By The Trade Times, Shweproperty.com
Updated at 24 March 2015
ကန်ထရိုက်တိုက်များ ဆောက် လုပ်ရာတွင် ခွင့်ပြုအထပ် အမြင့် ထက် ပိုဆောက်ပါက ပေးဆောင်ရ မည့်ဒဏ်ကြေးကို တိုးမြှင့်လိုက်ခြင်း ကြောင့် လုပ်ငန်းကြန့်ကြာရသည် ဟူသော ကန်ထရိုက်တာများ၏ အကြောင်းပြချက်မှာ ခိုင်လုံခြင်း မရှိ ကြောင်း မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီအနေဖြင့် ကန် ထရိုက်တိုက် ဆောက်လုပ်ရာတွင် အထပ်မြင့် သုံးထပ်ခွဲသာ ဆောက် လုပ်ရမည်ဟု ပုံသေသတ်မှတ်ထား ခြင်းမှာ မြို့လယ်ကောင် မြို့နယ်များ အတွက်သာဖြစ်ပြီး ဆင်ခြေဖုံးမြို့ နယ်များတွင် ယင်းသို့ ပုံသေသတ် မှတ်ထားခြင်း မရှိကြောင်း မြို့တော် စည်ပင်မှ တာဝန်ရှိသူများက ပြော သည်။ ”စည်ပင်မှာက အထပ်မြင့် သတ် မှတ်တာတွေ ရှိပေမယ့် မြို့လယ် ကောင်နဲ့ ကမ်းနားမှာသာ အတိအကျ သတ်မှတ်ပေးတာရှိပြီး ကျန်မြို့နယ် တွေမှာတော့ မြေနေရာအနေအထား နဲ့လမ်းအကျယ်ကို ကြည့်ပြီး အထပ် မြင့်တွေ ခွင့်ပြုပေးနေပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံနှင့် မြေယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအခြေအနေအရ ဆင် ခြေဖုံးမြို့နယ်အချို့တွင် ကန်ထရိုက် သို့ အပ်နှံ၍ ဆောက်လုပ်သည့် လုပ် ငန်းအချို့မှာ ဆောက်လုပ်ရေးလုပ် ငန်းများ ရပ်ဆိုင်းထားရသည့်အခြေ အနေ ရှိနေသည်။ ထိုသို့ ရပ်ဆိုင်း ထားရခြင်းမှာ စည်ပင်က ခွင့်ပြုထား သည့် အထပ်မြင့်ထက် ပိုဆောက်ပါ က ပေးဆောင်ရန် သတ်မှတ်ထား သည့် ဒဏ်ကြေးကို ခုနစ်ဆနီးပါး တိုးမြှင့်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း ကန်ထရိုက်များက အကြောင်းပြကြ သည်။ ”အခုအရောင်းအဝယ်တွေက ပါးတော့ ငွေက တအား မြုပ်နေ တယ်။ နောက်ပြီး အထပ်ပိုအတွက် တစ်စတုရန်းပေကို ပေးရမယ့်ဒဏ် ကြေးက ခုနစ်ဆနီးပါး တိုးလိုက်တော့ ဆောက်ပြီဆိုတာနဲ့ ဒဏ်ကြေးက စပြီးဆောင်ရမှာ။ အဲဒါတွေကြောင့် အချိန်ကြာနေတာပါ”ဟု တောင် ဥက္ကလာပမြို့နယ်မှ ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးတင်မြင့်က ပြော သည်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် ကန် ထရိုက်တိုက် ဆောက်လုပ်ရန် တင်ပြ လာခြင်းများ၌ မြေပိုင်ဆိုင်မှု၊ လမ်း အကျယ်နှင့် မြေ၏ ခံနိုင်ဝန်တို့ကို ကြည့်ပြီး သင့်တော်သည့် အထပ် အမြင့်ကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ တင်ပြသည့် အချက်အလက် စုံလင် ပါက ဆောက်လုပ်ခွင့်ပြုမိန့်များ အချိန်တိုအတွင်း ချထားပေးလျက်ရှိ ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြေယာဌာန မှ သိရသည်။ သို့သော် အချို့သော ကန်ထရိုက် တာများက ခွင့်ပြုပေးထားသည့် အဆောက်အအုံအမြင့်ထက် အထပ် ပိုများ ဆောက်လုပ်လျက်ရှိရာ ¤င်း အထပ်ပိုများအား အရေးယူသည့် အနေဖြင့် ၂ဝ၁၃ ခုနှစ် နှစ်လယ် ပိုင်းလောက်မှ စတင်၍ စီမံချက်ဖြင့် ချမှတ်ဆောင်ရွက်ပြီး ပိုမိုဆောက် လုပ်ထားသော အထပ်အတွက် စီမံ ချက်ကာလအတွင်း အကျယ်အဝန်း တစ်စတုရန်းပေလျှင် ဒဏ်ကြေး ကျပ် ၂,၂ဝဝ ပေးဆောင်စေကြောင်း၊ စီမံချက်ပြီးသည့် ၂ဝ၁၄ ခုနှစ်၊ ဖေဖော် ဝါရီလနောက်ပိုင်းမှ စတင်၍ တစ် စတုရန်းပေလျှင် ဒဏ်ငွေ ကျပ် ၁၅,ဝဝဝ ပေးဆောင်ရန် သတ်မှတ် ကြောင်း သိရသည်။ ”သတ်မှတ်ပေးထားတဲ့ အထပ် မြင့်အတိုင်း ဆောက်မယ်ဆိုရင် ဒဏ် ကြေးဆိုတာ ပေးစရာ မလိုပါဘူး။ ဒါက သူတို့စည်းကမ်းဖောက်လို့ ပေး ရတာပါ။ စည်ပင်က သတ်မှတ်ပေး တဲ့အတိုင်း ဆောက်လုပ်မယ်ဆိုရင် အချိန်လည်း အဲဒီလောက်မကြာဘူး။ ကန်ထရိုက်တာတွေအနေနဲ့ ငွေကြေး အခက်အခဲနဲ့ အရောင်းအဝယ် ဆိုင်ရာ အခက်အခဲတွေကြောင့် အချိန်ဆွဲပြီး မဆောက်သေးဘဲ ထား တာက သူတို့အကြောင်းပြချက်နဲ့ သူ တို့ သဘာဝတော့ကျပေမယ့် မြေရှင် တွေဘက်က ကြည့်ရင်လည်း သူတို့ ဘက်မှာ အခက်အခဲရှိသွားမှာပဲလေ။ ကိုယ့်စီးပွားတစ်ခုတည်းကိုမကြည့် ဘဲ ကိုယ့်အကျုှိးတူ လုပ်ငန်းဖက် အတွက်ပါ ကြည့်ပေးသင့်တယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး က ပြောသည်။ အဆောက်အအုံ ဆောက်လုပ် ရန် ကန်ထရိုက်ထံ အလုပ်အပ်ထား သည့် မြေရှင်များအနေဖြင့် ၎င်းတို့ကို ကန်ထရိုက်များက စရန်သာ ချထား ပေးပြီး လုပ်ငန်းစတင်ခြင်း မရှိသေး သဖြင့် စောင့်ဆိုင်းနေရသည်များ ရှိသကဲ့သို့ ငှားရမ်းနေထိုင်သူများ အတွက်လည်း မူလအဆောက်အအုံ အဖျက်ခံထားရခြင်းကြောင့် နေထိုင် ရေး အခက်အခဲများ ရှိနေကြောင်း၊ ကာလပေါက်ဈေးထက် ပြောင်းရွှေ့ စရိတ် ပိုမိုရရှိထားသော မြေရှင်များ ရှိသကဲ့သို့ ပြောင်းရွှေ့စရိတ်အနည်း ငယ်သာ ရရှိထားသူ မြေရှင်များ လည်းရှိကြောင်း သိရသည်။ ”ကန်ထရိုက်နဲ့ စာချုပ်ချုပ်တုန်း က ပြောင်းရွှေ့စရိတ် ၅၅ သိန်းပဲ ရတာ။ အခုအပြင်မှာ ငှားနေရတာပဲ ခြောက်လကျော်နေပြီ။ အိမ်ငှားခ တွေက ဈေးကြီးတော့ သူတို့ပေးတဲ့ ပိုက်ဆံ မလောက်ဘူး။ ကန်ထရိုက် အပ်မိတာတောင် မှားပြီလား မှတ်ရ တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဒေါ်အေးက ပြောသည်။ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလ အတွင်း ကန်ထရိုက်ထံအပ်နှံကာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ မြင့်တက်ခဲ့သော်လည်း ယခုနောက်ပိုင်း လုပ်ငန်းကြန့်ကြာမှု များနှင့် ရင်ဆိုင်နေရကြောင်း သိရ သည်။ ကန်ထရိုက်ထံ အပ်နှံကာ အဆောက်အအုံဆောက်လုပ်မှု များပြားသည့် မြို့နယ်များမှာ သင်္ဃန်း ကျွန်း၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊ တာမွေ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ အစရှိသည့် မြို့နယ်များလည်း ဖြစ် သည်။
Ref : The Trade Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties