By Myanmar Builders Guide, Shweproperty.com
Updated at 24 December 2018
ရန်ကုန်မြို့အတွင်း အဆင့်မြင့်ကွန်ဒိုမီနီယမ်တိုက်ခန်း ၇၃ဝဝ ဝန်းကျင်သာရှိပြီး တိုးတက်မှုနှုန်းရပ်တန့်နေကာ စီမံကိန်းအများစု နှောင့်နှေးမှုများ ဖြစ်နေခြင်းကြောင့် ပျမ်းမျှကွန်ဒိုတိုက်ခန်းဈေးနှုန်းများ ယခင်သုံး လပတ်ထက် ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက်နိုင်ငံတကာအိမ် ခြံမြေဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International (Myanmar) ၏ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်ဈေးကွက် အစီရင်ခံစာတွင် သုံးသပ်ထားသည်။
၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီကွန်ဒိုတိုက်ခန်း ၁၀၅၅၃ ခန်းရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း ၂၀၁၈ တတိယသုံးလပတ်အတွင်း အခန်းသစ် ထွက်ပေါ်မှုမရှိဘဲ ၂၀၁၈ ဒုတိယသုံးလပတ်ကအတိုင်း အခန်းပေါင်း ၇၃ဝဝ ဝန်းကျင်သာ ဆက်ရှိခြင်းဖြစ်သည်။ ဈေးကွက်အတွင်း အလယ်အလတ်အဆင့်ရှိ ကွန်ဒိုတိုက်ခန်းများ ဝယ်လိုအားကျဆင်းလာသည်ကို တွေ့ရပြီး ပျမ်းမျှအခန်းဝယ်ယူမှုနှုန်းမှာ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း ၅၈ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်း အခန်းပေါင်း ၃၀၀၀ နီးပါးထပ်တိုးမည်ဟု ခန့်မှန်းခဲ့သော်လည်း စီမံကိန်းအများစုသည် နှောင့်နှေးမှု များဖြစ်ပေါ်နေ၍ ဈေးကွက်အတွင်းသို့ ရောက်မလာဘဲရှိနေသည်။ အခန်းသစ်ထွက် ရှိမှုနည်းပါးခြင်းကြောင့် ဝယ်ယူမှုနှုန်းထား မြင့်တက်ခဲ့သော်လည်း ကွန်ဒိုတိုက်ခန်းဈေးနှုန်းများနှင့် အခန်းငှားရမ်းခများ ကျဆင်းလာသည်။
ဈေးကွက်ကျဆင်းမှုရှိနေသော်လည်း ဆောက်လက်စ ကွန်ဒိုတိုက်ခန်းများရှိနေ သောကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ပြည့်နှစ်အထိ တိုက်ခန်းသစ် ၇၈၀၀ ဝန်းကျင်ထွက် ရှိမည်ဟု မျှော်မှန်းထားသည်။ နှစ်စပိုင်းက ယခုနှစ်အတွင်း စီမံကိန်း ၃၈ ခုပြီးစီးမည်ဟု ခန့်မှန်းခဲ့သော်လည်း အများစုမှာ ကြန့်ကြာနေဆဲဖြစ်သည်။ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၅၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈ ပထမသုံးလပတ်တွင် ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်တွင် ၆၅ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော်လည်း ကားပါကင်နေရာ လုံလောက်စွာမပေးနိုင်သော ကွန်ဒိုတိုက်ခန်းများမှာ ရောင်းအားကျဆင်းလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မူဝါဒအပြောင်းအလဲများကြောင့် အထပ်မြင့်အဆောက်အအုံများ လုပ်ငန်းဆောင် ရွက်မှုနှောင့်နှေးခဲ့ရပြီး အကျိုးဆက်အနေ ဖြင့် ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ အထပ်မြင့်အဆောက်အအုံများမှ ကွန်ဒိုမီနီယမ်တိုက်ခန်းများ အသစ်ထွက်ရှိမှု လျော့နည်းခဲ့ရသည်။
၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်ကွန်ဒိုမီနီ ယမ်ဈေးကွက်တွင် အနိမ့်ဆုံးဈေးနှုန်း ဒေါ်လာ ၁၄၆၄၀၀ ဝန်းကျင်မှ ၇၁၃၀၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပြီး ကြိုတင်ငွေပေးသွင်း မှုစနစ်ဖြင့် ပျမ်းမျှဝယ်ယူမှုသည် ၂၀၁၆ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်ဟု ဈေးကွက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုမီ နီယမ်တိုက်ခန်းများအနက် အလယ်အလတ် အဆင့် ၁၃ ရာခိုင်နှုန်း၊ အလယ်အလတ်ထက် အဆင့်မြင့်သောအဆင့် ၂၅ ရာခိုင်နှုန်း၊ အရည်အသွေးမြင့်အဆင့် ၄၉ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties