By Trend Myanmar, Shweproperty.com
Updated at 26 October 2016
ဇွန်းနဲ့မွှေတာ၊ အပူချိန်ညှိတာ၊ ရေထည့်ပြီး ပါဝင်ပစ္စည်းတွေ ပေါင်းထည့်တာတွေက စားဖိုမှူးတစ်ယောက်အတွက် အခြေခံစကေးလ်တွေဆိုပေမယ့် ဒါတွေက စက်ရုပ်တစ်ခုအတွက်တော့ ရနိုင်ဖို့ အနည်းငယ် ပိုခဲယဉ်းပါတယ်။ ဒါပေမယ့် ချက်ပြုတ်ပြင်ဆင်မှုနဲ့ မီးဖိုချောင်လုပ်ငန်း တစ်ခေတ်ဆန်းစေ ဖို့အတွက် စီစဉ်ဆောင်ရွက်ထားနိုင်တဲ့ ဒီစက်ရုပ်လက်တစ်စုံအတွက်တော့ ပြသနာမဟုတ်ပါဘူး။
၂၀၁၇ မှာ အဆင့်မြင့်ဗားရှင်း စတင်ဖြန့်ဖြူးတဲ့အခါ သုံးစွဲသူတွေအနေနဲ့ ဖုန်းကနေတဆင့် ဟင်းအမျိုးအစားပေါင်း ၂,၀၀၀ ထဲကနေ ကြိုက်ရာ ရွေးချယ်နိုင်မှာဖြစ်ပြီး အလိုအလျောက်လည်ပတ်တဲ့ စက်ရုပ်လက်တံတွေကနေ ပြင်ဆင်ပေးမှာ ဖြစ်တယ်လို့ အဆိုပါစက်ရုပ်တီထွင်ဖန်းတီးတဲ့ ကုမ္ပဏီ Moley Robotics က ဆိုပါတယ်။ တကယ်လို့ ဒီစက်ရုပ် အောင်မြင်ဖြစ်မြောက်ခဲ့မယ်ဆိုရင် အလုပ်ကပြန်လာလို့ ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ဖို့ မိမိဖုန်းကနေ ခလုတ်လေးတစ်ချက် နှိပ်နိုင်မယ့် သဘောပဲ ဖြစ်ပါတယ်။
အလိုအလျောက် လည်ပတ်တဲ့ မီးဖိုချောင်မှာ အားလုံးဟာ အသင့်စီမံဆောင်ရွက်ထားပြီး အသုံးအဆောင်ပစ္စည်းတွေ ကောက်ယူ၊ ပြန်ထားတာ၊ ဟင်းတွေမွေပေးတာနဲ့ မီးဖိုမီး အပူချိန်အံကိုက်ချိန်ပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဖန်တီးရ အင်မတန်ခက်တဲ့ ဒီစက်ရုပ်လက်တံတွေဟာ လူလက်ကဲ့သို့ အမျိုးစုံလုပ်ရှားနိုင်အောင် တီထွင်ဖန်တီးဖို့ မော်တာ အလုံးရေ ၂၀၊ အဆစ်(အဆက်) ၂၄ ခုနဲ့ ဆင်ဆာ ၁၂၉ ခုု အသုံးပြုထားပါတယ်။ အချက်ပြုတ်လုပ်ငန်းစဉ်ကို စတိုဒီယိုမှာ လှုပ်ရှားမှုတစ်ခုချင်းစီ သွင်းယူထားတယ်လို့ သိရပါတယ်။
Corrnell တက္ကသိုလ်က သုတေသီတွေဟာ ကွန်ပျူတာပရိုဂရမ်နဲ့မဟုတ်ဘဲ စက်ရုပ်တွေကို အသံဖြင့် လမ်းညွန်ချက်တွေပေး သင်ကြားပေးပါတယ်။ ဘဝကို ပိုမိုအေးဆေးလွယ်ကူစေမယ့် စက်ရုပ်တွေနဲ့ အခြားနည်းပညာတွေကို အသုံးပြုဖို့က သူ့ရည်ရွယ်ချက်ဖြစ်တယ်လို့ Moley Robotics တည်ဆောင်သူ Mark Oleynik က ဆိုပါတယ်။
Ref & Photo Credit : Trend Myanmar
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties