By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 30 March 2018
ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုက ပိုမိုများပြားကြောင်း ဖေဖော်ဝါရီလထုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏စာရင်းတွင်ဖော်ပြထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုသည် ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြား ကုမ္ပဏီ နှစ်ခုက အမေရိကန်ဒေါ်လာ ၃၈ မီလီယံနီးပါး ရှိပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ကုမ္ပဏီ ၆၈ ခုက အမေရိကန်ဒေါ်လာ ၅၀၇ သန်းနီးပါး ရင်းနှီးမြှုပ်နှံမှုရှိကြောင်း DICA ၏စာရင်းတွင်တွေ့ရသည်။
ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် အိမ်ခြံမြေကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ၊ ကုန်ထုတ်လုပ်ရေး ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ နှင့် အခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စသည့် ကဏ္ဍများ အားလုံးတွင် ၆ ဒသမ ၅၁ ရာခိုင်နှုန်းသည် ဆောက်လုပ်ရေး ကဏ္ဍ၏ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောက်လုပ်ရေး ကဏ္ဍသည် ၀ ဒသမ ၀၅ ရာခိုင်နှုန်းသာရှိကြောင်း DICA ၏ စာရင်းတွင်ဖော်ပြထားသည်။
Written By : Shwe Kyaw (ShweProperty.com) Photo Credit : Builtbyemerald Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties