By Kumudra, Shweproperty.com
Updated at 30 May 2013
မိုးရာသီကာလ နေအိမ်အထပ်မြင့် အဆောက်အအုံတွေမှာ ကြံ့ခိုင်မှု အားနည်းချက်တွေ လျော့နည်းအောင် ဆောက်လုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ စည်းစနစ်တကျ ဆောက်လုပ်သွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
‘ရန်ကုန်က တိုက်တွေမှာ အုတ်နံရံတွေကို လေးလက်မခွဲ အုတ်ရိုးတွေနဲ့ ကာကြတာများတယ်၊ ပါးပါးလေးပဲ ကာကြတယ်၊ အုတ်နံရံတွေရဲ့ကြံ့ခိုင်မှု အားနည်းတာတွေက နည်းစနစ်မကျလို့ ပြဿနာတွေဖြစ်ကြတာ၊ စည်းစနစ်အတိုင်း လုပ်မယ်ဆိုရင် ပြဿနာ ဖြစ်ဖို့နည်းတယ်’လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ Joint General Secretary ဦးကိုကိုကြီးက ပြောပါတယ်။
ခံနိုင်ရည်ရှိဖို့
ရန်ကုန်မြို့အတွင်းမှာ ဆောက်လုပ်ထားတဲ့ အထပ်မြင့် အဆောက်အအုံတွေရဲ့ အုတ်နံရံတွေဟာ ခပ်ပါးပါးသာ ကာရံထားတဲ့အတွက်ကြောင့် နံရံအက်တာတွေ၊ မိုးတွင်းကာလ ရေစိမ့်တာတွေ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။
တိုက်အုတ်နံရံတွေကို လေးလက်မခွဲအုတ်ရိုးကိုစီရင် သတ်မှတ်ထားတဲ့ စည်းစနစ်အတိုင်း စီရင် ပြဿနာတွေ လျော့နည်းနိုင်တယ်လို့ သိရပါတယ်။ အုတ်စစီတဲ့အပိုင်းကစပြီး စည်းစနစ်ကျဖို့၊ အုတ်တစ်လုံးနဲ့ တစ်လုံးကြားမှာ ထည့်မယ့်မဆလာကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ထည့်ရမှာ ဖြစ်သလို နံရံတွေကို စနစ်တကျလုပ်မှ အတိုင်းအတာတစ်ခုအထိ ခံနိုင်မှာ ဖြစ်ပါတယ် ။ အချို့နေရာ အုတ်နံရံဆောက်ဖို့ အတွက် အုတ်စီလို့မရတဲ့အခါတွေမှာ အချုပ်ထည့် ပေးဖို့နဲ့ အကန့်လေးတွေဖြစ်အောင်လုပ်ပြီး အုတ်စီမယ်ဆိုရင် အုတ်နံရံအက်ကွဲမှုတွေ၊ ရေယိုစိမ့်မှုတွေ လျော့နည်းနိုင်မယ်လို့ သိရပါတယ်။
အရည်အချင်းပြည့်မှသာ
‘ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့လူတွေရဲ့ အရည်အချင်းတွေပြည့်မီဖို့လိုတယ်၊ မဟုတ်ရင် အရည်အသွေးတွေလဲ ကျဆင်းတတ်တယ်’လို့ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ ဦးဝင်းထွန်းက ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငွေလွယ်လွယ်ရလို့ ဝင်ရောင်လုပ်ကိုင်သူတွေ များလာရင် ဆောက်လုပ်တဲ့ တိုက်တွေရဲ့ အရည်အသွေး ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးပိုင်းတွေမှာ ဝင်ရောင်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ အရည်အသွေးတွေ တိုးတက်လာဖို့ လိုအပ်ပါတယ်။
အားလုံးမှာ တာဝန်ရှိ
မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးုလုပ်ငန်းတွေ တိုးတက်ဖို့အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ Joint General Secretary ဦးကိုကိုကြီးက ‘ဆောက်လုပ်ရေးလုပ်ငန်းတိုးတက်ဖို့ဆိုရင် ဆောက်လုပ်ရေးကဏ္ဍမှာပါနေတဲ့ လူအကုန်လုံးပေါ့၊ developer ၊ အင်ဂျင်နီယာ၊ suprevisor၊ လက်သမား၊ ပန်းရန်းစတဲ့ ပညာရှင်တွေ အကုန်လုံး မိမိတို့ရဲ့ ကဏ္ဍအလိုက် ကျွမ်းကျင်တဲ့အရည်အသွေးတွေနဲ့ ပါဝင်ဖို့လိုတယ်’လို့ ပြောပါတယ်။
အဓိက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုရဲ့ ကဏ္ဍအလိုက် ပါဝင်နေတဲ့သူတွေရဲ့ကျွမ်းကျင်မှုတွေရှိမှ ဆောက်လုပ်ရေးလုပ်ငန်းတွေတိုးတက်လာမှာ ဖြစ်ပါတယ်။
ကဏ္ဍအလိုက် ပါဝင်လာအောင် အာဏာပိုင်တွေဘက်ကလည်း ထိန်းကျောင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဓိက Lawenforcement လုပ်မှသာလျှင် တက်ကျွမ်းတဲ့သူတွေလည်း ပါဝင်လာမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးပိုင်း ကျွမ်းကျင်တဲ့ပညာရှင်အချို့က သုံးသပ်ကြပါသည်။
Ref : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties