By pyimyanmar, Shweproperty.com
Updated at 11 June 2014
ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်မှာ ဈေးနှုန်းများအဆမတန်မြင့်တက်လာသော်လည်း ငှားရမ်းလိုသူမှာလည်း များပြားလာခြင်းကြောင့် ငှားရမ်းလိုသူများအနေဖြင့်အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း ကွန်ဒိုတိုက်ခန်းအငှားဈေးကွက်မှ စုံစမ်းသိရှိရသည်။
ကွန်ဒိုတိုက်ခန်းအငှားဈေးနှုန်းများမှာ သင်္ကြန်မတိုင်မီက ဈေးနှုန်းနှင့်ယှဉ်လျှင် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှု်းအထိ မြင့်တက်လာခဲ့ကြောင်းသိရှိရသည်။ "ကွန်ဒိုတိုက်ခန်းအငှားဈေးနှုန်းကဘယ်လိုကြောင့်ဒီလောက်အထိတက်လာမှန်းမသိဘူး။အဓိကတော့နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အတွက် နိုင်ငံခြားသားလာရောက်နေထိုင်မှုများပြားလာတာရယ်၊ ရွှေ့ပြောင်းလုပ်သားတွေကရန်ကုန်ကိုဦးတည်ပြီး လာရောက်နေထိုင်ကြတာတွေကြောင့် အိမ်ရာလိုအပ်ချက်တွေက မြင့်မားပြီး ဈေးနှုန်းတွေက အဆမတန်မြင့်တက်လာတယ်။ ဒါပေမယ့်ငှားရမ်းလိုတဲ့နှုန်းကလည်း မလျော့ ကျသွားဘူး" ဟုဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။
ကွန်ဒိုတိုက်ခန်းဈေးကွက်တွင် အငှားဈေးကွက်က ဦးဆောင်နေပြီး အရောင်းအဝယ်မှာ ပုံမှန်သာရှိကြောင်း လတ်တလောအိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်း ၃၀၀၀ အောက် မြေကွက်များအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကျပ်သိန်း ၃၀၀၀ အောက်မြေကွက်များ အရောင်းအဝယ်ဖြစ်ရာတွင် ဂရန်မြေကွက်များအပြင်၊ ပါမစ်မြေကွက်များလည်း အရောင်းအဝယ်သွက်နေကြောင်း မြေကွက်ဈေးနှုန်းများမှာလည်း မြင့်တက်လျှက်ရှိပြီး ဧပြီ ၁ ရက် အိမိခြံမြေ အရောင်းအဝယ်နှင့် ပက်သက်သည့် အခွန်နှုန်းထားများ ပြောင်းလဲပြီးနောက်ပိုင်း မြေကွက်များမှာ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းများမြင့်တက်လာခဲ့ေြာင်း သိရသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties