By EMG, Shweproperty.com
Updated at 10 December 2013
အဆောက်အအုံ ဆောက်လုပ်ခွင့်နှင့် ပြီးစီးမှုလျှောက်လွှာ လျှောက်ထားမှုကို Online System ဖြင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ အင်ဂျင်နီယာ အဆောက်အအုံဌာနမှူး ဦးမောင်မောင်ဇော်၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမတွင် ပြုလုပ်သည့် One Stop Services (OSD) နှင့် E-government ဆောင်ရွက်ထားမှုအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ၤFree Application Online Service ကို စတင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနကနေ လုပ်ဆောင်ပေးမှာ ဖြစ်ပြီးတော့ ချက်ချင်း အကြောင်းပြန်ကြားပေးမှာ ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ မြေယာပိုင်း ဝန်ဆောင်မှုတွေကိုတော့ အွန်လိုင်းကနေတစ်ဆင့် စတင်လျှောက်ထားလို့ ရပါပြီ'' ဟု ယင်းကဆိုသည်။
အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရာတွင် www.ycdc.com.mm တွင် ဝင်ရောက် လျှောက်ထားနိုင်ပြီး ၂၀၁၃ ခုနှစ် မတ် ၈ ရက်မှစ၍ ပိုင်ဆိုင်မှု ပြောင်းလဲခြင်းမရှိသည့် မြေအမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားသည့် မြေပုံကူး အမှုတွဲများ၊ မြေအမည်ပေါက် စစ်ဆေးခြင်းတို့ကို အွန်လိုင်းစနစ်ဖြင့် စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ စမ်းချောင်း၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ တာမွေ၊ လှိုင်၊ ကမာရွတ်၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်များတွင် ဆောင်ရွက်ပေးလျက်ရှိပြီး မြေပုံကူး ဝန်ဆောင်မှု လုပ်ငန်းများကို ရှေးဦးစီမံချက်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ လက်ရှိတွင် အဆောက်အအုံဆောက်ရန် မြေပုံကူးခြင်း၊ အဆောက်အအုံအကြီးစား ပြင်ဆင်ခြင်း၊ မြေပုံကူးခြင်း၊ ဘဏ်ချေးရန် မြေပုံကူးခြင်း၊ ခြံစည်းရိုးကာရန် မြေပုံကူးခြင်း၊ အဝီစိတွင်းတူးရန် မြေပုံကူးခြင်း၊ မှတ်တမ်းထားရန် မြေပုံကူးခြင်း၊ မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားခြင်း၊ ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားခြင်း၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ စွန့်လွှတ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန်၊ မေတ္တာဖြင့် အပိုင်ပေး မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန်၊ လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ မြေကွက်လဲလှယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နှင့် အမှားပြင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်တို့ကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties