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် များမှာ အလုပ်အကိုင်ရရှိရန် ကန့် သတ်ချက်များမရှိဘဲ စတင်ဝင်ရောက် လုပ်ကိုင်သည့်ကာလမှာပင် ကျပ်ငွေ ၅,ဝဝဝ အထက် ရရှိနိုင်ကြောင်း သိရ သည်။
”ကျွမ်းကျင်အဆင့်ဆိုရင် တစ် ရက်ကို ၁၅,ဝဝဝ လောက် ရတယ်။ အသစ်တွေကတော့ ၅,ဝဝဝ အထက် ရပါတယ်”ဟု ၎င်းက ပြောသည်။ ယင်းအပြင် အဆောက်အအုံ လိုအပ်ချက်မှာ များပြားသည့်အတွက် အလုပ်သမားအင်အားလည်း အမြဲ တမ်း လိုအပ်ချက်ရှိနေကြောင်း သိရ သည်။
”အလုပ်လုပ်နိုင်ရင် ရပါတယ်။ ကျွန်တော်တို့က အချိန်နဲ့ တစ်ပြေးညီ လုပ်ရတာဆိုတော့ အလုပ်လုပ်နိုင် တဲ့ အရွယ်တွေ၊ လူကောင်ထွားတာ တွေဆို ခန့်လိုက်တာပဲ။ အသက် တွေ တခြားဟာတွေ သိပ်မမေးဘူး” ဟု ကျွမ်းကျင် လက်သမားခေါင်း ကိုမြင့်စိုးက ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု တွင် သံချည်၊သံကွေး၊ ပန်းရန်၊ လက် သမား၊ ရေသမား၊ မီးသမား အစရှိ သူများ စုပေါင်းလုပ်ကိုင်ရပြီး ¤င်းတို့ ၏ ဝင်ငွေရရှိမှု အခြေအနေကြောင့် လုပ်ခလစာ ပြဿနာ ဖြစ်ပေါ်မှု မရှိ ကြောင်း သိရသည်။
”လုပ်ငန်းလည်ပတ်တဲ့ ပုံစံက နှစ်မျိုးရှိတယ်။ လခစား ဝန်ထမ်းနဲ့ ကန်ထရိုက်ငယ်တွေက တစ်ဆင့် ပြန်ခွဲပြီးလုပ်တဲ့ အလုပ်သမားတွေ ဆိုပြီး ရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်းက ကောင်းပါတယ်။ လူ ထောင်ဂဏန်းလောက်ကို အလုပ် ပေးနိုင်တယ်။ ကုမ္ပဏီကြီးတွေ အနေ နဲ့တော့ အသက် ၁၈ နှစ် အထက် တွေပဲ ခိုင်းကြပါတယ်”ဟု Naing Group ဆောက်လုပ်ရေး Operation Director ဦးစောမြင့်အောင်က ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေး အလုပ် သမားများမှာ အလုပ်ပိတ်ရက် သတ်မှတ်ခြင်းမရှိဘဲ နေ့စားပုံစံဖြင့် လည်ပတ်ရပြီး အချို့သောလုပ်ငန်း ခွင်များတွင် အချိန်ပို ခိုင်းစေမှုများ ပင်ရှိကြောင်း သိရသည်။
”ဆောက်လုပ်ရေး အလုပ်သမား ဆိုတာ တခြားအလုပ်သမားတွေနဲ့ ယှဉ်ရင် ပြဿနာဖြစ်ပွားမှု အနည်း ဆုံး အခြအနေမှာ ရှိနေတယ်။ သူတို့ က တစ်ခုခုဖြစ်ရင် တိုင်လို့ရမှန်း တောင် မသိကြဘူး”ဟု အလုပ် သမား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက ပြော သည်။
ဆောက်လုပ်ရေး အလုပ်သမား အများစုမှာ လုပ်ငန်းခွင်မှာ အခြား သော လုပ်ငန်းခွင်များနှင့် မတူညီဘဲ ခွန်အားစိုက်ထုတ်မှုများကြောင်း ၁၉၈၇ ခုနှစ်မှစတင်ကာ ဆောက် လုပ်ရေး အလုပ်သမားအဖြစ် လုပ် ဆောင်ခဲ့သည့် ဦးကျော်မိုးဦးက ပြော သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties