By The Trade Times, Shweproperty.com
Updated at 9 June 2015
ရန်ကုန်မြို့တော်အတွင်း တည် ဆောက်ပြီး၊ တည်ဆောက်လျက်ရှိ သည့် အထပ်မြင့် အဆောက်အအုံ များ၊ ကွန်ဒိုများ၏ ၇ဝ ရာခိုင်နှုန်းနီးပါး အထိ ပြည်ပရင်းနှီးမြှုပ်နှံသူတို့ ပါဝင် ပတ်သက်မှုရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း သတင်းရရှိသည်။
”Residence တွေ၊ အထပ်မြင့် ကွန်ဒိုတွေဆို ပြည်ပရင်းနှီးမြှုပ်နှံမှု က အနည်းဆုံး တစ်ဝက်ပါနေတယ်။ မြန်မာပြည်မှာ ကွန်ဒိုအလုံး ၁ဝဝ ရှိမယ်ဆိုရင် အလုံး ၇ဝ၊ ၈ဝ လောက် အထိက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မှု ရှိနေပါတယ်”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးလင်းက ပြောသည်။
ပြည်ပမှ လာရောက်၍ ရင်းနှီး မြှုပ်နှံသူများအပေါ် မြေပိုင်ဆိုင်ခွင့် ကို ဥပဒေအရ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် ပြည်ပဆောက်လုပ်ရေး ကုမ္မဏီများအနေဖြင့် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အထပ် မြင့် အဆောက်အအုံများ၊ ကွန်ဒိုမီနီ ယမ်များကို အကျိုးတူ ဆောက်လုပ် လာသည်။
ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္မဏီ ကြီးများ အနေဖြင့် ရှစ်ထပ်အမြင့် အထိ အဆင်ပြေပြေ ဆောက်လုပ် နိုင်သည့် နည်းပညာများ ရှိနေကာ ရှစ်ထပ်အထပ် အဆောက်အအုံများ တည်ဆောက်ရန်အတွက်မှာမူ နည်း ပညာဆိုင်ရာ လိုအပ်ချက်များ ရှိနေ သဖြင့် အထပ်မြင့် အဆောက်အအုံ များ၊ အထပ်မြင့် ကွန်ဒိုများ ဆောက် လုပ်နိုင်ရန် ပြည်ပဆောက်လုပ်ရေး ကုမ္မဏီများနှင့် ပူးပေါင်းလျက် နည်း ပညာများနှင့် ငွေကြေးအရင်းအနှီး များ ရယူဆောက်လုပ်နေကြသည်။ ”ကျွန်တော်တို့က နိုင်ငံခြား ကုမ္ပဏီဖြစ်တဲ့အတွက် မြေပိုင်ဆိုင် လို့ မရပါဘူး။ ဒါကြောင့် မြန်မာ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကွန်ဒို တွေ၊ အထပ်မြင့်တွေ ဆောက်သွား မှာပါ”ဟု စင်ကာပူနိုင်ငံရှိ နာမည် ကျော် ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုဖြစ်သည့် ှSoilbuild Construction အထွေထွေမန်နေဂျာ ဦးငွေဇော်က ပြောသည်။
ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းကြီးများ အနေနှင့် နိုင်ငံတကာ အဆင့်မီ အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်နိုင်ရန်မှာ နည်းပညာ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည့်အပြင် ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာများ၊ ငွေကြေး အရင်းအနှီးလိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည့်အတွက် ယင်းပြဿနာများ ဖြေရှင်းရေးအတွက် ပြည်ပ ဆောက် လုပ်ရေးကုမ္မဏီများ ပြည်တွင်းသို့ အမြောက်အမြား ဝင်ရောက်လုပ် ဆောင်ရန် လိုအပ်လျက် ရှိသည်။
”ကွန်ဒိုတွေမှာ လူနေအိမ်တွေ၊ ရုံးခန်းတွေဖွင့်လာတာရယ်၊ မိသားစု တွေ လာလည်ရင်လည်း အဆင်ပြေ တာရယ်ကြောင့် ပြည်ပကလုပ်ငန်း ရှင်တွေက ကွန်ဒိုတွေဆောက်ဖို့ကို အားသန်လာတာပါ”ဟု ရွှေကမ္ဘာ မောင်မောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties