By The Trade Times, Shweproperty.com
Updated at 5 August 2015
ရန်ကုန်မြို့အတွင်း ရောင်းချနေ သည့် ကွန်ဒိုမီနီယမ် တိုက်ခန်းများ၏ တစ်ပေပတ်လည် ရောင်းဈေးများမှာ ပြည်တွင်းဈေးကွက်အတွက် မြင့်မား နေသည့် အခြေအနေဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးရခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) အထွေ ထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
”ကွန်ဒို တစ်ပေပတ်လည် ရောင်းဈေးက အနိမ့်ဆုံးက ဒေါ်လာ ၃ဝဝ ကနေ ဒေါ်လာ ၅ဝဝ လောက် အထိ ဖြစ်နေတယ်။ ပြန်ပြီး တွက် ကြည့်လိုက်ရင် ဈေးနှုန်းတွေက မြန်မာဈေးကွက်အတွက် များနေတဲ့ အပြင် တချို့ကွန်ဒိုတွေက တစ်ခန်း ကို သိန်း ၅,ဝဝဝ လောက်အထိ ဖြစ်လာတယ်။ ဒါကြောင့် ဝယ်သူ တွေက မြေဈေးနဲ့ ပြန်တွက်လာကြလို့ အရောင်းအဝယ်က အေးလာရတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ကွန်ဒိုဆောက်လုပ်ရောင်းချ ခြင်းမှာ အမြတ်အစွန်းကြီးမားသည့် လုပ်ငန်မျိုးဖြစ်သဖြင့် ဆောက်လုပ် ရေး လုပ်ငန်းရှင်များသာမက ပြင်ပ စီးပွားရေး လုပ်ငန်းရှင်များပါ မိမိ တို့၏ အစီအစဉ်ဖြင့်သော်လည်း ကောင်း၊ အစိုးရပိုင် မြေများပေါ်တွင် လည်ကောင်း သာမန်လူနေတိုက် ခန်းများထက် ကွန်ဒိုမီနီယမ်များကို အပြိုင်အဆိုင် ဆောက်လုပ်လာခဲ့ပြီး ရောင်းဈေးမှာလည်း တစ်ပေပတ် လည်လျှင် အမေရိကန် ဒေါ်လာ ၃ဝဝ (ဇူလိုင်လ ၂၈ ရက် ငွေလဲလှယ်နှုန်း အရ မြန်မာကျပ်ငွေ ၃၇၈,ဝဝဝ) မှ ဒေါ်လာ ၅ဝဝ (မြန်မာကျပ်ငွေ ၆၃ဝ,ဝဝဝ) ခန့်အထိ ရောင်းချလာခဲ့ ကြသည်။
ရန်ကုန်မြို့တော်အတွင်း အပြိုင် အဆိုင် တည်ဆောက်ခဲ့ကြသည့် ကွန်ဒိုမီနီယမ်များ၏ ဆောက်လုပ် ရေးတည်ဆောက်မှု ကုန်ကျစရိတ်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင် နေသည့် ကုမ္ပဏီများ၏ ခန့်မှန်းတွက် ချက်ချက်များအရ တစ်ပေပတ် လည်လျှင် ကျပ် ၅ဝ,ဝဝဝ မှ ကျပ် ၁ဝဝ,ဝဝဝ ဝန်းကျင်ခန့်သာ ကျသင့်ပြီး မြေတန်ဖိုးနှင့် ပေါင်းစပ် ထည့်တွက်ပါက တစ်ပေပတ်လည် လျှင် ကျပ် ၁ဝဝ,ဝဝဝ မှ ကျပ် ၁၅ဝ,ဝဝဝ အတွင်းသာ အပြီးအစီး ကုန်ကျမှုများ ရှိသည်။
ရန်ကုန်မြို့တော်တွင် ကွန်ဒိုမီနီ ယမ် တိုက်ခန်းများ (ဆောက်လုပ်ဆဲ နှင့် ဆောက်လုပ်ပြီး) အခန်းပေါင်း တစ်သိန်းဝန်းကျင်ခန့် ရှိသော်လည်း ကွန်ဒိုမီနီယမ်အများစုကို ဝယ်ယူကြ ခြင်းမှာ အမှန်တကယ် နေထိုင်ရန် ထက် ပြန်လည်ပြင်ဆင်ပြီး အမြတ် တင်၍ ပြန်လည်ရောင်းချလိုခြင်း ကြောင့် ဝယ်ယူခြင်းဖြစ်သကဲ့သို့ ပြည်ပမှ လာရောက်အလုပ်လုပ်ကိုင် သည့် နိုင်ငံခြားသားများသို့ ရုံးခန်း များ၊ လူနေအိမ်ရာများအဖြစ် ပြန် လည် ငှားရမ်းလိုခြင်းကြောင့် ဝယ်ယူ ခြင်းဖြစ်ကြောင်း၊ ငွေပိုငွေလျှံရှိသူများ အနေဖြင့် ကွန်ဒိုမီနီယမ်တိုက်ခန်းများ ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်သာ သဘောထားကာ ဝယ်ယူနေကြ ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်သူများ၊ ဆောက်လုပ် ရေးလုပ်ငန်းရှင်များက သုံးသပ်ကြ သည်။
”တချို့ ကွန်ဒိုအခန်းတွေဆို သိန်း ၅,ဝဝဝ၊ သိန်း ၇,ဝဝဝ လောက် အထိ ဈေးတွေမြောက်လာတယ်။ မြေကလည်း အဲဒီလောက်ဆိုရင် နေရာတော်တော်များများမှာ ရှာလို့ ရတဲ့အတွက် လူတွေက မြေနဲ့ နေမလား၊ ကွန်ဒိုနဲ့ နေမလားဆိုတာ ပြန်ချင့်ချိန်လာခဲ့တယ်။ အခု ရောင်း နေတဲ့ ကွန်ဒို တစ်ပေပတ်လည်ဈေး တွေကလည်း များနေပါသေးတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
ရန်ကုန်မြို့တော် အတွင်း၌ ဆောက်လုပ်နေသည့် ကွန်ဒိုမီနီယမ် များကို ဝယ်ယူထားသူများ၏ ၇ဝ ရာခိုင်နှုန်းမှာလည်း အမှန်တကယ် နေထိုင်ရန်ထက် အမြတ်တင် ပြန် ရောင်းရန်နှင့် ပြန်လည်ငှားရမ်းရန် အတွက်သာ ဝယ်ယူကြခြင်းဖြစ်ပြီး ကွန်ဒိုဈေးနှုန်းများ မြင့်တက်မှုမှာ မြေဈေးနှုန်းနီးပါးအထိ ဖြစ်လာသည့် အတွက် ဝယ်ယူသူများက ပြန်လည် တွက်ချက်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်လာခဲ့ကြခြင်းကြောင့် ကွန်ဒို ဈေးကွက် အရောင်းအဝယ် အေးစက် သွားရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၏ တွက် ချက်မှုများအရ သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties