By Kumudra, Shweproperty.com
Updated at 21 September 2017
ထွက်ရှိလာမယ့် ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသားတွေကို ကွန်ဒိုတစ်ခုလုံးရဲ့ စုစုပေါင်း အခန်း ၄၀ ရာခိုင် နှုန်း အထိ ဝယ်ယူခွင့်ပြုပေးမှာ ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းက ဝယ်ယူလိုရင် အ များဆုံး ၂၅ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ရမှာ ဖြစ်ကြောင်း မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနက သိရပါ တယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် အေးစက်နေရာ အဲသည်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်တဲ့ နိုင်ငံခြားသားတွေကို အခန်းဝယ်ခွင့်ပေးမယ့် ကန်ဒိုဥပဒေကို စောင့်မျှော်နေကြပါတယ်။ ဒါပေ မဲ့ ဥပဒေရဲ့ နောက်ဆွဲဖြစ်တဲ့ နည်းဥပဒေမထွက်သေးတာကြောင့် အသေးစိတ်လုပ်ထုံးလုပ်နည်းတွေ အသက်မဝင်သေးလို့ နည်းဥပဒေကို ဆက်စောင့်နေကြပါတယ်။
မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက“နည်းဥပဒေက မကြာခင် ထွက်ရှိတော့မှာလို့ တာဝန်ရှိသူတွေက ဆိုထားပြီး နည်းဥပဒေမှာ ပါဝင်မယ့် ပြဋ္ဌာန်းချက်တွေမှာ ကွန်ဒိုဥပဒေမှာ အခန်းဝယ်ယူသူတိုင်း မိမိဝယ်ထားတဲ့ အခန်းပမာဏအတိုင်း မြေယာကိုလဲ ခွဲဝေပိုင်ဆိုင်ခွင့်ရှိမယ်လို့ ပြဋ္ဌာန်းထားရာ နိုင်ငံခြားသားတွေကလဲ မြေယာပိုင်ဆိုင်ခွင့်ရရှိမယ့် သဘောဖြစ်နေတယ်”လို့ ပြောပါတယ်။
၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွင့်ရောင်း
နည်းဥပဒေနဲ့ ထပ်မံကန့်သတ်ထားတဲ့ အနေနဲ့ နိုင်ငံခြားသားဆိုရင် အဆောက်အအုံရဲ့ သက်တမ်းကာလအတွက်သာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ အချက်ကို ထပ်မံဖြည့်သွင်းဖို့ ရှေ့နေချုပ်ရုံးက အ တည်ပြုနေတာကြောင့် ညှိနေရသေးကြောင်းဦးနွေမှူးက ဆိုပါတယ်။
ကွန်ဒိုတည်ဆောက်သူဟာ အုတ်မြစ် ချလုပ်ငန်း ၃၀ ရာခိုင်နှုန်းပြီးစီးမှ မှတ်ပုံတင် အရာရှိ ထံ လာရောက်အသိပေးရမှာ ဖြစ် ပြီး အဲသည်လို အသိပေးပြီးမှသာအခန်းတွေကို ကြိုပွိုင့်စနစ်နဲ့ စတင်ရောင်းချနိုင် မှာ ဖြစ်ပါတယ်။ ကြိုတင်ရောင်းချရငွေကိုလည်း ဘဏ်မှာအပ်နှံပြီး အဆောက်အအုံ တည်ဆောက်မှုအတွက်သာ သုံးစွဲရမှာ ဖြစ်ပြီး ပြင်ပမှာ သုံးစွဲခွင့်မရှိကြောင်းသိရပါတယ်။
“တချို့တွေက အခန်းတစ်ခန်းတည်းကို သုံးယောက်လောက်ရောင်းတာမျိုးရှိတယ်၊ ဒါကြောင့် ဝယ်ယူသူတွေဘက်က အလိမ်အညာ ခံရတာမျိုး မဖြစ်အောင် ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်” လို့ ဦးနွေမှူးက ပြောပါတယ်။
ကွန်ဒိုနည်း ဥပဒေထွက်ရှိပါက ပိုင်ဆိုင်မှုတွေ သေချာခိုင်မာလာမှာ ဖြစ်ပြီးရရှိမယ့် အကျိုးခံစားခွင့်တွေကိုလည်းဝယ်ယူသူတွေဘက်က သေချာပိုင်းခြားသိမြင်လာမှာ ဖြစ်သလို အေးစက်နေတဲ့ အိမ်ရာ အရောင်းဈေးကွက်လည်း သွက်လက်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင်နည်းဥပဒေမှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ဈေးကစားခြင်း မပြုလုပ်စေဖို့ အဆောက်အအုံရဲ့ ၇၅ ရာခိုင်နှုန်းကို မဖြစ်မနေ ရောင်းရမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရပါတယ်။
အာရှ မြေဆောက်လုပ်ရေး လုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရန်အောင်က ကွန်ဒိုနည်း ဥပဒေမှာ ကွန်ဒိုတိုက်ခန်းတွေအတွက် သာမက အခြားအထပ်မြင့် အဆောက်အအုံတွေအတွက်ပါ ထည့်သွင်းရေးဆွဲစေလိုကြောင်း၊ဘိုးဘွားစဉ်ဆက် အမွေဆက်ခံခွင့်ရရှိစေရန်၊ မြေပိုုင်ခွင့်ရရှိစေရန်၊ ခိုင်မာမှုနဲ့ ပိုင်ဆိုင်မှုအတွက် အာမခံချက် အခိုင်အမာရှိစေရန် ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူခွင့်ရရှိစေရန်အချက်တွေ ပါဝင်လာစေဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ကွန်ဒိုဥပဒေမှာ ပါရှိမယ့် နိုင်ငံခြားသား ဝယ်ယူခွင့်ပေးမယ့် အချက်ဟာ အိမ် ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာစေ နိုင်မယ်လို့ မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး အသင်းက သိရပါတယ်။
နိုင်ငံခြားသားတွေအတွက် ငှားရမ်းနေထိုင်ခြင်းဟာ ဈေးနှုန်းအတက် အကျမြန်လွန်းတဲ့အတွက် အဆင်မပြေမှုတွေရှိပြီး အခန်းဝယ်ယူခွင့်ပြုလိုက်ပါက ကွန်ဒိုဈေးကွက်ကို အထောက်အကူပြုနိုင်ကြောင်း၊ကွန်ဒိုဥပဒေမှာ ပါဝင်တဲ့ အရည်အသွေး ကန့်သတ်ချက်တွေကြောင့် အဆောက်အအုံတွေကို ပိုပြီးကောင်းမွန်လာမယ်လို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
ဥပဒေကို လေ့လာတဲ့အခါ တော်တော်ပြီးပြည့်စုံပြီး လက်ခံလို့ရတဲ့ အချက်တွေပဲ ဖြစ်နေပြီး နည်းဥပဒေကိုတော့ မြန်မြန်ထွက်လာဖို့ မျှော်လင့်ပါတယ်လို့ သူက ပြောပါ တယ်။ကွန်ဒိုတစ်လုံးမှာ အနည်းဆုံး မြေဧရိယာ စတုရန်းပေ ၂၀,ဝဝဝ နဲ့ အ ထက်ရှိရမှာဖြစ်သလို ခြောက်လွှာနဲ့ အထက်ရှိရမှာ ဖြစ်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထား တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra & shutterstock
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties