By 7daydaily, Shweproperty.com
Updated at 8 June 2015
ကန်ထရိုက်တိုက်ခန်းများ ဆက်မ ဆောက်နိုင်၍ မြေရှင်ကကန်ထ ရိုက်လုပ်ငန်းရှင်များအပေါ် တရား စွဲဆိုသည့်အရေအတွက် ပိုမိုများ ပြားလာနေကြောင်း ဆောက်လုပ် ရေးအသိုင်းအဝိုင်းမှ သတင်းရရှိ သည်။
နေ့စဉ်နိုင်ငံပိုင် သတင်းစာ များတွင် မြေရှင်များက ကန်ထ ရိုက်တာများသို့ အများသိစေရန် ကြေညာချက်များထုတ်ပြန်၍ တ ရားစွဲဆိုရန် ပြင်ဆင်သည့်အမှုများ လည်း ဆက်တိုက်ဖြစ်ပေါ်နေပြီး ကန်ထရိုက်တာအား မြေရှင်ကတ ရားစွဲဆိုရန် ကြေညာစာမှာ တစ် ရက်လျှင် နှစ်ဦးမှသုံးဦးအထိရှိ သည်။
‘‘ရှစ်လနဲ့ပြီးအောင်ဆောက် ပေးမယ်၊ ၁၀ လနဲ့ပြီးအောင် ဆောက်ပေးမယ်ဆိုပြီးကန်ထရိုက် နဲ့မြေရှင်စာချုပ်တွေချုပ်ကြ တယ်။ အခုဆက်ဆောက်ဖို့ငွေမရှိ တော့ တိမ်းရှောင်တဲ့ကန်ထရိုက် တွေ အရမ်းများလာပြီ’’ဟု မြမြင့် မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင် ကပြောကြားသည်။
အများစုမှာ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်တည် ဆောက်နိုင်ခြင်းမရှိသဖြင့် တရား စွဲဆိုကြခြင်း အများဆုံးဖြစ်ပြီးကန် ထရိုက်တာများဘက်က အကြောင်း အမျိုးမျိုးပြ၍ တိမ်းရှောင်နေကြ သည်ဟု တရားစွဲဆိုရန် ပြင်ဆင် နေသည့် ပုဇွန်တောင်မြို့နယ်မှမြေ ရှင်တစ်ဦးကပြောကြားသည်။
‘‘ကျွန်တော်ဆိုရင် ခွဲတမ်းရ ထားတဲ့အခန်းတွေကို ကြိုပွိုင့် ရောင်းထားတာတွေရှိတယ်။ အခု ကန်ထရိုက်က ဆက်မဆောက်ဘဲ ရှောင်နေတာ နှစ်လရှိသွားပြီ။ ဒါ ကြောင့် သတင်းစာထဲမှာ တရားစွဲ ဖို့ကြေညာလိုက်ပြီ။ ရပ်ကွက်ထဲ မှာ ကျွန်တော့်လိုပဲ ခံလိုက်ရတဲ့ မြေပိုင်ရှင်တစ်ဦးရှိသေးတယ်’’ဟု အထက်ပါမြေရှင်ကဆိုသည်။
မြေရှင်များဘက်တွင်လည်း ကြိုပွိုင့်အဖြစ် ၎င်းတို့ခွဲတမ်းရရှိ သည့် အခန်းများကို ရောင်းချထား ပြီး ဝယ်ယူထားသူများအား ပြန် လည်ဖြေရှင်းပေးနေရသည်ဟု ဆို သည်။ ကန်ထရိုက်လုပ်ငန်းအများစုမှာ လွန်ခဲ့သည့် ၂ ,နှစ်၊သုံးနှစ်ခန့်က ဝယ်ရောင်းသမားများနှင့်ချိတ်ဆက်ပြီး ဈေးကွက်အတွင်းအရောင်းအဝယ်ကောင်းခဲ့သော ကြောင့် ကန်ထရိုက်လုပ်ငန်းများ အားကောင်းခဲ့သည့်အချိန်များဖြစ် သော်လည်း ၂၀၁၅ နှစ်ဆန်းတွင် တိုက်ခန်း အရောင်းအဝယ်များ ဆက်တိုက် ကျဆင်းသွားခြင်း ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအထိနာခဲ့ရသည်။
‘‘အဓိကကတော့ ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်တဲ့ ပြဿနာတွေ စဖြစ်နေတဲ့သဘောပါ’’ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအေး လင်းကပြောကြားသည်။
ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ခေတ်ကောင်းစဉ်က အကျိုးအမြတ် ဖြစ်ထွန်းလွယ် သည့် ဆောက်လုပ်ရေးလုပ်ငန်း ဘက်သို့ အခြားလုပ်ငန်းရှင်များက နားမလည်ဘဲ ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် ယခုကဲ့သို့ ဈေးကွက်မတည်မငြိမ် ဖြစ်ခဲ့ရသည်ဟု ဦးအေးလင်းက ထောက်ပြပြောသည်။
လက်ရှိတရားစွဲဆိုမှုများတွင် မြေရှင်များဘက်က ကန်ထရိုက် များသို့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်နိုင်ခြင်း မရှိသဖြင့် စာချုပ်ဖောက်ဖျက်မှုနှင့် တရားစွဲဆိုကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မတည် ဆောက်ပါက မြေရှင်က တရားစွဲ ဆိုခြင်းအပြင် မြို့တော်စည်ပင်သို့ တိုင်ကြားပါက ကန်ထရိုက်ကို ဆောက်လုပ်ခွင့်လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူနေပြီဟု အင် ဂျင်နီယာနှင့်အဆောက်အအုံဌာန မှ အရာရှိတစ်ဦးက မှတ်ချက်ပေး သည်။‘‘ကြိုပွိုင့်ကိုတော့ လုံးဝအား မပေးချင်ဘူး။ လေထဲကတိုက်ကို ဝယ်ရတဲ့အတွက် တရားတပေါင် ရင်ဆိုင်ရရင် အားနည်းချက်တွေ အများကြီးရှိတယ်’’ ဟု စိုင်းခွန် နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ပြောကြားသည်။
ယခုဖြစ်ပွားနေသည့် ပြဿ နာမှာ ဈေးကွက်တွင် ဝယ်လိုအား နှင့် ရောင်းလိုအား မမျှတခြင်း ကြောင့် ဈေးကွက် မတည်ငြိမ်ရ ခြင်းဖြစ်ပြီး အမှန်တကယ်ဝယ်လို အား ရှိ၊ မရှိကို ဈေးကွက်တွင် သု တေသနပြုပြီးမှသာ ဆောက်လုပ် သင့်ကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း က အကြံပြုပြောကြားထားသည်။
ဆောက်လုပ်ရေးကန်ထရိုက် တာများ၏ ငွေကြေး လည်ပတ်မှု အားနည်းလာသောကြောင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်က ကန်ထရိုက်တိုက် အလုံး ၄၀ ကို လုပ်ငန်းဆက်လက် လည်ပတ်ရန် ငွေချေးပေးလျက်ရှိသည်။
Ref : 7daydaily
Poseted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties