By 7days daily, Shweproperty.com
Updated at 28 July 2014
တစ်နိုင်ငံလုံးတွင် မြေယာဈေးနှုန်းကြီးမြင့်နေခြင်းကို အဖြေ ရှာခြင်းနှင့် ထိန်းချုပ်ခြင်းများ ပြု လုပ်ရန် ဗဟိုအစိုးရက နိုင်ငံတော် အဆင့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ် ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အင် ဂျင်နီယာမှူးကြီး တစ်ဦးကပြော ကြားသည်။
‘‘မြေဈေးကြီးတဲ့ ကိစ္စက တစ်နေရာတည်းမှာ ဖြစ်နေတာ မဟုတ်ဘဲ တစ်နိုင်ငံလုံးဖြစ်နေ တာပါ။ ဒါကြောင့်ဒီကိစ္စကို အမြန်ဆုံး ဆွေးနွေးပွဲတစ်ခုလုပ်ပြီး ဆောင်ရွက်တော့မှာပါ’’ဟု အဆို ပါ အင်ဂျင်နီယာမှူးကြီးက ပြော သည်။
ယင်းဆွေးနွေးပွဲကို ယခုနှစ် အောက်တိုဘာမတိုင်မီ ပြုလုပ် ရန် စီစဉ်ထားပြီး ဗဟိုအစိုးရအပါ အဝင်သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ အရပ်ဘက်လူ့အဖွဲ့အစည်း မှ စီးပွားရေးပညာရှင်များ စုစည်း ပါဝင်လုပ်ဆောင်သွားမည်ဖြစ် ပြီး တစ်နိုင်ငံလုံး၏ မြေဈေးကြီး မြင့်မှုကို အဖြေရှာသွားမည်ဖြစ် ကာ လက်ရှိမြင့်တက်နေသည့် မြေဈေးကို ထိန်းချုပ်သွားရန်လည်းမူဝါဒအချို့ချမှတ်သွားရန် စီစဉ် နေကြောင်း အထက်ပါအင်ဂျင်နီ ယာမှူးကြီးကရှင်းပြသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ကြီး မြင့်လာသည့် မြေဈေးကို ထိန်း ချုပ်ရန် အစိုးရက ချမှတ်ခဲ့ရာတွင် မူဝါဒ အမျိုးမျိုး အောင်မြင်မှု နည်းပါးခဲ့၍အစိုးရက အခွန်စနစ်ဖြင့်သာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ ကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောသည်။
အိမ်ခြံမြေ လောကတွင် ကောလာဟလများကြောင့်သာ မကြာခဏအရောင်းအဝယ်အေး နေတတ်ပြီး စီမံကိန်းနေရာများရှိ ခြင်းကို ခန့်မှန်းဈေးခေါ်ရောင်းချမှု ဈေးကစားသူများအပြင် ဝယ်ယူ ပြီး ဈေးတက်ရန် မြေသိုလှောင်နေသူများကြောင့်လည်းဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်ကဆိုသည်။
ရန်ကုန်တွင် မြေဈေးအပါ အဝင် လူနေတိုက်ခန်းများ ဈေး နှုန်းကြီးမြင့်နေမှုမှာ တစ်ဦးချင်းစီ ၏ စီးပွားရေးမကောင်းခြင်းနှင့်ဝင် ငွေနည်းပါးခြင်းတို့ကြောင့်ဖြစ်ပြီး အစိုးရအနေဖြင့် တိုင်းပြည်၏ စီး ပွားရေးကောင်းမွန်လာအောင် လုပ်နိုင်မှသာ ဝယ်ယူနိုင်စွမ်းမြင့် မားလာနိုင်ကြောင်း၊ လက်ရှိရောင်းချနေသည့် အိမ်ရာများကိုမူ ဈေးနှုန်းလျှော့၍ မရောင်းချနိုင်သေးကြောင်း Three Friends ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုလေးကဆိုသည်။
Ref : 7 days Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties