By The Trade Times, Shweproperty.com
Updated at 12 June 2015
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ရန် လိုအပ်သည့်အပြင် ငွေ ကြေးအင်အား အရင်းအနှီး လုံလုံ လောက်လောက် ရရှိပါက အများ ပြည်သူတို့ကို ရောင်းချပေးနေသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများတွင် ပါဝင်သည့် တိုက်ခန်းများ၏ ဈေးနှုန်း များကို ယခုထက် ထပ်မံလျှော့ချ ရောင်းချသွားနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သတင်းရရှိသည်။
”ဆောက်လုပ်ရေးပစ္စည်းတွေ ကို ဈေးသက်သက်သာသာနဲ့ရမယ်။ အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး ငွေကြေးအလုံအလောက်ရမယ်ဆိုရင် တန်ဖိုးတွေ လျော့သွားနိုင်သလို ဈေးလည်း လျှော့ပြီး ရောင်းပေးနိုင် မှာပါ”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၏ ၈ဝ ရာခိုင်နှုန်းမှာ ပြည်ပမှ မှာယူတင်သွင်း အသုံးပြု နေရသည့်အပြင် လတ်တလော မြင့်တက်နေသည့် အမေရိကန်ဒေါ် လာတန်ဖိုး ခိုင်မာကာ မြန်မာကျပ် ငွေခိုင်မာမှု ကျဆင်းလာသည့်အနေ အထားကြောင့် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် ပစ္စည်း များ၏ ဈေးနှုန်းမှာ နေ့စဉ်ရက်ဆက် ဆိုသလို ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
ယခုလက်ရှိ အနေအထားမှာ အိမ်ခြံမြေဈေးနှုန်းကျဆင်းနေသည့် အတွက် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းများအများစု လုပ်ငန်းများ ရပ်တန့်ထားကြသည့်အတွက်လည်း ဆောက်လုပ်ရေးပစ္စည်းများ ပြည်ပမှ မှာယူအသုံးပြုမှု နည်းပါးနေပြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက် လုပ်နေသည့် အိမ်ရာစီမံကိန်းများ သာ ဆက်လက်လုပ်ကိုင်နိုင်သည့် အခြေအနေတွင် ရှိနေသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူ တို့ကို ရောင်းချပေးနေသည့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းရှိ တိုက်ခန်း များကို အနည်းဆုံး ကျပ်သိန်း ၁၂ဝ နှုန်းဖြင့် ရောင်းချပေးလျက် ရှိသဖြင့် အိမ်ရာလိုအပ်လျက်ရှိသော ဝင်ငွေ နည်း ဝန်ထမ်းများနှင့် လက်လုပ် လက်စား အများပြည်သူ လက်လှမ်းမီ နိုင်ရန် ခက်ခဲလျက်ရှိသည်။
”ဒေါ်လာဈေးမြင့်တက်လာလို့ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေး တက်နေပေမယ့် ပုဂ္ဂလိကကုမ္ပဏီ အများစုက ဆောက်လုပ်တာတွေ ရပ်နားထားကြလို့ ဈေးတက်တာ တော်တော်ခံသာနေတယ်လို့ ပြောရ မယ့် အခြေအနေရှိတယ်။ အားလုံး သာ အရင်လို ဝိုင်းဆောက်မယ်ဆိုရင် အခုလို ဒေါ်လာဈေး တက်ပုံနဲ့ဆို သံချောင်းတွေ၊ ဘိလပ်မြေဈေးတွေ တော်တော်မြောက်သွားနိုင်တယ်” ဟုလည်း ရွှေပြည့်စုံဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က သုံးသပ်ပြောကြား သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties