By The Trade Times, Shweproperty.com
Updated at 1 June 2015
ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း များထက် ကွန်ဒိုတိုက်ခန်းများကို အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချ လာသည့်အတွက် မြေဈေးနှုန်းများ မြင့်တက်လာသလို ကွန်ဒိုဝယ်ယူသူ များကြားတွင်လည်း ဆောက်လုပ် ရေး ကုမ္ပဏီများအပေါ် ထားရှိသည့် ယုံကြည်မှုများ ပျက်ပြားသွားခြင်း ကြောင့် ကွန်ဒိုတိုက်ခန်းဈေးကွက် အရောင်းအဝယ် အေးသွားရခြင်းဖြစ် ကြောင်း တော်ဝင်မိသားစုဆောက် လုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုထွေးက The Trade Times နှင့် သီးခြား တွေ့ဆုံခဲ့သည့် မေလ ၂၆ ရက်တွင် ပြောသည်။
”ဆောက်လုပ်ရေး လုပ်နေတဲ့ developer တွေရဲ့လောဘနဲ့ အရှိန် က မြင့်သွားတယ်။ တစ်စတုရန်းပေ ကို ကျပ် ၁ဝ,ဝဝဝဝ ရောင်းလို့ ရနေတဲ့ အနေအထားကနေ ကျပ် ၁၅,ဝဝဝဝ တင်ရောင်းကြည့်တယ်။ တဖြည်း ဖြည်းနဲ့ ဈေးတိုးရောင်းကြည့်တော့ မြေဈေးတွေလည်း မတရားလိုက် မြင့်လာရော စုစုပေါင်း အရင်းမှ ၁ဝ,ဝဝဝဝ လောက် ကျတဲ့ အခြေ အနေမှာ အမြတ်ကျန်အောင် တင် ရောင်းလို့ ရတော့ ကျန်တဲ့သူတွေက ပါ ဒီစီးပွားရေး ကောင်းတယ်ဆိုပြီး အကုန် ဝင်ဆောက်ကြတယ်”ဟု ၎င်းက ပြောသည်။
ယခင်က ကွန်ဒိုမီနီယမ် အထပ် အလွှာအလိုက် မြေဈေးနှုန်းတွက် ချက်မှုအရ တစ်ပေပတ်လည်လျှင် ကျပ် ၂ဝ,ဝဝဝ ခန့်သာရှိရာမှ ကွန်ဒို တစ်ပေပတ်လည် ရောင်းဈေးများ မြှင့်တင်လာသည်အတွက် တစ်ပေ ပတ်လည်လျှင် မြေဖိုး (ကွန်ဒိုအတွက်) ကျပ် ၅ဝ,ဝဝဝ ခန့်အထိ မြင့်တက် လာခဲ့ပြီး ဆောက်လုပ်သည့် ကုန်ကျ စရိတ်မှာ ကွန်ဒိုအတွက် တစ်ပေ ပတ်လည်လျှင် ကျပ် ၅ဝ,ဝဝဝ သာ ကုန်ကျမှုများ ရှိသဖြင့် မြေဖိုးနှင့် အဆောက်အအုံ ဆောက်လုပ်သည့် ကုန်ကျစရိတ် စုစုပေါင်းမှာ တစ်ပေ ပတ်လည်လျှင် အရင်းက ကျပ် ၁ဝ,ဝဝဝဝ ခန့်သာ ကုန်ကျမှု ရှိနိုင် သော်လည်း ပြင်ပကွန်ဒို ဈေးကွက် တွင်မူ အနည်းဆုံး တစ်ပေပတ်လည် လျှင် ကျပ် သုံးသိန်း အထက်ရောင်း ချနေခြင်းကြောင့် ကွန်ဒိုမီနီယမ် ဆောက်လုပ်ခြင်းသည် developer ဆောက်လုပ်ရေး ကုမ္ပဏီများအဖို့ အမြတ်အစွန်းကြီးမားသည့် တည် ဆောက်ရေးလုပ်ငန်းဖြစ်လာသည်။
”တင်ရောင်းလို့ ရမှန်းလည်း သိလာရော မြေဈေးတွေပါ မြင့်လာ တယ့်အပြင် မလုပ်တတ် မကိုင်တတ် တော့ ခသျအ တွေက တက်လာပြီး အရင်းက တစ်ပေပတ်လည်ကို ကျပ် ၁၈,ဝဝဝဝ အထိ ဖြစ်လာတယ်။ ဒီတော့ ကျပ် ၂၅ဝ,ဝဝဝ တိုးရောင်း ကြည့်တယ်။ ရတော့ သုံးသိန်းခွဲတို့၊ လေးသိန်းခွဲတို့အထိ တိုးပြီး ရောင်းလာ ကြတယ်။ ငါးသိန်းအထိ တင်ရောင်း ကြလို့ ကွန်ဒိုတန်ဖိုးက လုံးချင်းတိုက် အထိ မြင့်သွားတဲ့ အခြေအနေအထိ တောင် ဖြစ်လာတယ်။ ရောင်းရမှန်း လည်း သိရောဈေးတွေ စွတ်တင်ကြ တာ ဝယ်တဲ့ လူတွေက လန့်ပြီးတော့ အဝယ်တွေ ရပ်သွားတယ်”ဟု ၎င်းက ပြောသည်။
ကွန်ဒိုမီနီယမ်အများစုမှာ နေရာ အကွက်အကွင်းကျသည့် နေရာများ တွင် တည်ဆောက်ထားမှုနှင့် ပြည့်စုံ လုံလောက်သည့်ခေငူငအငနျ များပါ ထည့်သွင်းတည်ဆောက်လာခြင်း၊ နိုင်ငံခြားသားများနှင့် ပြည်ပတွင် အနေကြာသူ မြန်မာနိုင်ငံသားများ လက်ခံယုံကြည်လာသည့် ခသညခနစအ ကြောင့် ပြည်တွင်း၌ ကွန်ဒိုဖြင့် နေထိုင်လိုသည့် လူတန်းစားတစ်ရပ် ပေါ်ထွက်ခဲ့ရာ developer များက ကွန်ဒိုများ အပြိုင်အဆိုင်ဆောက် လုပ်ပြီး အမြတ်အစွန်း တင်ရောင်းချ လာကြခြင်း ဖြစ်သည်။
ကွန်ဒိုတိုက်ခန်း ဝယ်ယူထားသူ အများစုမှာ အမှန်တကယ်နေထိုင် ရန်ထက် အမြတ်တင် ပြန်လည် ရောင်းချရန်နှင့် အခန်းများကို ပြန် လည် ငှားရမ်းရန်ဟူသည့် ရည်ရွယ် ချက်များဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုအသွင် လုပ်ဆောင်နေကြခြင်း ဖြစ်ပြီး ကွန်ဒိုတိုက်ခန်းဝယ်ယူသူ ၁ဝဝ လျှင် အမှန်တကယ် နေထိုင်သူ ၂ဝ ခန့်သာ ရှိကြောင်း ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
”ဒီက လူတွေက တစ်ယောက် ဆောက်လို့ မြတ်တာ သိရင် ကျန်တဲ့ သူတွေ လိုက်ဆောက်တဲ့ အလေ့ အကျင့်က ဆောက်လုပ်ရေးလောက မှာ အများကြီးပဲ။ ဈေးကွက်ဝယ်လို အား မကြည့်ဘဲ၊ တွက်ချက်မှု မရှိဘဲ ဆောက်လို့ ကွန်ဒိုတွေ ဈေးကွက် မှာ အများကြီး ပုံနေတယ်”ဟု မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ် ငန်းရှင်များအသင်း တွဲဖက်အတွင်း ရေးမှူး ဦးအေးလင်းက ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties