By The Modern, Shweproperty.com
Updated at 11 March 2016
အဆင့်မြင့်တိုက်ခန်းတွေနဲ့ ကွန်ဒိုတွေတည်ဆောက်ရောင်းချတာတွေများလာပေမဲ့ တည်နေရာ ပတ်ဝန်းကျင်နဲ့ ဝန်ဆောင်မှုတွေပိုကောင်းမှသာ ဈေးကွက်ရပြီး ပွဲဖြစ်တာများတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။
အရောင်းအဝယ်ဈေးကွက်က အအေးနေတာကြောင့် ဝယ်တဲ့သူတွေက မြင်ကွင်းကောင်းတဲ့နေရာ ၊ သွားလာရလွယ်ကူတဲ့နေရာနဲ့ ဝန်ဆောင်မှုကောင်း တဲ့နေရာတွေကို ပိုရွှေးချယ်လာတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလည်း ကွန်ဒိုတွေ ၊ အဆင့်မြင့်အိမ်ရာတွေက ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်သူ့ထက်ကောင်းအောင် ဆိုတာမျိုးတွေနဲ့ ဈေးကွက်ထဲချပြပြီး ဝယ်ယူသူတွေကို ဆွဲဆောင်လာကြတာလို့ ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘မြို့ထဲပိုင်းမှာဆို အရောင်းရော ၊ အငှားပါ ဆိပ်ကမ်းသာလမ်းတို့ ကုန်သည်လမ်းတို့ ဗျူးကောင်း တဲ့နေရာတွေဆို အကြိုက်များကြတယ် ၊ နိုင်ငံခြားသားတွေဆို ပိုရွှေးကြတယ်’ လို့ ပြောပါတယ်။
တချို့နေရာတွေမှာ အဆင့်မြင့်တိုက်ခန်းတွေ ဆောက်လုပ်ပြီးရောင်းတာတွေရှိပေမဲ့ သွားလာရဝေးတာ ၊ ပတ်ဝန်းကျင်မစည်ကားတာ ၊ ဝန်ဆောင်မှုသိပ်မပါတာတွေက ဈေးတန်းပေမဲ့ အရောင်းမသွက်တာတွေရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
အရောင်းအဝယ်ဈေးကွက်က ၂၀၁၅ နှစ်ဆန်းပိုင်းကတည်းက အရောင်းအဝယ်ရပ်သလောက်ဖြစ်ခဲ့တာပါ ။ တချို့ဆိုအရောင်းရပ်ပြီး ဈေးပြန်မဖွင့်ဘဲထားတာတွေရှိပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းဝန်းကျင်မှာတော့ ကွန်ဒိုဥပဒေရဲ့အရှိန်နဲ့ အရောင်းအဝယ်အေးနေပေမဲ့ အရောင်းတန်ပြန်ဝင်လာတဲ့သူတွေများလာတယ်။
ရောင်းချတဲ့ပုံစံကလည်း အရစ်ကျသက်တမ်းတွေကို အရင်ကထက် ပိုတိုးပေးလာပါတယ်။ တချို့ဆိုရှစ်နှစ်လောက်အထိတိုးပြီး ဝယ်သူတွေကို ခွင့်ပြုပေးထားတာတွေရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းဆောက်လုပ်ရေးတွေက ဆောက်လုပ်နေတဲ့ ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာတွေလည်း ဈေးကွက်ထဲပြန်ဝင်လာသလို ပြည်ပနဲ့ပှုးပေါင်းပြီး တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးတွေကတော့ နေရာကောင်းတာရယ် ၊ ဝန်ဆောင်မှုပိုပေးနိုင်တဲ့ အားသာချက်တွေနဲ့ ဈေးကွက်ထဲနေရာ ပိုယူထားပါတယ်။
ကွန်ဒိုဈေးနှုန်းတွေက အများအားဖြင့် တစ်စတုရန်းပေကို ကျပ် ၁၅၀.၀၀၀ ကနေ ၃၅၀.၀၀၀ အခန်းအမျိုးအစားပေါ်မှုတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးစိုးမိုးက ‘အကြိုက်များတာတော့ မိန်းလမ်းမကြီးတွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ၊ မြို့တွင်းနဲ့သွားလာရလွယ်ကူတဲ့နေရာတွေများတယ် ၊ ဒီနောက်ပိုင်း ရန်ကင်း ၊ ကမ္ဘာအေး ၊ တောင်ဥက္ကလာ တို့လိုနေရာတွေမှာ ကွန်ဒိုတွေထပ်တိုးလာတာရှိတယ်’ လို့ ပြောပါတယ်။
Ref : The Modern
Photo Credit : nhabitat
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties