By ထားထားခင်, Shweproperty.com
Updated at 25 February 2014
ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လို အပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒို အရေအတွက်သာများပြားနေပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂ဝ၁၅ နောက်ပိုင်းမှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိ သည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ကွန်ဒိုဈေးကွက်မှာလည်း ၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှသာ အရှိန်အဟုန်ဖြင့် ပိုမို ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
လှိုင်မြို့နယ်ရှိ Capital Development Limited မှ မလွင်မာ အောင်က ''အဆင့်မြင့်ကွန်ဒိုတစ်ခု တည် ဆောက်နိုင်ဖို့အတွက် မြေအမျိုးအစားက ဂရမ်မြေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ဝယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာဖို့နဲ့ ကွန်ဒိုတစ်ခုရဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ ပြည့်စုံ ဖို့ အဓိကအထောက်အကူဖြစ်စေပါတယ်။
ကွန်ဒိုရဲ့ အရည်အသွေးက ဝန်ဆောင်မှု ပိုင်း၊ ပံ့ပိုးမှုပိုင်း ပြည့်စုံပြီး ကွန်ဒိုရဲ့အရည် အသွေးအားသာချက်ရှိတာကလည်း ဈေး ကွက်ထိုးဖောက်မှုအပိုင်းမှာ အထောက်အ ကူဖြစ်စေနိုင်ပါတယ်။ ဈေးကွက်မှာဖြစ်နေ တာက အဆင့်မြင့်ကွန်ဒိုတစ်ခုမှာ facility အနေနဲ့ ကားပါကင်ပါတယ်ဆိုရင် ဈေးက သိန်း ၃,ဝဝဝ ဖြစ်နေပြီ၊ တချို့ဟာတွေက ကွန်ဒိုလို့သာ ပြောနေကြတာ တကယ်တော့ high-end apartment တွေပါပဲ'' ဟု မဇ္ဈိမ ကို ပြောသည်။
ရန်ကုန်မြို့ရှိ ကွန်ဒိုအများစုသည် တည်ဆောက်သူဘက်မှ ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံအောင် ထည့်သွင်းထားမှုမရှိကြောင်း နှင့် ယင်းအချက်က ကွန်ဒိုဈေးကွက် ပီပြင် စွာပေါ်ပေါက်လာစေရန် အတားအဆီး တစ်ရပ်သဖွယ်ဖြစ်နေသည်ဟုလည်း ၎င်း က ပြောသည်။
ကမာရွတ်မြို့နယ်ရှိ Perfect Home Generation Real Estate & Construction မှ ဈေးကွက်မန်နေဂျာ ကိုရန်အေးကလည်း မြန်မာပြည်ရှိ ကွန်ဒိုများသည် ဈေးနှုန်း အနေအထားမြင့်မားသည့်အတွက် ငွေ ကြေး အသင့်အတင့်သာတတ်နိုင်သော သူများအတွက် အလှမ်းဝေးနေဆဲဖြစ်သည် ဟု ဆိုသည်။
''ကွန်ဒိုတွေက ဈေးများနေ တော့ ဈေးကွက်ထဲမှာ တိုက်ခန်းတွေပဲ အ ရောင်းအဝယ်သွက်နေပါတယ်'' ဟုလည်း ၎င်းကဆိုသည်။
''မြန်မာပြည်မှာရှိတဲ့ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံတဲ့ ကွန်ဒိုတွေဆိုရင် ဈေးနှုန်း သိန်း ၂,၅ဝဝ လောက်ရှိတယ်၊ တကယ်တမ်း ပြောရမယ်ဆိုရင် ကွန်ဒိုတွေက အောက် ခြေလူတန်းစားတွေနဲ့ အရမ်းအလှမ်းဝေး နေတယ်၊ သူတို့တွေအတွက် ကွန်ဒိုမပြော နဲ့ တိုက်ခန်း အပေါ်ဆုံးထပ်ကိုတောင် မတတ်နိုင်တဲ့သူတွေရှိတယ်၊ ဈေးကွက်မှာ အမေးများတာကလည်း သိန်း၂၅ဝ နဲ့ သိန်း ၃ဝဝ ကြား တိုက်ခန်းတွေပဲ အမေးများ တယ်''ဟု မဇ္ဈိမသို့ ပြောသည်။
၂ဝ၁၄ ခုနှစ်တွင် ကွန်ဒိုအရောင်းအ ဝယ်များနည်းပါးခဲ့သည်ဟု မဆိုနိုင်သော် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ပိုမိုဝင်ရောက်လာနိုင်မည့်၂ဝ၁၅ ခုနှစ်တွင် မူ အရောင်းအဝယ်ပိုဖြစ်လာနိုင်သည်ဟု လည်း ကိုရန်အေးက ပြောသည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာပြည်ကိုလာမယ်ဆိုရင်တော့ ကွန်ဒို အရောင်းအဝယ်ရော၊ အငှားရော ပိုဖြစ် မှာပါ၊ ကမ္ဘာအေးဗီလာမှာဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၃,၅ဝဝ လောက် အငှားဈေးရှိတယ်၊ အဆင့်မြင့်ကွန်ဒိုတွေ ရဲ့ အရောင်း အငှားဈေးကွက်က ၂ဝ၁၅ မှာ ပိုမိုပီပြင်စွာ ဖြစ်တည်လာမှာပါ'' ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ မြေကွက်ကျဉ်းများပေါ် တွင် ဓာတ်လှေကားထည့်၍တည်ဆောက် ထားကြသော ကွန်ဒိုဟုခေါ်ဆိုနေသည့် အထပ်မြင့်တိုက်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသော အဆင့်မြင့် ကွန်ဒို စစ်စစ်များမဟုတ်ဟုလည်း ကိုရန်အေး က ပြောသည်။
ဗဟန်းမြို့နယ်ရှိ စိုးကမ္ဘာ အိမ်ခြံမြေ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကမူ ကွန်ဒို ဝယ်ယူသူများသည် အဓိကအားဖြင့် ဈေး နှုန်း၊ ပံ့ပိုးမှုအင်္ဂါရပ် ၊ ရေရှည်တွင်ဝယ်ယူ သူအတွက် ကိုက်ညီမှုရှိ၊ မရှိ စသော အချက်များကိုကြည့်၍ ကွန်ဒိုများကို ရွေး ချယ်ဝယ်ယူလေ့ရှိသည်ဟုပြောသည်။
''အတွေ့အကြုံအရ ၂ဝ၁၁ ခုနှစ်က နေ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကွန်ဒို ဈေးနှုန်းတွေ တော်တော်မြင့်တက်လာခဲ့ တာကိုတွေ့ရတယ်၊ ခန့်မှန်းမိသလောက် ဈေးနှုန်းတွေက ၂ဝ၁၁ ကထက် သုံးဆ လောက် ပိုတက်လာတယ်၊ ဝယ်သူတွေက ဈေးနှုန်း၊ ဓာတ်လှေကား၊ ကားပါကင်စတဲ့ facility တွေကို ဘတ်ဂျက်နဲ့ချိန်ဆပြီး ရွေး ချယ်ဝယ်ယူလာကြတာအပြင် ရေရှည် အတွက်ကောင်းတဲ့နေရာ ဥပမာ-ရုံးခန်း ဖွင့်မယ်ဆိုလည်း အဆင်ပြေမယ့်နေရာမျိုး မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတွေကို ရွေးချယ် လာကြတယ်။
ဈေးကွက်ကနေ လေ့လာမိသလောက် ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတချို့ ဈေးကြီးတယ်ဆိုတာက ကွန်ဒိုမှာ ထည့် သွင်းပေးထားတဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေက စုံ လင်တယ်၊ ကားပါကင်၊ လုံခြုံရေးအပြင် တခြား facility တွေ ပါပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းတူပြီး facility ကွာတဲ့ကွန်ဒိုတွေ လည်းဈေးကွက်မှာရှိတယ်။ တချို့ကွန်ဒို တွေမှာ ကားပါကင် မပါဘူးလားဆိုရင် တော့ ပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီ တွေ ရုံးခန်းဖွင့်ဖို့အတွက်ကျတော့ အဆင့် မြင့်ကွန်ဒိုမဟုတ်တဲ့အတွက် အဆင်မပြေ ဘူး။ ဒါမျိုးကွန်ဒိုတွေကတော့ ဈေးကွက် မှာ အောင်မြင်ဖို့ ခဲယဉ်းသွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ Assistant Manager မခင်မာနွယ်က''လက် ရှိအချိန်မှာတော့ ကွန်ဒိုဥပဒေက မူကြမ်း အဆင့်ပဲထွက်သေးတဲ့အတွက် ကွန်ဒိုလို့ သတ်မှတ်ရမယ့်အချက်တွေနဲ့ ပတ်သက် ပြီး တိတိကျကျ မသိရသေးဘူး၊ ကိုယ့် အဆောက်အအုံတွေက ကွန်ဒိုဥပဒေထွက် လာလို့ အဲဒီမှာထည့်သွင်းဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် ကွန်ဒိုလို့ သတ်မှတ်ခံရမယ်၊ ကွန်ဒိုဆိုတာ အထပ်မြင့်အဆောက်အအုံကို ပြောတာ မဟုတ်ဘူး'' ဟု ပြောသည်။
ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ဖွယ်ရှိသည့် ကွန်ဒိုဈေးကွက်အတွက် အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကွန် ဒိုများကို စံချိန်စံညွှန်းများနှင့်အညီ တည် ဆောက်မှုများရှိလာနေသည်ဟုလည်း ကွန် ဒိုဆောက်လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။
မလွင်မာအောင်က ''ပံ့ပိုးမှုအင်္ဂါရပ် နှင့်ပြည့်စုံသည့် ကွန်ဒိုများသာ ဈေးကွက် တွင် ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်'' ဟု ဆိုသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties