By Sint Sint, Shweproperty.com
Updated at 26 February 2020
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ဆောက်လုပ်ရေး၊ အဆောက်အအုံအလှဆင် လျှပ်စစ်စွမ်းအင်ပြပွဲဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း (မန္တလေးတိုင်းဒေသကြီး) နှင့် C&D Group of Co.,Ltd. တို့ကြီးမှူးပြီး မန္တလေးမြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီး ဒုတိယဥက္ကဌ နှင့် C&D Group of Co.,Ltd. မှ ဒါရိုက်တာတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ပြပွဲအတွင်းနောက်ဆုံးပေါ် နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ စက်ယန္တရားကြီးများရဲ့ လက်တွေ့အသုံးဝင်ပုံတွေကိုလေ့လာနိုင်ခြင်း၊ စိတ်ကြိုက်အိမ်ပုံစံ 2D, 3D ဒီဇိုင်းပြပွဲရက်အတွင်းအခမဲ့ရေးဆွဲပေးခြင်း၊ မန္တလေးမြို့ရှိ တန်ဖိုးနည်းတိုက်ခန်းများကိုအရစ်ကျငွေချေ စနစ်ဖြင့်ဝယ်ယူနိုင်မည့်အခွင့်အလမ်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မီးစက်များ၊ ရေစုပ်စက်များကို အထူးဈေးနှုန်းဖြင့်ရောင်းချပေးရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
လျှပ်စစ်စွမ်းအင်ပြပွဲကို မန္တလေးမြို့တော်ခန်းမမှာကျင်းပခဲ့ပြီးနောက် ဆောက်လုပ်ရေးဆိုင်ရာ ညီနောင်အဖွဲ့များ၊ ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် MoU လက်မှတ်ရေးထိုးပွဲကိုလည်းကျင်းပခဲ့ပါတယ်။
ဆောက်လုပ်ရေး၊ အဆောက်အအုံအလှဆင်၊ လျှပ်စစ်စွမ်းအင်ပြပွဲကိုဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်၊ မနက် ၉နာရီမှ ည ၈ နာရီအထိကျင်းပပြသလျက်ရှိကြောင်းသိရပါတယ်။
Written By : Hnin Htet (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties