By Myanmar Builders Guide, Shweproperty.com
Updated at 5 December 2019
#Unicode
ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက်အအုံအဆင့် ရှိမရှိ စိစစ်ရန်ဆောင်ရွက်နေမှု ၈၀ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ သိရသည်။
"လက်ရှိမှာ အစည်းအဝေးတွေလုပ်နေတာ။ တချို့ အချက်အလက်လေးတွေက နည်းနည်းလေးလုပ်ဖို့ကိုင်ဖို့ လိုနေလို့။ အဖွဲ့အစည်းပေါင်းစုံနဲ့ ညှိနေတယ်။
ဆောင်ရွက်နိုင်ဖို့ကတော့ မကြာတော့ပါဘူး။ ရာခိုင်နှုန်းအားဖြင့် တော့ ဆောင်ရွက်နေမှုတွေက ၈၀ ရာခိုင်နှုန်းကျော်လောက် ပြီးသွားပါပြီ။
အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ဆေးမှု တွေမှာ တကယ်တမ်းကွန်ဒိုမဟုတ်ရင်တော့ နောက်ပိုင်း ကျရင် ကွန်ဒိုတပ်ခွင့် မပေးတော့ဘူး" ဟု ရန်ကုန်တိုင်းဒသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီဝင်၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကွန်ဒိုမီနီယံ ဥပဒေထွက်ပေါ်ခဲ့ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကိုထုတ်ပြန်ခဲ့ကြောင်း၊နည်းဥပဒေထုတ် ပြန်ပြီးနောက် ကွန်ဒို မီနီယံဥပဒေကို အကောင်အထည် ဖော်နိုင်ရန် ကြီးကြပ်ရေးကော်မတီရှိရန် လိုအပ်ခြင်း ကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၃၁ ရက်က ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒို မီနီယံနှင့်ပတ်သက်သော ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံတိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက် အအုံအဆင့်ရှိမရှိစိစစ်ပြီး သတ်မှတ်ချက်နှင့်မပြည့်မီပါကကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
"ဒီတစ်လလောက်အတွင်းမှာပဲ ဆောင်ရွက်မှာပါ။ ပရောဂျက် ၂၄ ခုရှိတဲ့ဟာက နောက်လမှာစပြီးတော့ ပရောဂျက် ၁၅ ခုလောက် စတင်ပါပြီ။ သူတို့က တင်ပြမယ်။
ဒီနှစ်မကုန်ခင်မှာ စတင်နိုင်ပါမယ်။ သူတို့ရဲ့ တင်ပြလာတဲ့ ပရောဂျက်ကို အခန်းတွင်းတန်ဖိုးနဲ့တွက် ချက်ပြီးတော့ အကြမ်းဖျင်းတွဲတင်ရမယ်။ တင်တဲ့အခါမှာခံဝန်ထိုးပြီးရင် ကျွန်တော်တို့က လိုအပ်တာတွေ စိစစ် ပြီးတော့ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ စတင်ခွင့်ပြုသွားမှာပါ"ဟု ၎င်းက ပြောသည်။
ကွန်ဒိုတိုက်ခန်း တစ်ခန်းချင်းစီ၏ တန်ဖိုးများကို တွက်ချက်နိုင်သည့် ပညာရှင်များမရှိသေးသည့်အတွက် မွေးထုတ်ရန်ပြင်ဆင်နေပြီး စင်ကာပူနိုင်ငံမှ ပညာရှင်ကသင်ကြားပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက PE ရရှိထားသူများနှင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီမှ SLA ရရှိထားသူများ ယင်းသင်တန်းသို့တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီးဖြစ်သော်လည်း ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း တစ်လုံးမျှတည်ဆောက်ခြင်းမရှိသေး ကြောင်း သိရသည်။
ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုမီနီယံများမှာ အနည်း ဆုံး ခြောက်ထပ်နှင့်အထက်ရှိရမည်ဖြစ်ကာ အကျယ် အဝန်းအားဖြင့် ၂၀ဝဝဝ စကွဲယားဖိ အထက်ကျော်လွန်သောမြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက် အအုံဖြစ်ရမည်ဖြစ်ကြောင်း၊ ကွန်ဒိုမီနီယံဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ် တော့ဘဲ
စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကို အပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေမှ အများ ပိုင်မြေအဖြစ် လွှဲပြောင်းရမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကွန်ဒိုမီနီယံအဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံ ခြားသားများအနေဖြင့် မိမိနိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိသက်ဆိုင်ရာဘဏ်သို့ တရားဝင်ငွေလွှဲပြောင်းဝယ်ယူရ မည်ဖြစ်ကြောင်း သိရသည်။
#Zawgyi
ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲ ကြန္ဒိုမီနီယံ တိုက္ခန္းမ်ားကို ကြန္ဒိုမီနီယံအေဆာက္အအုံအဆင့္ ရွိမရွိ စိစစ္ရန္ေဆာင္႐ြက္ေနမႈ ၈၀ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ကြန္ဒိုမီနီယံ ႀကီးၾကပ္ေရးေကာ္မတီမွ သိရသည္။
"လက္ရွိမွာ အစည္းအေဝးေတြလုပ္ေနတာ။ တခ်ိဳ႕ အခ်က္အလက္ေလးေတြက နည္းနည္းေလးလုပ္ဖို႔ကိုင္ဖို႔ လိုေနလို႔။ အဖြဲ႕အစည္းေပါင္းစုံနဲ႔ ညႇိေနတယ္။
ေဆာင္ ႐ြက္ႏိုင္ဖို႔ကေတာ့ မၾကာေတာ့ပါဘူး။ ရာခိုင္ႏႈန္းအားျဖင့္ ေတာ့ ေဆာင္႐ြက္ေနမႈေတြက ၈၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္ ၿပီးသြားပါၿပီ။
အစည္းအေဝးဆုံးျဖတ္ခ်က္အရ စစ္ေဆးမႈ ေတြမွာ တကယ္တမ္းကြန္ဒိုမဟုတ္ရင္ေတာ့ ေနာက္ပိုင္း က်ရင္ ကြန္ဒိုတပ္ခြင့္ မေပးေတာ့ဘူး" ဟု ရန္ကုန္တိုင္းဒသႀကီး ကြန္ဒိုမီနီယံႀကီးၾကပ္ေရးေကာ္မတီဝင္၊ ျမန္မာ ႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးမ်ိဳးျမင့္က ေျပာသည္။
၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္တြင္ ကြန္ဒိုမီနီယံ ဥပေဒထြက္ေပၚခဲ့ကာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၇ ရက္တြင္ နည္းဥပေဒကိုထုတ္ျပန္ခဲ့ေၾကာင္း၊နည္းဥပေဒထုတ္ ျပန္ၿပီးေနာက္ ကြန္ဒို မီနီယံဥပေဒကို အေကာင္အထည္ ေဖာ္ႏိုင္ရန္ ႀကီးၾကပ္ေရးေကာ္မတီရွိရန္ လိုအပ္ျခင္း ေၾကာင့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ၃၁ ရက္က ေဆာက္ လုပ္ေရးဝန္ႀကီးဌာနမွ ရန္ကုန္တိုင္းေဒသႀကီး၏ ကြန္ဒို မီနီယံႏွင့္ပတ္သက္ေသာ ႀကီးၾကပ္ေရးေကာ္မတီကို ဖြဲ႕စည္းေပးခဲ့ၿပီးေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲ ကြန္ဒိုမီနီယံတိုက္ခန္းမ်ားကို ကြန္ဒိုမီနီယံအေဆာက္ အအုံအဆင့္ရွိမရွိစိစစ္ၿပီး သတ္မွတ္ခ်က္ႏွင့္မျပည့္မီပါကကြန္ဒိုအေဆာက္အအုံအျဖစ္မွ ပယ္ဖ်က္မည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။
"ဒီတစ္လေလာက္အတြင္းမွာပဲ ေဆာင္႐ြက္မွာပါ။ ပေရာဂ်က္ ၂၄ ခုရွိတဲ့ဟာက ေနာက္လမွာစၿပီးေတာ့ ပေရာဂ်က္ ၁၅ ခုေလာက္ စတင္ပါၿပီ။ သူတို႔က တင္ျပမယ္။
ဒီႏွစ္မကုန္ခင္မွာ စတင္ႏိုင္ပါမယ္။ သူတို႔ရဲ႕ တင္ျပလာတဲ့ ပေရာဂ်က္ကို အခန္းတြင္းတန္ဖိုးနဲ႔တြက္ ခ်က္ၿပီးေတာ့ အၾကမ္းဖ်င္းတြဲတင္ရမယ္။ တင္တဲ့အခါမွာခံဝန္ထိုးၿပီးရင္ ကြၽန္ေတာ္တို႔က လိုအပ္တာေတြ စိစစ္ ၿပီးေတာ့ အဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ စတင္ခြင့္ျပဳသြားမွာပါ"ဟု ၎က ေျပာသည္။
ကြန္ဒိုတိုက္ခန္း တစ္ခန္းခ်င္းစီ၏ တန္ဖိုးမ်ားကို တြက္ခ်က္ႏိုင္သည့္ ပညာရွင္မ်ားမရွိေသးသည့္အတြက္ ေမြးထုတ္ရန္ျပင္ဆင္ေနၿပီး စင္ကာပူႏိုင္ငံမွ ပညာရွင္ကသင္ၾကားေပးမည္ျဖစ္ကာ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာ ေကာင္စီက PE ရရွိထားသူမ်ားႏွင့္ ျမန္မာႏိုင္ငံဗိသုကာ ေကာင္စီမွ SLA ရရွိထားသူမ်ား ယင္းသင္တန္းသို႔တက္ေရာက္ခြင့္ရွိမည္ျဖစ္ေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ကြန္ဒိုမီနီယံ ႀကီးၾကပ္ေရးေကာ္မတီမွ စုေပါင္းပိုင္ အေဆာက္အအုံ (ကြန္ဒို) တည္ေဆာက္ျခင္းလုပ္ငန္းလိုင္စင္ထုတ္ေပးထားၿပီးျဖစ္ေသာ္လည္း ရန္ကုန္တြင္ ကြန္ဒိုတိုက္ခန္း တစ္လုံးမွ်တည္ေဆာက္ျခင္းမရွိေသး ေၾကာင္း သိရသည္။
ကြန္ဒိုမီနီယံဥပေဒအရ ကြန္ဒိုမီနီယံမ်ားမွာ အနည္း ဆုံး ေျခာက္ထပ္ႏွင့္အထက္ရွိရမည္ျဖစ္ကာ အက်ယ္ အဝန္းအားျဖင့္ ၂၀ဝ၀ဝ စကြဲယားဖိ အထက္ေက်ာ္လြန္ေသာေျမေပၚတြင္ တည္ေဆာက္ထားသည့္ အေဆာက္ အအုံျဖစ္ရမည္ျဖစ္ေၾကာင္း၊ ကြန္ဒိုမီနီယံဥပေဒသစ္အရ ယခင္ကဲ့သို႔ ေျမပိုင္ရွင္တစ္ဦးတည္း အမည္ေပါက္မဟုတ္ ေတာ့ဘဲ
စီမံခန႔္ခြဲေရးေကာ္မတီထံတြင္ ယင္းေျမကို အပ္ႏွံရမည္ျဖစ္ၿပီး တစ္ဦးတစ္ေယာက္ပိုင္ေျမမွ အမ်ား ပိုင္ေျမအျဖစ္ လႊဲေျပာင္းရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔အျပင္ ကြန္ဒိုမီနီယံအေဆာက္အအုံတစ္ခုတြင္ ထြက္ရွိလာမည့္ တိုက္ခန္း၏ ၄၀ ရာခိုင္ႏႈန္းကို ႏိုင္ငံ ျခားသားမ်ားအေနျဖင့္ မိမိႏိုင္ငံဘဏ္မွ ျမန္မာႏိုင္ငံရွိသက္ဆိုင္ရာဘဏ္သို႔ တရားဝင္ေငြလႊဲေျပာင္းဝယ္ယူရ မည္ျဖစ္ေၾကာင္း သိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties