By မိုးညို၊ဆွေမွန်, Shweproperty.com
Updated at 10 January 2013
ကွန်ဒို တိုက်ခန်းများအား နိုင်ငံခြားသားများ ထံ သို့ တိုက်ရိုက်လွှဲ ပြောင်း ရောင်း ချခွင့်ရရှိ ရန် ဥပဒေ တစ်ရပ် အမြန်ဆုံး ပြောင်း လဲပေးသင့်ကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များကပြောကြား သည်။
လက်ရှိ ကွန်ဒို တိုက်ခန်းများကို နိုင်ငံခြားသားများသို့ရောင်းချမှုရှိသော်လည်း နိုင်ငံသားများက အမည်ခံဝယ်ယူမှု အများဆုံးဖြစ်ပြီး အခြားသော နိုင်ငံ ခြားသားများက လက်ရှိ ရေးဆွဲနေသော ဥပဒေမူကြမ်းကို လေ့လာစောင့်ကြည့်လျက်ရှိကြောင်းရွှေမင်းသား အိမ်ခြံမြေအကျိုးဆောင်မှ ဦးမြတ်သူဝင်းကပြော သည်။
လက်ရှိ အကြမ်းဖျင်းရေးဆွဲ ထားသော ကွန်ဒို ဥပဒေ ကြမ်းတွင် နိုင်ငံခြားသားများ ဝယ်ယူပါကခြောက်ထပ်နှင့်အထက်ကိုသာဝယ်ယူခွင့်ပြုထားပြီး ခြောက်လွှာအထက် အခန်းများ၏ ၄ဝ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားသို့ ရောင်း ချခွင့်ရှိကာ ကျန် ၆၀ ရာခိုင်နှုန်းကို မြန်မာတိုင်းရင်းသားများကိုသာ ရောင်းချရမည်ဟု ဖော်ပြ ပါရှိသည်။
နိုင်ငံခြားသားများထံသို့တိုက်ရိုက်လွှဲပြောင်း ရောင်းချခွင့်ရရှိပါက လက်ရှိဈေးကွက်တွင်ဖြစ်ပေါ်နေသော အငှားထက် အရောင်းမှာ ပို၍တက်လာမည်ဖြစ်ကာ အရည်အသွေးမီ ကွန်ဒိုတိုက် ခန်း များလည်း ပေါ်ပေါက်လာနိုင် ကြောင်း ကွန်ဒိုတိုက်ခန်း အကျိုး ဆောင်တစ်ဦးကပြောသည်။
လက်ရှိ ရေးဆွဲထားသည့် ဥပဒေမူကြမ်းတွင်လည်း ဆောက် လုပ်ရေးလုပ်ငန်းရှင်အများစု ၌ အချင်းချင်းဒွိဟများစွာဖြစ်ပေါ်နေပြီး မြေပိုင်ဆိုင်မှုစွန့်လွှတ်ရေး၊ စုပေါင်းပိုင် အသုံးအနှုန်းကို ပြန် လည်ပြင်ဆင်ရေး၊ ရောင်းသူဝယ်သူ နှစ်ဦး သဘောတူစာချုပ်များနှင့်သာ ဆောင်ရွက် နေခြင်းတိုကို့ အဓီက ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း Asia Express ကုမ္ပဏီမှ ဒါရိုက်တာ မသက်သက်နိုင်က ပြောသည။်
ကွန်ဒို တိုက်ခန်းများနဲ့ ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေမူကြမ်းကို စက်တင်ဘာလကစ၍ မူကြမ်းအဆင့်ရေးဆွဲခဲ့ပြီးဖြစ်သည်။ အချောသတ်၍ လွှတ်တော်မှ အမြန်ဆုံးပြဋ္ဌာန်းပေးရန်လိုအပ်နေပြီဖြစ် ကြောင်ဒ ဆောက်လုပ်ရေးလုပ်ငန်းရှင် ရှင်များက ပြောသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties