By Myanmar Times, Shweproperty.com
Updated at 28 May 2015
ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးများ အကျဘက်သို့ ဦးတည်လာပြီးနောက် ကွန်ဒိုတိုက်ခန်း ယဉ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်မှုနည်းပါး သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ကွန်ဒိုတိုက်ခန်းများကို ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းက စတင်၍ ဆောက်လုပ်မှုများ ပိုမိုများပြားလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
ပြီးခဲ့သည့် အပတ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တစ်ခုဖြစ်သော ဟောင်ကောင်အခြေစိုက် H&Co ကုမ္ပဏီက ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်တွင် တည်ဆောက် မည့် အဆင့်မြင့် အိမ်ရာ စီမံကိန်းတစ်ခုကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက် ရောင်းချ ခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံမည့် ထိုစီမံကိန်းသည် ဧရာဝတီတိုင်း ဒေသကြီး၏ ပထမဆုံး အထပ်မြင့်အိမ်ရာ စီမံကိန်းဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သော မတ်လကလည်း နေပြည်တော်၏ ပထမဆုံး ကွန်ဒိုကို အက်ဖ်အမ်အိုင်ကုမ္ပဏီက စတင် မိတ်ဆက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလက လည်း တောင်ကြီးမြို့နယ်၏ ပထမဆုံးကွန်ဒို ကို နန်းထိုက်ရွှေစင်ကုမ္ပဏီက စတင်မိတ် ဆက်ရောင်းချခဲ့သည်။
"ဒီဒေသက ဖွံ့ဖြိုးမှုလိုအပ်တဲ့ ဒေသဖြစ် တယ်။ နောက်ပြီး ချောင်းသာ၊ ငွေဆောင်လို နေရာမျိုးကိုသွားရင် ပုသိမ်က ဖြတ်သွားရမယ်။ ဒါကြောင့် စီးပွားရေးအချက်အချာကျမယ် ထင်လို့ လာရောက်ရင်းနှီးမြှုပ်နှံတာပါ" ဟု ဟောင်ကောင် H&Co အိမ်ရာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်က ပြောသည်။ "နယ်က လူတွေက ကွန်ဒိုယဉ်ကျေးမှုနဲ့ သိပ်မရင်းနှီးသေးပေမယ့် ၂၀၁၄ ခုနှစ်လောက်ကစပြီး နယ်ဘက်မှာ ကွန်ဒိုတွေကို စဆောက်လာခဲ့ကြတယ်။ ရန်ကုန်မှာ ကွန်ဒို တိုက်တွေ အပန်းဖြေအိမ်ရာတွေကို တွင်တွင် ကျယ်ကျယ်ဆောက်ပြီးကြတဲ့ အချိန်မှာ နယ်မြို့တွေမှာလည်း ကွန်ဒိုတွေ၊ အပန်းဖြေအိမ်ရာတွေကို စဆောက်လာကြတယ်။ နယ်မြို့နယ်တွေမှာ ကွန်ဒိုတိုက်တွေ ဆောက်လာကြပေမယ့် နယ်ကလူတွေက ကွန်ဒိုကိုအဝယ်နည်းပြီး ရန်ကုန်ကဝယ်လက်တွေကိုပဲ ပိုအားထားနေရတယ်"ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မင်းက ပြောသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့သော တောင်ကြီးမြို့နယ်၏ ပထမဆုံး အထပ်မြင့်ကွန်ဒိုဖြစ်သော နန်းထိုက်ရွှေစင် ကွန်ဒိုတည်ဆောက်သူ နန်းထိုက်ရွှေစင် ကုမ္ပဏီဥက္ကဋ္ဌ ဦးစံလင်းက "တောင်ကြီးမြို့က သူတွေက ကိုယ့်အိမ်နဲ့ကိုယ် နေလေ့ရှိကြတော့ ကွန်ဒိုတိုက်ခန်းဝယ်ဖို့ နည်းနည်း စဉ်းစားနေကြတယ်။ ကွန်ဒိုနဲ့ မရင်းနှီးတာလည်း ပါတာပေါ့။ အနည်းဆုံး ငွေကျပ် သိန်းနှစ်ထောင်လောက်ကစပြီး ဝယ်ယူနိုင်တော့ ရန်ကုန်က ကွန်ဒိုတိုက်ခန်းဈေးနဲ့ယှဉ်ရင် ထက်ဝက်နီးပါးကွာလို့ ရန်ကုန်မှာ နေထိုင်သူ တွေက ကွန်ဒိုကိုဝယ်ဖို ့ ပိုစိတ်ဝင်စားကြ တယ်"ဟု ဦးစံလင်းက ပြောသည်။ ရန်ကုန်မြို့နယ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသား များလည်း မိမိမွေးရပ်မြေတွင် အပန်းဖြေစရာတစ်ခုအဖြစ် ဝယ်ယူနေထိုင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ စတုတ္ထ မြို့တော်ဟု တင်စားခေါ်နိုင်သော တောင်ကြီး မြို့နယ်၏ အဆင့်အတန်းမြင့်မားစေရန် ရည်ရွယ်၍ အထပ် ၁၆ ထပ်မြင့် အဆင့်မြင့်ကွန်ဒို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုစီမံကိန်း အကောင်အထည်ဖော်သူ ဦးစံလင်းက ပြောသည်။ မန္တလေးမြို့နယ်၊ နေပြည်တော်မြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ပုသိမ်မြို့နယ်များတွင် ကွန်ဒိုတိုက်များကို စဆောက်လာကြပြီး အခြားမြို့နယ်များတွင်လည်း ဆောက်လုပ်ရန်စီစဉ် လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။ ၂၀၁၅ ခုနှစ်၊ မတ်လတွင်စတင်ရောင်းချ ခဲ့သော အက်ဖ်အမ်အိုင်ကုမ္ပဏီက ဆောက်လုပ်ခဲ့သည့် နေပြည်တော်မြို့၏ ပထမဆုံးကွန်ဒိုဖြစ်သော ခရစ်ပလာဇာကိုလည်း နေပြည်တော်မြို့ခံများထက် ရန်ကုန်မြို့ခံ များ ပိုမိုစိတ်ဝင်စားခဲ့ကြောင်း ထိုကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် H&Co ကုမ္ပဏီသည် ငွေဆောင်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံတန်ဖိုးရှိ စီးပွားရေးမြို့တော်တစ်ခုကို ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။
"ကွန်ဒိုတွေ၊ အိမ်ရာတွေကို ရန်ကုန်လို မြို့ကြီးတင်မဟုတ်ဘဲ တခြားမြို့တွေမှာပါ ဆောက်လာကြတာ ကောင်းပါတယ်။ ဒီလို ဆောက်တဲ့အတွက် အဲဒီစီမံကိန်းတွေ ပြီးသွား တဲ့အခါကျရင် ဒီမြို့တွေ ဖွံ့ဖြိုးတိုးတက်လာ သလို၊ အိမ်ခြံမြေဈေးကလည်း ဒီစီမံကိန်းတွေ ရဲ့အရှိန်ကြောင့်လည်း ဈေးတွေကောင်းလာနိုင် တယ်။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေလည်း ကောင်းလာနိုင် တယ်။ ဒါပေမဲ့ ဒီလိုစီမံကိန်း တွေက ဒီနှစ်ပိုင်းတွေလောက်မှစတာဆိုတော့ ဈေးကွက်ရဲ့အခြေအနေကိုတော့ ပြီးအောင်စောင့်ကြည့်မှ သိနိုင်မှာပါ" ဟု ဖီးနစ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုထွန်းထွန်း က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties