By 7 Day Daily, Shweproperty.com
Updated at 18 September 2017
မကြာမီ ထုတ်ပြန်မည့် စုပေါင်းပိုင် အဆောက်အအုံနည်း ဥပဒေ Condo Law တွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချနိုင်မည်ဆိုသောအချက်ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။
စက်တင်ဘာ နောက်ဆုံး ပတ်တွင် ထုတ်ပြန်မည့်အဆိုပါ နည်းဥပဒေ၌ အထက်ပါအချက် များ ထည့်သွင်းရေးဆွဲထားခြင်း ကြောင့် မူလဥပဒေထက် နည်းဥပ ဒေသည် ပိုမိုပြည့်စုံကောင်းမွန် လာမည်ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။
အထူးသဖြင့် ကြိုပွိုင့်ရောင်း ချခြင်းမှ ရရှိသည့် ငွေများကို ဘဏ် တွင် အပ်နှံထားရမည်ဖြစ်ပြီး ယင်း ငွေများကို ဆောက်လုပ်ရေးလုပ် ငန်းအတွက်သာ ပြန်လည်အသုံး ပြုရမည်ဖြစ်ကာ ပြင်ပ၌သုံးစွဲ ခွင့် မရှိကြောင်း သတ်မှတ်ချက် များပါဝင်လာမည်ဖြစ်သည်။
‘‘ကြိုပွိုင့်ကိုထိန်းချုပ်ချင်လို့ လုပ်တာကောင်းပေမယ့် ကွန်ဒို ဆောက်တဲ့ လုပ်ငန်းရှင်တွေအ တွက် ဒီအချက်က အခက်အခဲ တော့မရှိနိုင်ပါဘူး။ ရပ်ကွက် ထဲမှာ ဆောက်မယ့် လုပ်ငန်းရှင် ငယ်လေးတွေအတွက်တော့ အ ခက်အခဲရှိနိုင်တယ်’’ ဟု ကျော် ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးမြင့်ထွေးက သုံးသပ်သည်။
အဆိုပါနည်းဥပဒေသည် မူ လကသြဂုတ်နောက်ဆုံးပတ်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော် လည်း ပိုမိုကောင်းမွန်ရန် ပြင်ဆင် နေသောကြောင့် စက်တင်ဘာ နောက်ဆုံးပတ်မှသာ ဆောက် လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန် နိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့၌တည်ဆောက် ပြီးစီးနေသော ကွန်ဒိုတိုက်ခန်းအ များစုတွင် နိုင်ငံခြားသားများကို ဦးစားပေးရောင်းချနိုင်ရန် ကွန်ဒို ဥပဒေ၌ လိုအပ်နေသော နည်းဥ ပဒေကိုစက်တင်ဘာ နောက်ဆုံး ပတ်၌ ထုတ်ပြန်ရန်ရှိသည်။ မြေ နှင့်အခန်းကိုပါ နှစ်ခုစလုံး ပူးတွဲ ပိုင်ဆိုင်ခွင့်ရမည့် ကွန်ဒိုဥပဒေကို ၂၀၁၅ ဇန်နဝါရီက အတည်ပြု ပြဋ္ဌာန်းသော်လည်း နည်းဥပဒေ ကို ၂၀၁၇ စက်တင်ဘာမှသာ ထုတ်ပြန်နိုင်မည့် အခြေအနေဖြစ် သည်။
ကွန်ဒိုဥပဒေ၏ နည်းဥပဒေ သည် ယခုအချိန်၌ ရှေ့နေချုပ် ရုံးသို့ ရောက်ရှိနေပြီး ဌာနမှတစ် ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ သို့ ပို့ဆောင်မည်ဖြစ်သည်။ ယင်း ဥပဒေ၏ အရေးပါသည့် အချက် ဖြစ်သော ခြောက်လွှာနှင့် အထက်တွင် စတင်ပြီး နိုင်ငံခြားသားအ မည်ပေါက်ဖြင့် ၄၀ ရာခိုင်နှုန်း ဝယ်ယူခွင့်ကို နည်းဥပဒေ၌ ပြင် ဆင်ထားခြင်းမရှိပေ။
သို့သော် နိုင်ငံခြားသား မြေ ပိုင်ဆိုင်ခွင့် တစ်ပါးတည်းရမည် ဆိုသော်လည်း အဆောက်အအုံ တည်ရှိနေစဉ်အတွင်းသာ ပိုင် ဆိုင်ခွင့်ရှိမည်ဖြစ်ကြောင်း နည်း ဥပဒေတွင် ထည့်သွင်းထားသည်။
ရန်ကုန်မြို့တွင် နိုင်ငံခြား သား ဝယ်သူများကို မျှော်လင့်နေ သော ကွန်ဒိုတိုက်ခန်း သောင်းဂ ဏန်းကျော်ရှိပြီး ကွန်ဒိုဥပဒေ၏ အသက်ဖြစ်သော နည်းဥပဒေ ထွက်ရှိတော့မည်ဆိုခြင်းကြောင့် အရောင်းအဝယ် ပြန်ကောင်းလာ နိုင်ကြောင်း ဦးမြင့်ထွေးကသုံးသပ်သည်။
ယခုအခါ နိုင်ငံခြားသားများ ကို ရောင်းချရန် အခက်အခဲဖြစ် နေခြင်းသည် ကွန်ဒိုဥပဒေပါ အချို့အချက်အလက်များက လက်တွေ့ ကျင့်သုံးရန် ခက်ခဲသဖြင့် နိုင်ငံ ခြားသားများ ဝယ်ယူမှုနည်းပါး ခြင်းဖြစ်ကြောင်း တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက တပ်မတော်ခန်း မ၌ ပြုလုပ်သော အိမ်ခြံမြေဆိုင် ရာ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားသည်။
ကွန်ဒိုနည်းဥပဒေထွက်ပေါ် လာပါက ဝယ်ယူသူဘက်မှ အ ကျိုးခံစားခွင့်နှင့် ပိုင်ဆိုင်မှု ပိုမို ကောင်းမွန်လာနိုင်သောကြောင့် လက်ရှိအေးစက်နေသော ဈေး ကွက် ကောင်းမွန်လာနိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကမျှော်လင့်နေသည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties