By Kumudra, Shweproperty.com
Updated at 16 August 2017
ယခုနှစ်အတွင်း ကွန်ဒိုနည်းဥပဒေထွက်ရှိမယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတာကြောင့် သည်လပိုင်းမှာ ကွန်ဒိုဈေးကွက်လှုပ်ရှားမှုရှိလာပြီး အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက အေးစက်ခဲ့တဲ့ ကွန်ဒိုဈေးကွက်ဟာ အခုလပိုင်းမှာ ဈေး လျှော့ရောင်းချမှုတွေရှိလာတဲ့ အပြင် ကွန် ဒိုနည်းဥပဒေထွက်ပေါ်မယ်ဆိုတဲ့ သတင်းကြောင့် အရောင်းအဝယ်ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံသူတွေ ဝယ်ယူမှုမရှိသေး ပေ မဲ့ အမှန်တကယ်နေထိုင်မယ့်သူတွေ ဝယ်ယူမှု ရှိလာတယ်လို့ အိမ် ခြံ မြေအကျိုး ဆောင်တစ်ဦးက ပြောပါတယ်။
‘ဒီနှစ်ထဲမှာ တိကျတဲ့ ကွန်ဒိုနည်းဥပ ဒေပေါ်ထွက်လာမယ်ဆိုတော့ ဈေးကွက်က ပြန်လှုပ်လာတယ်၊ ကွန်ဒိုနည်းဥပဒေ ပြီးရင် နိုင်ငံခြားသားဝယ်ယူခွင့်ကို ၄၀ ရာ ခိုင်နှုန်းအထိ သတ်မှတ်ပေးမှာဆိုတော့ ကွန်ဒိုဈေးကွက်က ပိုခိုင်မာလာမှာပါ၊ လက်ရှိမှာတော့ ဈေးကွက်က စောင့်နေရ ဆဲဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကတော့ မဝယ်သေးပါဘူး၊ အမှန်တကယ် နေထိုင်မယ့်သူတွေလောက်ပဲ ဝယ်ယူမှု ရှိ ပါသေးတယ်” လို့ ၎င်းက ပြောပါတယ်။
နိုင်ငံခြားသားတွေ ဝယ်ယူခွင့်ရရှိစေမယ့် ကွန်ဒိုမီနီယံဥပဒေအတွက် လိုအပ် တဲ့နည်း ဥပဒေကို နောက်ထပ်အချိန် တစ်လ မကျော်မီ ပြဋ္ဌာန်းနိုင်မယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားထားတယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties