By Messenger, Shweproperty.com
Updated at 26 October 2015
အိမ်ခြံမြေ အရောင်းအဝယ် ကဏ္ဍတွင် ကွန်ဒိုမီနီယံ ဥပဒေ ပြဌာန်းပြီးပါက အိမ်ခြံမြေ ပိုင်ဆိုင်မှု ပိုမိုခိုင်မလာနိုင်ခြင်း ဘဏ်များ တွင်လည်း အပေါင်ထားနိုင်ခြင်း တို့ကြောင့် အိမ်ခြံမြေ ဈေးတက်လာပြီး အမြတ်အစွန်း ပိုမိုရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆေင်မှု အသင်းထံမှ သိရသည်။
“ကွန်ဒိုမိုနီယံ ဥပဒေ ထွက်လာရင်တော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကွန်ဒိုမီနီယံရဲ့ သဘောက မြေပါပိုင်တာကိုး။ ဒီထဲမှာ လူတစ်ရာရှိရင် လူတစ်ရာလုံးက မြေပါပိုင်တဲ့ အတွက်ကြောင့်မို့လို့ ပေါင်လို့ပါရတယ်”ဟု အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
ကွန်ဒိုမီနီယံ ဥပဒေ ပေါ်ထွက်လာပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးလာနိုင်ပြီး၊ ယခုဆောက်လုပ်လျက်ရှိသော ကွန်ဒိုမီနီယံ များသည် နိုင်ငံခြားသားများ၏ ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်၍ ဆောက်လုပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။
၂၀၁၄ခုနှစ်သည် ရန်ကုန်မြို့၌ ကွန်ဒို တိုက်ခန်းများ တည်ဆောက်လုပ်မှု စံချိန်တင်သော နှစ်သစ်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း အရောင်း စတင်သော စီမံကိန်းများမှ ကွန်ဒိုတိုက်ခန်း စုစုပေါင်း (၅၁၀၂) ခန်း အထိ ရှိလာသည်။
ယမန်နှစ် ၂၀၁၃ခုနှစ် အခန်းရေ (၃၃၂၈)ခန်းနှင့် ယှဉ်လျှင် (၅၃) ရာခိုင်နှုန်းမြင့်တက် လာကြောင်း တွေ့ရပြီး ကွန်ဒိုဥပဒေ ပေါ်ထွက်လာပါကလည်း ကွန်ဒိုတိုက်ခန်း ပေါင်းသည် ယခင်နှစ်များထက် ဆောက်လုပ်မှု ပိုမိုမြင့်တက် လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုနှစ်တွင် စတင်သော အကြီးစား ကွန်ဒိုစီမံကိန်းများနှင့် ဘက်စုံသုံး (Mixed used) စီမံကိန်း အများစုမှာ ယခင် အစိုးရပိုင်မြေ (သို့) BOT မြေများပေါ်တွင် ဖြစ်ပြီး စုစုပေါင်း မြေဧရိယာ (၅၁) ဧကပေါ်တွင်သာ လုပ်ငန်းများ စတင်ဆောင်ရွက် ရကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှု အသင်းထံမှ သိရသည်။
လက်ရှိတွင် ကွန်ဒိုမီနီယံ ဥပဒေပြဌာန်းရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိပြီး ၂၀၁၅ အကုန်တွင် ပေါ်ထွက်လာရန် ခန့်မှန်းထားကြောင်း အဆိုပါ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းထံမှ သိရသည်။
Ref : Messenger
Photo Credit : Luxury Pictures
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties